သီရိလင်္ကာ အကျပ်အတည်း  အခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနိုင်ဟု IMF အကြီးအကဲသတိပေး


19 July, 2022

သီရိလင်္ကာ အကျပ်အတည်း  အခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနိုင်ဟု IMF အကြီးအကဲသတိပေး

သီရိလင်္ကာသည် မကြုံစဖူးသော စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် အလားတူအခြေအနေမျိုး အခြားအာရှနိုင်ငံများသည်လည်း ကြုံတွေ့ နိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund  IMF မှ သတိပေးခဲ့သည်။

IMF မန်နေးဂျင်း ဒါရိုက်တာ Kristalina Georgieva ၏ အဆိုအရ အထူးသဖြင့် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုသည် ပိုမိုစွဲမြဲနေပါက ဘေးထွက်ဆိုးကျိုးများ ဆက်လက်ရှိနေမည်ဖြစ်ပြီး ပိုမိုနက်ရှိုင်းလာနိုင်သည်။
မြင့်မားသောကြွေးမြီများ ရှိနေပြီး မူဝါဒ မလှုပ်သာအောင် ကန့်သတ်ထားသောနိုင်ငံများသည် ထပ်တိုးသည့် ဝန်အပိုပိခြင်းများကို ရင်ဆိုင်ရမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 
သီရိလင်္ကာကဲ့သို့ အရင်းအနှီးများ စီးထွက်ကုန်သည်ကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း လေးလဆက်တိုက် ကြုံတွေ့ရသည်ဟု ၎င်းက သတိပေးသည်။ ရလဒ်အဖြစ် နိုင်ငံ စီးပွားရေး ပိုမိုမြင့်မားသော ကြီးထွားနှုန်း အထမြောက်ရန် အိပ်မက်များ ပျက်စီးကုန်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ ရှေ့ရောက်နေသည်ကို  ဆယ်စုနှစ် သုံးခု အမီလိုက်နေရာမှ နောက်ကြောင်းပြန်လှည့်သည့် အရေးကို ယခုအခါ ၎င်းနိုင်ငံများ ဒုက္ခကြုံနေရသည်။ အမီမလိုက်နိုင်တော့ဘဲ နောက်မှာ ပိုနောက်ကျကျန်ရစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ 

 သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး စီးပွားရေး အကျပ်အတည်းကို ကျွန်းနိုင်ငံ သီရိလင်္ကာ ကြုံနေရသည်။ အလွန်တရာ ကြီးမားသည် အကြွေးဝန်ထုပ်အတွက် ပေးဆပ်ရန် တာဝန်များ ရှိနေပြီး နိုင်ငံခြားသုံးငွေ ရန်ပုံငွေ ခန်းခြောက်နေသည်။ မရှိမဖြစ် ပစ္စည်းများ တင်သွင်းဖို့အတွက် မပေးချေနိုင်သဖြင့် တင်သွင်းနိုင်ခြင်း မရှိသောကြောင့်  မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်နေသည်။ လောင်စာ၊ ချက်ပြုတ်ရန် သဘာဝဓာတ်ငွေ့၊ ဆေးဝါးတို့ ဝယ်ယူဖို့ နိုင်ငံသားများသည် ရှည်ရှည်လျားလျား တန်းစီနေကြရသည်။ 
အကြွေးဆပ်ရန် ကန်ဒေါ်လာ ၅ ဘီလျံနှင့် အရန်ရန်ပုံငွေ ထားရှိရန် ကန်ဒေါ်လာ ၁ ဘီလျံ ရရှိဖို့  IMF ထံ အကူအညီတောင်းခံထားသည်။

သီရိလင်္ကာအခြေအနေများနှင့် အလားတူသော အခြေအနေများကို အာရှနိုင်ငံအချို့တို့တွင်လည်း ဖြစ်ပေါ်လာနေသည်ဟု IMF က သတိပေးပြောကြားသည်။ 
#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U
#republicworld

Industry Reviews Read 524 times