စက်သုံးဆီ တစ်ရက်စာသာ ကျန်ရှိဟု သီရိလင်္ကာ ဝန်ကြီးချုပ်အသစ် ပြောကြား


19 May, 2022

စက်သုံးဆီ တစ်ရက်စာသာ ကျန်ရှိဟု သီရိလင်္ကာ ဝန်ကြီးချုပ်အသစ် ပြောကြား

 

သီရိလင်္ကာ ဝန်ကြီးချုပ်အသစ်က စက်သုံးဆီလက်ကျန် တစ်ရက်စာသာ ကျန်ရှိကြောင်း ပြောကြားပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း အဆိုးဝါးဆုံး စီးပွားရေးအကျပ်အတည်းကို သီရိလင်္ကာနိုင်ငံ ရင်ဆိုင်နေရပါတယ်။

သီရိလင်္ကာ သမ္မတရဲ့အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda ပြီးခဲ့တဲ့အပတ်က ရာထူးမှ နုတ်ထွက်ခဲ့ပြီး Ranil Wickremesinghe က ဝန်ကြီးချုပ် အသစ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
Ranil Wickremesinghe က ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာတွင် လာမယ့်ရက်အနည်းငယ်အတွက် မရှိမဖြစ် လိုအပ်သော သွင်းကုန်များ တင်သွင်းရန် အမေရိကန်ဒေါ်လာ ၇၅ သန်း အရေးတကြီး လိုအပ်နေကြောင်း ပြောကြားပါတယ်။
ကာလရှည်ကြာ နိုင်ငံခြားသုံးငွေ မလုံလောက်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်ပြီး ငွေဖောင်းပွမှုတို့ကြောင့် ဆေးဝါးများ၊ လောင်စာဆီနှင့်တကွ မရှိမဖြစ် လိုအပ်သောအရာများ ပြတ်လပ်မှု ပြင်းထန်နေပါတယ်။

လောလောဆယ်မှာ ကျွန်‌ေတာ်တို့မှာ ဓာတ်ဆီလက်ကျန် တစ်ရက်စာသာ ရှိပါတယ်။  နောက်လာမယ့် လတွေဆို ကျွန်တော်တို့ဘဝများမှာ  အခက်ခဲဆုံးတွေ ဖြစ်လာလိမ့်မယ်" လို့ ၎င်းက ပြောကြားပါတယ်။

အိန္ဒိယမှ အကြွေးဖြင့် ရောင်းချပေးတဲ့ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ လာမယ့် ရက်အနည်းငယ်အတွင်း ဆိုက်ရောက်မယ်လို့ ၎င်းက ပြောကြားပါတယ်။

နိုင်ငံ့ဝန်ထမ်းများကို လစာ‌ပေးရန်နှင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ပေးဆောင်ရန်အတွက် ဗဟိုဘဏ်က ငွေစက္ကူ ရိုက်နှိပ်ရမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားပါတယ်။


"ကျွန်‌တော့ရဲ့ ကိုယ်ပိုင်သဘောထားများကိုဆန့်ကျင်ပြီး ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေဖို့ ကျွန်တော်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ငွေစက္ကူ ရိုက်နှိပ်တဲ့အတွက် ငွေတန်ဖိုး ကျဆင်းတယ်ဆိုတာ မလွဲမသွေ စိတ်ထဲ အမြဲသတိရကြပါ" လို့ Mr Wickremesinghe က ပြောကြားပါတယ်။ 

သီရိလင်္ကာ ဝန်ကြီးချုပ်အသစ် Ranil Wickremesinghe က  ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံပိုင်လေကြောင်းလိုင်း Sri Lankan Airlines ကို ပုဂ္ဂလိကကဏ္ဍသို့ ရောင်းချမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

 တိုင်းပြည်ဘဏ္ဍာရေး တည်ငြိမ်ဖို့ ကြိုးပမ်းအားထုတ်မှု တစ်ရပ်အနေဖြင့် Sri Lankan Airlines ကို ရောင်းချဖို့ အဆိုပြုခြင်းဖြစ်ကြောင်း Mr. Wickremesinghe က ပြောကြားပါတယ်။

"လေယာဉ်ပေါ်မှာ ခြေချနိုင်မှာ မဟုတ်တဲ့ ဆင်းရဲသားများရဲ့ အဆင်းရဲဆုံး ဆင်းရဲသားက အဲဒီ အရှုံး‌ပေါ်နေတာကို  ပါဝင်ပေးဆပ်နေရတာ မဖြစ်သင့်ပါဘူး" လို့   Mr. Wickremesinghe က ပြောကြားခဲ့ပါတယ်။

 

ဆက်စပ်ဖတ်ရှုရန် အပြာရောင်လင့်ကို ထိပါ
Sri Lankan Airlines ကို ပုဂ္ဂလိကကဏ္ဍသို့ ရောင်းချမှာ ဖြစ်ကြောင်း သီရိလင်္ကာ ဝန်ကြီးချုပ်အသစ် ပြောကြား

 

Global News Read 347 times