တရုတ်နိုင်ငံပိုင် ရေနံချက်စက်ရုံများ ဒီဇယ်နှင့် ဓာတ်ဆီ ပြည်ပတင်ပို့မှု ရပ်ဆိုင်း


12 March, 2022

တရုတ်နိုင်ငံပိုင် ရေနံချက်စက်ရုံများား ဒီဇယ်နှင့် ဓာတ်ဆီ ပြည်ပတင်ပို့မှု ရပ်ဆိုင်း

တရုတ်အစိုးရက နိုင်ငံပိုင် ရေနံချက်စက်ရုံတွေကို စက်ရုံမှ ဧပြီလအတွက် ထုတ်လုပ်တဲ့ ဓာတ်ဆီနှင့် ဒီဇယ်ဆီတို့ကို ပြည်ပသို့ တင်ပို့ခြင်း မပြုဖို့ ညွှန်ကြားထားပါတယ်။
စွမ်းအင်နှင့် စိုက်ပျိုးထုတ်ကုန်များ ဈေးတက်နေတာကို  ကိုင်တွယ်ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ 


ရေနံ၊ သဘာဝဓာတ်‌ငွေ့နှင့် ကျောက်မီးသွေး ထုတ်လုပ်မှုများကို တိုးမြှင့်ထုတ်လုပ်ဖို့ အစီအစဉ် ချမှတ်ထားပါတယ်။  တင်သွင်းမှုများ ပုံမှန်တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဆောင်ရွက်ပြီး စွမ်းအင်ဖူလုံမှု ရရှိတာ သေချာအောင် ဆောင်ရွက်လျက် ရှိပါတယ်။

နိုင်ငံပိုင် ရေနံချက်လုပ်သန့်စင် စက်ရုံများကို နောက်လ(ဧပြီလ)မှာ ဒီဇယ်နှင့် ဓာတ်ဆီ ပြည်ပတင်ပို့မှု ရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။

"သီးခြားရပ်တည်လုပ်ကိုင်တဲ့ ရေနံချက်စက်ရုံများမှာ ရေနံရရှိနိုင်မှု လျော့ကျနေပြီး ရေနံစိမ်းဈေး မြင့်တက်နေတာကို ရင်ဆိုင်နေကြရလို့ ထုတ်လုပ်မှု လျော့ကျသွားခဲ့ရင် နိုင်ငံပိုင် ရေနံချက်စက်ရုံများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီများဖြင့် လိုအပ်ချက်ကို ဖြည့်တင်း‌ပေးနိုင်စေဖို့အတွက် ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်" လို့ အမည်အသိမပေးစေလိုသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံက ကမ္ဘာ့ရေနံအများဆုံးတင်သွင်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူကျော်တဲ့အပေါ် ပြစ်တင်ရှုံ့ချခြင်း မပြုတဲ့အတွက် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုမှာ ကြားနေအဖြစ် အနေအထားရယူဖွယ် ရှိတာကြောင့် ရုရှားရေနံကို ဆက်လက် ရယူဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ 

သို့သော် ပြည်တွင်း စွမ်းအင်ဖူလုံစေရေးအတွက် ပြည်ပမှ တင်သွင်းတဲ့ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုူန်းများ မြင့်မားနေခြင်းက စိုးရိမ်စရာ ဖြစ်နေကြောင်း National Development and Reform Commission (NDRC) မှ တွဲဘက်ညွှန်ကြားရေးမှူး Lian Weiliang က ပြောကြားခဲ့ပါတယ်။ 

ကျောက်မီးသွေး ထုတ်လုပ်မှု တိုးမြှင့်ခြင်းအပြင် ရေနံနှင့် ရေနံထွက်လောင်စာဆီများ အရန်သိုလှောင်မှု ပမာဏ မြှင့်တင်ရန်  "major petroleum reserve project" စီမံကိန်းများ အကောင်အထည် ဖော်မယ်လို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

Energy News Global News Read 534 times