ကမ္ဘာ့စတီးဈေးနှုန်းများ ကျဆင်း


21 August, 2022

ကမ္ဘာ့စတီးဈေးနှုန်းများ ကျဆင်း

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် မြင့်တက်လာသည့် ကမ္ဘာ့သံမဏိဈေးနှုန်းများသည် တရုတ်နိုင်ငံတွင် သံမဏိဝယ်လိုအား နိမ့်ကျနေပြီး ရုရှားမှ အာရှသို့ သံမဏိတင်သွင်းမှု တိုးလာခြင်းကြောင့် ကျဆင်းသွားကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) မှ ပြောကြားခဲ့ပါသည်။

အာရှဈေးကွက်တွင် သံမဏိဈေးနှုန်းများသည် ဇွန်လတွင် ၃.၂-၄.၉% ကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ၅.၂-၁၆.၃% ကျဆင်းခဲ့ပြီး  စျေးနှုန်းအတက်အကျ မတည်ငြိမ်ခြင်းများ လျော့ကျသွားကြောင်း FTI ၏ Thailand Iron and Steel Industry ကလပ် ဥက္ကဋ္ဌ Nava Chantanasurakon က ပြောကြားသည်။

အဆိုပါ ဈေးနှုန်းကျဆင်းမှုသည် တရုတ်နိုင်ငံ၏ Zero-Covid မူဝါဒကြောင့်ဖြစ်ပြီး ကူးစက်မှုဖြစ်ပွားသည့်မြို့များတွင် လော့ဒေါင်းချခဲ့သည်။ ထိုအခါ လုပ်ငန်းများ ယာယီပိတ်ထားရသဖြင့် စတီး လိုအပ်မှု လျော့ကျသည်။ ပထမနှစ်ဝက်အတွင်း စတီးဝယ်လိုအား တန်ချိန် ၅၀၁ သန်း လျော့ကျခဲ့သည်ဟု Mr Nava က ပြောကြားသည်။
တရုတ်ပြည်တွင်း လိုအပ်ချက် လျော့ကျနေစဉ် ပြည်ပသို့ တန်ချိန် ၃၄.၂ သန်း တင်ပို့ခဲ့ပြီး အများစုကို ဈေးအနိမ့်ဖြင့် ရောင်းချခဲ့သည်။


တရုတ်ပြည်တွင်း အခြေအနေကြောင့် သံမဏိ ဈေးကျရခြင်းအပြင် ရုရှားသံမဏိကြောင့်လည်း ဈေးကျစေခဲ့သည်။
ရုရှားသံမဏိများကို စီးပွားရေး ပိတ်ဆို့အရေးယူမှုများကြောင့် ဥရောပသို့ တင်ပို့ခွင့် မရခဲ့ချေ။ သို့ဖြစ်ရာ အာရှဈေးကွက်ထဲသို့ ယခင်ကထက် ပိုမိုတင်ပို့ခဲ့သည်ဟု Mr Nava က ပြောကြားသည်။

 "ကမ္ဘာ့စီးပွားရေးနှေးကွေးမှု၊ ငွေကြေးဖောင်းပွမှု၊ Covid-19 ဖြစ်ပွားမှုနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့ကြောင့် ယခုနှစ်မှာ ကမ္ဘာ့စတီးလ်ဝယ်လိုအား ကျဆင်းမယ်လို့ ကျွန်‌တော်တို့ မှန်းဆထားပါတယ်"ဟု ၎င်းက ပြောကြားသည်။

 ကမ္ဘာ့သံမဏိ ထုတ်လုပ်မှုတွင် တရုတ်နိုင်ငံသည် အများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသည် ဒုတိယအများဆုံး ဖြစ်သည်။ ၂ နိုင်ငံ စုစုပေါင်း သံမဏိတန်ချိန် ၁.၂ ဘီလီယံ ထုတ်လုပ်သည်။ ကမ္ဘာ့သံမဏိ ထုတ်လုပ်မှု စုစုပေါငါးတန်ချိန်၏ ၆၂% ကို ထုတ်လုပ်‌ခြင်း ဖြစ်ပါသည်။
 #MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U
Source: bangkokpost

Export, Import Global News Read 8788 times