စင်ကာပူတွင် တစ်နှစ်တာ တရားဝင်ထီနှင့် အားကစား အပါအဝင် လောင်ကစားအတွက် စင်ဒေါ်လာ ၉.၂ ဘီလီယံ သုံးစွဲခဲ့


17 December, 2022

စင်ကာပူတွင် တစ်နှစ်တာ တရားဝင်ထီနှင့် အားကစား အပါအဝင် လောင်ကစားအတွက် စင်ဒေါ်လာ ၉.၂ ဘီလီယံ သုံးစွဲခဲ့
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

 


စင်ကာပူတွင် ရှိကြသူများသည် ၁၂ လတာ အတွင်း တရားဝင်ထီနှင့် အားကစာ လောင်းကစားအတွက် စင်ဒေါ်လာ ၉.၂ ဘီလီယံ သုံးစွဲခဲ့ကြသည်။
အွန်လိုင်းလောင်းကစားသည် အိမ်မှာ သက်တောင့်သက်သာဖြင့် လောင်းကြေးထပ်နိုင်သည်အထိ အဆင်ပြေချောမွေ့သဖြင့် ပိုမိုလွယ်ကူစွာ လောင်းကြေး ထိုးမိစေပါသည်။
.
၂၀၂၂ ခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့သော Tote Board ၏ နောက်ဆုံးဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း စင်ဒေါ်လာ ၉.၃ ဘီလီယံကို ထီနှင့် အားကစားများတွင် လောင်းကြေးပေးသွင်းခဲ့ကြပါသည်။ ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်း အများဆုံး စုစုပေါင်း ပမာဏ ဖြစ်ပါသည်။ 
နှိုင်းယှဉ်ကြည့်လျှင် ၂၀၂၁ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း စင်ဒေါ်လာ ၆.၆ ဘီလီယံကို ထီနှင့် အားကစားများတွင် လောင်းကြေးပေးသွင်းခဲ့ကြသည်ထက် ၄၀%ခန့် ပိုများပါသည်။ 
.
ကိုဗစ်စီမံချက်ကြောင့် ပိတ်ထားသော Singapore Pools ထီဆိုင်များကို ၂၀၂၀ ဇွန်လ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
.
The Straits Times ၏အဆိုအရ လူများလောင်းကစားရခြင်းအကြောင်းရင်းမှာ Singapore Pools အွန်လိုင်းလောင်းကစား ဝဘ်ဆိုက်မှာ  လောင်းကစားရန် လွယ်ကူမှုနှင့် လက်လှမ်းမီခြင်းတို့ကြောင့်ဟု ယူဆနိုင်သည်။
အထူးသဖြင့် ကိုဗစ် စီမံချက်ကာလတွင် Singapore Pools အွန်လိုင်း လောင်းကြေးထပ်ပုံကို သင်ယူတတ်မြောက်သူများ ပိုများလာခဲ့ပါသည်။ ထိုသို့ တတ်မြောက်ပြီးနောက် လွယ်ကူခြင်းကြောင့် မကြာခဏ လောင်းကစားဖြစ်သွားကြပါသည်။
.
 လောင်းကစားပြဿနာဆိုင်ရာ အမျိုးသားကောင်စီ National Council on Problem Gambling ၏ နောက်ဆုံးစစ်တမ်းတွင် အသက် ၁၈ နှစ်နှင့်အထက် စင်ကာပူနိုင်ငံသားများနှင့်  အမြဲတမ်းနေထိုင်သူများတွင် ၄၄% သည် ၂၀၁၉ ခုနှစ်တွင် အနည်းဆုံး လောင်းကစားပုံစံတစ်မျိုးမျိုးကို လောင်းကစားခဲ့ကြပါသည်။
၂၀၂၀ စစ်တမ်းအရ 4-D သည် ရေပန်းအစားဆုံဖြစ်ပြီး Toto က ဒုတိယရေပန်းအစားဆုံး ဖြစ်ပါသည်။
.
လော့ဒေါင်းအလွန်ကာလတွင် လောင်းကစားသမားများအတွက် လောင်းကစားပွဲများ အရှိန်အဟုန်ဖြင့် အရှိန်အဟုန်မြင့်လာခဲ့သည်။ မြင်းပြိုင်ပွဲ လောင်းကစားမှု များလာခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြန်လည် ကျဆင်းလာပါတယ်။ အကြောင်းမှာ လူငယ်လောင်းကစားသူများ စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။
.
ထီလောင်းကစားခြင်းသည် 4-D, Toto, Singapore Sweep တို့ ဖြစ်ပါသည်။
အားကစား လောင်းကစားခြင်းသည် ဘောလုံးပွဲနှင့် မြင်းပြိုင်ပွဲတို့ ဖြစ်ပါသည်။ 
ကာစီနိုလောင်းကစားခြင်းသည် Singapore Turf Club တွင် လောင်းကစားကြခြင်း ဖြစ်ပါသည်၊ 
Source The Straits Times

TO GET INSTANT UPDATE  
Join Telegram Channel 

https://t.me/Guid4U

Global News Read 2320 times