မြန်မာနိုင်ငံ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်း ကျဆင်းမှု နက်ရှိုင်းလာနေ


02 December, 2022

 

 

မြန်မာနိုင်ငံ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်း ကျဆင်းမှု နက်ရှိုင်းလာနေ

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

၂၀၂၂ ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


S&P Global မြန်မာ ထုတ်လုပ်မှု PMI™

မြန်မာနိုင်ငံ ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းတွင် ကျဆင်းမှု နက်ရှိုင်းလာနေခြင်း

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုမှာ နိုဝင်ဘာလတွင် ပိုလျင်မြန်စွာ ကျဆင်းလာနေခြင်း
  • အလုပ်နေရာ ဖြတ်တောက်ခံခဲ့ရသည်မှာ ပဉ္စမမြောက်လထဲ ဝင်လာခြင်း
  • ဈေးနှုန်း ဖိအားပေးမှုများမှာ မကြာမီက အောက်တိုဘာလ၏ အနိမ့်ဆုံးမှ ပြန်ကြီးထွားလာခဲ့ခြင်း


 


S&P Global ထံမှ PMI" နောက်ဆုံးဒေတာအရ မြန်မာနိုင်ငံ တစ်ဝန်း ထုတ်လုပ်ရေး အခြေအနေများသည် နိုဝင်ဘာလတွင် ဆုတ်ယုတ်လာခဲ့သည်မှာ သတ္တမမြောက်လ ဖြစ်လာပါသည်။

.

ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းက အခြေအနေ ဆိုးဝါးလာမှုမှာ PMI ထဲတွင် ပါဝင်ကြသည့် အစိတ်အပိုင်း ငါးခုအနက် သုံးခုဖြစ်ကြသော ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့်  အလုပ်နေရာများတို့တွင် ကျဆင်းမှု ပိုမြန်လာခြင်း၏ ရလဒ်ဖြစ်ပါသည်။ 

ဈေးနှုန်းများနှင့် ပတ်သက်ပြီးပြောရပါက လွန်ခဲ့သည့် စစ်တမ်းကာလတွင် သိသာစွာ အားပျော့သွားခဲ့သည့် ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ ပြန်ပြီး အရှိန်ရလာခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွန်းကိန်း PMI™ (ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွန်းကိန်း) တွင် ထုတ်လုပ်မှု တိုးလာခြင်း နှင့် ကျဆင်းလာမှုကို ပိုင်းခြားပေးသည့် တိုးခြင်း သို့မဟုတ် ကျဆင်းခြင်း အပြောင်းအလဲမရှိသည့် ကြားနေအမှတ်ဖြစ်သော ၅၀.၀ ထက် နိမ့်သည့် နေရာ ကျဆင်းသည့်ဘက်တွင် နိုဝင်ဘာလ အခြေအနေကို မှတ်တမ်းတင်ခဲ့ပါသည်။ 

အောက်တိုဘာလ၏ ၄၅.၇ မှ နိမ့်ဆင်းသွားလျက် ၄၄.၆ တွင် ရှိနေသော အညွှန်းကိန်းက ခုနစ်လကြာ လက်ရှိ ကျဆင်းမှုအစဉ်တွင် ဒုတိယအမြန်ဆုံး ကျဆင်းမှုကို ပြသနေပါသည်။

.

ဝယ်လိုအား ပျော့လာမှုက စက်ရုံ အော်ဒါများ နှင့် ထုတ်လုပ်မှု တိုးလာရေးကို အထောက်အကူ မဖြစ်ပါ။   ထို့အပြင် ထုတ်လုပ်မှုကဏ္ဍသည် ကုန်ကြမ်း ရှားပါးမှုများ နှင့် လျှပ်စစ်မီး ဖြတ်တောက်ခံရမှုများကို ရုန်းကန်နေရရာ ထုတ်လုပ်မှုအတွက် အခက်အခဲများ တိုးလာခဲ့ပြီး မပြီးပြတ်သေးသည့် လက်ကျန်အလုပ်စာရင်းများမှာ အမြန်ဆုံး စုပုံလာခဲ့ရာ၌ ဒေတာ ကောက်ခံလာခဲ့သည့် ခုနစ်နှစ် ကာလအတွင်း အမြန်ဆုံးနှုန်း ဖြစ်လာပါသည်။

.

အမှာစာများ ကျဆင်းလာခဲ့သည့်အလျောက် မြန်မာနိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီများသည် သတိထား လုပ်ကိုင်ခဲ့ရပြီး မိမိတို့ လက်ထဲရှိ လက်ကျန်စာရင်း တိုးလာမည်ကို ရှောင်ရှားလျက် စက်ရုံအများစုက သိုလှောင်ကုန်များကို ထုတ်သုံးလာခဲ့ကြပါသည်။ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ထားမှုများသည် စစ်တမ်း၏ နောက်ဆုံးလတွင် လျင်မြန်စွာကျဆင်းသွားခဲ့ပါသည်။

.

