ရူပီးနှင့် ကုန်သွယ်ရန် မြန်မာ အပါအဝင် ၂၂ နိုင်ငံ အိန္ဒိယတွင် အထူးဘဏ်စာရင်းများ ဖွင့်လှစ်ထား


24 July, 2023

ရူပီးနှင့် ကုန်သွယ်ရန် မြန်မာ အပါအဝင် ၂၂ နိုင်ငံ အိန္ဒိယတွင် အထူးဘဏ်စာရင်းများ ဖွင့်လှစ်ထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

နိုင်ငံပေါင်း ၂၂ နိုင်ငံ မှ ဘဏ်များသည် ကန်ဒေါ်လာအစား ရူပီးဖြင့် ကုန်သွယ်မှုပြုလုပ်ရန်အတွက် အိန္ဒိယဘဏ်များတွင် အထူးရူပီး ဘဏ်ကိုယ်စားပြု ငွေစာရင်း vostro account များ ဖွင့်လှစ်ထားသည်။

ပြည်ထောင်စု (ပြည်ပရေးရာ)ဝန်ကြီး Rajkumar Ranjan Singh က အဆိုပါ ၂၂ နိုင်ငံစာရင်းကို ပါလီမန်သို့ တင်ပြခဲ့ရာ အောက်ဖော်ပြပါ နိုင်ငံများ ပါဝင်သည်။
ဘီလာရုစ်၊ ဘော့ဆွာနာ၊ ဖီဂျီ၊ ဂျာမနီ၊ ဂိုင်ယာနာ၊ အစ္စရေး၊ ကင်ညာ၊ မလေးရှား၊ မောရစ်သျှ၊ မြန်မာ၊နယူးဇီလန်၊အိုမန်၊ရုရှား၊ဆေးရှဲလ်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တန်ဇန်းနီးယား၊ ယူဂန်ဒါ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ ကာဇက်စတန်၊ ယူနိုက်တက်ကင်းဒမ်း (ယူကေ)။

"အိန္ဒိယအစိုးရသည် လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ရန်အတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အပါအဝင် အိန္ဒိယကုန်သွယ်မှုအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။" ဟု ၎င်းက အစီရင်ခံစာတွေ ရေးသားထားသည်။
အိန္ဒိယနိုင်ငံ ဗဟိုဘဏ်ဖြစ်သည့် Reserve Bank of India RBI သည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုတွင် ရူပီးဖြင့် ပေးချေနိုင်အောင် ယမန်နှစ်က လုပ်ထုံးလုပ်နည်းများကို စီစဉ်ပေးခဲ့သည်။ 
အိန္ဒိယမှ ပို့ကုန်များကို ရူပီးဖြင့် အဆိုပါနိုင်ငံများက ဝယ်ယူနိုင်အောင် စီစဉ်ပေးထားသည်။ အဆိုပါနိုင်ငံများမှ ပို့ကုန်များကို တင်သွင်းသည့်အခါ၌လည်း ရူပီးဖြင့် ပေးချေနိုင်မည် ဖြစ်သည်။ 

RBI သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင်  နိုင်ငံတကာကုန်သွယ်မှုအတွက် ငွေတောင်းခံလွှာနှင့် ငွေပေးချေမှုများကို ရူပီးဖြင့် ခွင့်ပြုခဲ့သည်။
အကယ်၍ နိုင်ငံတကာ ကုန်သွယ်မှုများတွင် ရူပီးဖြင့် ပေးချေသည်ကို ကမ္ဘာတစ်လွှား လက်ခံသည့် အဆင့်သို့ ရောက်ရှိခဲ့လျှင် ရူပီးသည် နိုင်ငံတကာ ငွေကြေး ဖြစ်လာမည် ဖြစ်သည်။
Source timesofindia

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Banking & Loan Export, Import Read 290 times