စင်ကာပူ လျှပ်စစ်ဓာတ်အားအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကွန်ရက်


27 September, 2023

စင်ကာပူ လျှပ်စစ်ဓာတ်အားအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကွန်ရက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စင်ကာပူနိုင်ငံမှ လျှပ်စစ်ဓာတ်အား ပြည်ပမှ တင်သွင်းမှုအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကွန်ရက်မှာ လာအိုမှ ရေအားလျှပ်စစ်၊ အင်ဒိုနီးရှားမှ ဆိုလာနှင့် လေအားလျှပ်စစ်တို့ပါဝင်ပြီး ဩစတေးလျမှ ဆိုလာစွမ်းအင်လည်း ပါဝင်လာနိုင်ပါသည်။

နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ သဘောတူညီချက်များ၏ ကွန်ရက်တစ်ခုသည်  ရုပ်ကြွင်းလောင်စာများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းမှ ဝေးရာသို့ ကူးပြောင်းရန် လုပ်ဆောင်နေသော အရှေ့တောင်အာရှတခွင် ဖြန့်ကျက်လျက်ရှိသည်။
၎င်းပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လျှပ်စစ်ဓာတ်အား ကွန်ရက် ဖြစ်တည်စေရန် အဓိကကျသည့် တွန်းအားမှာ ဓာတ်အား ဆာလောင်နေသည့် စင်ကာပူ ဖြစ်သည်။ 

စင်ကာပူသည် သုံးစွဲသည့် ဓာတ်အား၏ ၉၅% သည် သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်သော ဓာတ်အားဖြစ်သည်။ 

စင်ကာပူသည် ၂၀၃၅ ခုနှစ်တွင် ကာဘွန် ထုတ်လွှတ်မှု နည်းပါးသော နည်းလမ်းဖြင့် ထုတ်လုပ်ထားသည့် ဓာတ်အား ၄ ဂစ်ဂါဝပ် တင်သွင်းရန် ရည်မှန်းချက် ထားရှိသည်။ တနည်းဆိုရသော် ပြည်တွင်း ဓာတ်အားဖြန့်ဖြူးသည့် ပမာဏ စုစုပေါင်း၏ ၃၀%ကို ပြည်ပမှ တင်သွင်းမည် ဖြစ်သည်။
ဤရည်မှန်းချက်ကြီးသော အစီအစဉ်သည် ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရေးကုိ တိုးချဲ့နေသော အိမ်နီးချင်းနိုင်ငံများအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေသည်။

စင်ကာပူသည် ပြည်ပမှ ရေအားလျှပ်စစ်ဓာတ်အား တင်သွင်းခြင်းကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သည်ာ
လာအိုနိုင်ငံမှ ရေအားလျှပ်စစ်ဓာတ်အားကို ထိုင်းနှင့် မလေးရှားနိုင်ငံတို့၏ ဓာတ်အားလိုင်းများမှတစ်ဆင့် တင်သွင်းခဲ့သည်။
ယခုအခါ အင်ဒိုနီးရှားရှိ ဆိုလာစီမံကိန်း ၅ ခုထံမှ  လျှပ်စစ်ဓာတ်အား 2 GW တင်သွင်းရန် စီစဉ်နေသည်။ ထို့အပြင် အင်ဒိုနီးရှား ပင်လယ်ကမ်းစပ်ရှိ ရေပေါ်ဆိုလာ ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းထံမှလည်း ဝယ်ယူတင်သွင်းမည်။ 

ဩစတြေးလျအခြေစိုက် Sun Cable သည် ကန်ဒေါ်လာ ၁၉ ဘီလီယံ ကုန်ကျမည့်  Australia-Asia Power Link တည်ဆောက်မည်။ 
ဩစတြေးလျရှိ 20 GW ဆိုလာစက်ရုံမှ လျှပ်စစ်ဓာတ်အားကုိ ကီလိုမီတာ ၄,၂၀၀ အရှည်ရှိသော ရေအောက်ကေဘယ်ကြိုးမှတဆင့် စင်ကာပူသို့ ပေးပို့မည်ဖြစ်သည်။


မတ်လတွင် စင်ကာပူမှ Keppel Infrastructure Holdings သည် ကီလိုမီတာ ၁,၀၀၀ ကျော်ရှည်သော ရေအောက်ကေဘယ်ကြိုးမှတစ်ဆင့် ကမ္ဘောဒီးယားအခြေစိုက် Royal Group ထံမှ ပြန်လည်ပြည့်ဖြိုးမြဲဓာတ်အား 1 GW ဝယ်ယူရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

လာအိုနိုင်ငံတွင် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား၏ ၇၀ ရာခိုင်နှုန်းခန့်သည်  ရေအားလျှပ်စစ် ဖြစ်ပါသည်။ 
အကြမ်းဖျင်းအားဖြင့် လာအိုနိုင်ငံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏  ၈၀ ရာခိုင်နှုန်းကို ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ ရောင်းချသည်။ ၂၀၂၂ မှစ၍ စင်ကာပူသို့လည်း တင်ပို့သည်။
ကမ္ဘောဒီးယားသို့ ဓာတ်အားရောင်းချရန် ယခုနှစ်အတွင်း ဓာတ်အားလိုင်းများ တည်ဆောက်သည်။

လာအိုသည် ဓာတ်အားတင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်သည်။
ဗီယက်နမ်နိုင်ငံသည် ဓာတ်အား တင်သွင်းတင်ပို့သည့် နိုင်ငံဖြစ်သည်။ 
လေအားလျှပ်စစ်ထွက်ရှိမှုမှာ ခန့်မှန်းခြေအားဖြင့် 600 GW အထိ မြင့်မားနိုင်ပြီး နိုင်ငံတောင်ပိုင်းမှ စင်ကာပူသို့ လျှပ်စစ်ဓာတ်အား ပေးပို့ရန် စီစဉ်နေသည်။ 
ဗီယက်နမ်အလယ်ပိုင်းသည် အိမ်နီးချင်း လာအိုရှိ ဒေါ်လာသန်း ၉၅၀ လေအားလျှပ်စစ်စီမံကိန်းအသစ်မှ ဓာတ်အားရရှိရန် စီစဉ်ထားသည်။
လာအိုသည် ဗီယက်နမ် မြောက်ပိုင်းသို့လည်း ရေအားလျှပ်စစ် တင်ပို့သည်။ 

 Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 249 times