ကမ္ဘာဘဏ် အကူအညီ သီရိလင်္ကာ ရရှိ


24 April, 2022

ကမ္ဘာဘဏ် အကူအညီ သီရိလင်္ကာ ရရှိ

 

စီးပွားရေး ဂျုံးဂျုံးကျနေတဲ့ သီရိလင်္ကာနိုင်ငံက ကမ္ဘာဘဏ်ထံမှ အကူအညီ အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၆၀၀ အထိ ရရှိမှာ ဖြစ်ပြီး တိုင်းပြည်မှာ လိုအပ်နေတဲ့ဆေးဝါးများ၊ မရှိမဖြစ် လိုအပ်တဲ့ ကုန်စည်များ ဝယ်ယူရန်အတွက် သုံးစွဲရမှာ ဖြစ်ပါတယ်။

သီရိလင်္ကာ ဘဏ္ဍာရေး ဝန်ကြီး Ali Sabri က အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ နိင်ငံတကာငွေကြေးရန်ပုံငွေ IMF နှင့် တွေ့ဆုံဆွေးနွေးဆဲ ဖြစ်ပါတယ်။ IMF ထံမှ အကူအညီပေးတဲ့ အစီအစဉ် လာဖို့က အချိန်အတိုင်းအတာတစ်ခု အထိ ကြာဦးမှာဖြစ်လို့ လောလောဆယ် ကမ္ဘာ့ဘဏ်က ကူညီပေးဖို့ သဘောတူတာဖြစ်ပါတယ်။

အိမ်နီးနားချင်းနိုင်ငံ အိန္ဒိယက လောင်စာဆီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး အကြွေးရောင်းချပေးပါတယ်။ အမေရိကန်ဒေါ်လာ ၁ ဘီလျံဖိုး အကြွေးဖြင့် ဆန်အပါအဝင် ကုန်စည်များ ရောင်းချပေးဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလျံဖိုး အကြွေးဖြင့် ရောင်းချပေးဖို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အရေးပေါ် အကူအညီ အမေရိကန်ဒေါ်လာ ၃၁ သန်းဖိုး ပေးဖို့ ကတိကဝတ် ပြုထားပါတယ်။ အကူအညီ‌ေချး‌ေငွ အစီအစဉ်မှာ ဆန်တန်ချိန် ၅,၀၀၀ ၊ ဆေးဝါး၊ ကုန်ကြမ်းပစ္စည်ူများ ပေးပို့ပေးမှာ ဖြစ်ပါတယ်။

တရုတ်ချေးငွေများဖြင့် အကောင်အထည်ဖော်တဲ့ စီမံကိန်းများထံမှ ဝင်ငွေမရရှိတာဟာ သီရိလင်္ကာ ကြွေးနွံနစ်စေတဲ့ အကြောင်းအချက်တစ်ခု ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ကြပါတယ်။

Banking & Loan Global News Read 7996 times