သီရိလင်္ကာ စတော့အိပ်ချိန်း တစ်ပတ်ရပ်နားထားမည်


17 April, 2022

သီရိလင်္ကာ စတော့အိပ်ချိန်း တစ်ပတ်ရပ်နားထားမည်

သီရိလင်္ကာနိုင်ငံ စီးပွားရေး အကျပ်အတည်း ပိုနက်ရှိုင်းလျက် ရှိရာ၌ စတော့ဈေးကွက် ပြိုလဲမည့် အရေး ရှိနေသဖြင့် သီရိလင်္ကာ စတော့အိပ်ချိန်းကို တစ်ပတ်ရပ်နားထားရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။ 
ရိုးရာဓလေ့ ထုံးတမ်းအရ နှစ်သစ်ကူးကာလတွင် သီရိလင်္ကာနိုင်ငံသည် ပြည်ပကြွေးမြီများ အတိုးနှင့် အရင်း ပေးဆပ်စရာ ရှိသည်များကို ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ  International Monetary Fund နှင့် ဝါရှင်တန်မြို့တွင် ဧပြီလ ၁၈ ရက် တနင်္လာနေ့တွင် ဆွေးနွေးရန် စီစဉ်ထားသည်။
နိုင်ငံခြားငွေ လက်ကျန် အလွန်နည်းနေသဖြင့် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်သော သွင်းကုန်များအတွက် ပေးချေရန် နိုင်ငံခြားငွေ ပြတ်လပ်နေသည်။

ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၅၁ ဘီလျံ ရှိပြီး ယခု ပေးဆပ်ရမည့် တိုးရင်းပေါင်း အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါး ရှိသည်။ ယခုနှစ် တစ်နှစ်တာအတွက် တိုးရင်းပေါင်း အမေရိကန်ဒေါ်လာ  ၈.၆ ဘီလျံနီးပါး ပေးဆပ်ရမည် ဖြစ်သည်။ 


၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း စီးပွားရေး အဆိုးဝါးဆုံး အခြေအနေ ဆိုက်ရောက်နေသည်။ 
ဒီဇယ်ဆီ မရှိသဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်ထားရပြီး ပုံမှန်မီးပျက်နေသည်။
စားစရာနှင့် လောင်စာဆီ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများ မြင့်မားနေသည်။


လူဦးရေ ၂၂ သန်း ရှိသော သီရိလင်္ကာနိုင်ငံတွင် သမ္မတနှုတ်ထွက်ပေးရန် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည်။ 
စတော့ဈေးကွက် ပြိုလဲမည့် အရေး ရှိနေသဖြင့် Colombo Stock Exchange (CSE) မှ တာဝန်ရှိသူများကို ပွဲစားများနှင့် ရင်းနှီးမြှုပ်နှံသူများက နှစ်သစ်ကူးကာလအပြီးတွင် စတော့အိပ်ချိန်း ပြမ်မဖွင့်ရန် ဖိအားပေးနေကြသည်။  သို့ဖြစ်ရာ ဈေးကွက်ကို ထိန်းပေးနိုင်မည် မဟုတ်သဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ သီတင်းပတ် တစ်ပတ် ယာယီပိတ်ထားမည်ဟု ကြေညာထားသည်။ 

 နှစ်သစ်ကူးကာလ ရဘဏ်ပိတ်ရက်ရှည်မတိုင်ခင် နောက်ဆုံးနေ့ ဖြစ်သော ဧပြီ ၈ ရက် သောကြာနေ့တွင် ဗဟိုဘဏ်က အတိုးနှုန်းကို ၁၄.၅% သို့ တိုးမြှင့် သတ်မှတ်ခဲ့သည်။ 

ကြီးမားသော ပြည်ပကြွေးမြီများကို လျော့ပျေါ့ပူရန် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရချေ။ အိန္ဒိယနှင့် တရုတ်တို့က ကြွေးမြီကို လျော့ပေါ့မပေးကြဘဲ ချေးငွေအသစ် ထပ်ယူရန်အတွက် ကမ်းလှမ်းခဲ့ကြသည်။ ထိုချေးငွေသည် ငွေထုတ်ချေးခြင်း မဟုတ်ဘဲ လိုအပ်သည့်ကုန်စည်များကို ၎င်းတို့ထံမှ အကြွေးဝယ်ယူခွင့် ပေးသည့် ချေးငွေ များ ဖြစ်သည်။ 

အိန္ဒိယက အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံဖိုး အကြွေးဖြင့် ကုန်စည်များ ရောင်းချပေးမည်။ ဆန်တန်ချိန် ၅ သိန်း အကြွေးဖြင့် ရောင်းချပေးမည်။ လောင်စာဆီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး အကြွေးဖြင့် ရောင်းချပေးမည်။

နိုင်ငံသုံးငွေ ရူပီသည် အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ပြီးခဲ့သည့် တသ်လတာအတွင်း ၃၅% တန်ဖိုးကျဆင်းခဲ့သည်။

Investment/Divestment Global News Read 799 times