ထို့အပြင် ဝယ်ယူခဲ့သည့် သွင်းအားစုများ၏ ပမာဏကို ထပ်မံ လျှော့ချထားလိုက်ကြသည်။  

အမှာစာများကို ပြီးစီးအောင် လုပ်ကိုင်ကြရာ၌ လက်ထဲ ရှိနေသည့် လက်ကျန်များကို သုံးခဲ့ကြသည်။ ထို့အပြင် ယခုလအတွင်းတွင် ကျဆင်းမှုနှုန်းသည် မသိမသာ ပိုမြန်လာခဲ့သည်။

အဓိကအကျဆုံး အညွန်းကိန်း အပေါ်သို့ အလုပ်နေရာကပါ ဖိစီးခဲ့ပါသည်။ ထုတ်လုပ်ရေး အမှာစာများ နိမ့်ကျလာသည်နှင့်အမျှ ထုတ်လုပ်မှု ကုမ္ပဏီများသည် ဝန်ထမ်း အရေအတွက်ကို ပြန်ဖြတ်တောက်လျှော့ချခဲ့ကြသည်။ ထို့အပြင် အလုပ်သမားများက အခြားတစ်နေရာတွင် ပိုကောင်းသည့် အလုပ်ကိုရှာကြည့်ရန် အလုပ်မှ နှုတ်ထွက်မှုများ ရှိနေခြင်းကိုပါ လုပ်ငန်းအချို့က အစီရင်ခံထားကြသည်။ 

ထုတ်လုပ်မှု ကုမ္ပဏီများအကြားတွင် အလုပ်နေရာများ ကျဆင်းလာခဲ့သည်မှာ ယခုဆိုလျှင် ပဉ္စမလထဲသို့ ဝင်လာပြီဖြစ်လျက် လက်ရှိ အလုပ်ဖြတ်တောက်ခံရမှုမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာမှစပြီး အများဆုံး ဖြစ်ပါသည်။

.

ဝယ်လိုအား အခြေအနေ အားပျော့နေခြင်းက ဈေးနှုန်းများ၏ ဖိအားပေးမှုများကို စက်တင်ဘာတွင် မြင်ခဲ့ရသည့် စံချိန်တင်နှုန်းမှ သိသာစွာ ကျဆင်းလာစေခဲ့သော်လည်း နောက်ဆုံးလ၏ စစ်တမ်းက ထည့်ကုန် စရိတ်များနှင့် စက်ရုံရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုနှုန်းများ မြန်လာခြင်းကို ညွန်ပြနေပါသည်။ 

.

ကုန်ကြမ်းပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ကုန်ကျမှုများကို ကာမိစေရန် ရောင်းဈေးများကို ဆက်လက် မြှင့်တင်ပေးခဲ့ကြသည်။ ထို့အပြင် ငွေလဲလှယ်နှုန်းကို ထည့်တွက်နေရသောကြောင့် ဒေါ်လာအတွက် ကျပ်ငွေနှုန်း မြင့်တက်လာခဲ့ခြင်းကပါ ငွေကြေးဖောင်းပွမှု တိုးလာရေးကို တွန်းအားပေးခဲ့သည်။

.

ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ပါဝင်ဖြေကြားသူတို့က နိုဝင်ဘာလ အတွင်းမှာ ပစ္စည်းပေးသွင်းရန် ပျမ်းမျှ ကြာမြင့်ချိန်များ ရှေ့ဆက်တိုးလာခဲ့ကြောင်းနှင့် ကြာမြင့်ချိန်များ တိုးလာခြင်းသည့် အကြောင်းရင်းများအဖြစ် ပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်ကြမ်း ရှားပါးမှုကို အပြစ်ဖို့ကြသည်။ သို့သော်လည်း ကြာမြင့်ချိန် တိုးလာမှုမှာမူ ၁၄ လအတွင်း အနည်းဆုံး ဖြစ်ခဲ့သည်။

.

ထုတ်လုပ်မှုကဏ္ဍ တစ်ရပ်လုံး၏ စွမ်းဆောင်နိုင်ရည် ကျဆင်းလာခြင်းကြောင့် ယခုလတွင်ပါ ထုတ်လုပ်သူတို့၏ ယုံကြည်မှုမှာ အားနည်းလာခဲ့သည်။ ကုန်ကြမ်းရှားပါးမှုများ၊ လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ကျပ်ငွေနှုန်း ကျဆင်းလာမှုက မျှော်လင့်ချက်များ အပေါ်တွင် ဖိစီးနေခဲ့ရာ ပါဝင်ဖြေခဲ့ကြသူ ၃% တို့ကသာလျှင် လာမည့် ၁၂ လ အတွင်း ထုတ်လုပ်မှုကို တိုးချဲ့ နိုင်မည်ဟု မျှော်လင့်ကြပါသည်။

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-

.

"နောက်ဆုံး PMI ဒေတာက မြန်မာ ထုတ်လုပ်ရေး ကဏ္ဍရဲ့ စွမ်းဆောင်ရည် ဆိုးဝါးလာနေခြင်းကို အချက်ပြနေပါတယ်။ ဖောက်သည်များရဲ့ ဝယ်လိုအား ပျော့နေခြင်းက အော်ဒါများနှင့် ထုတ်လုပ်မှုကို ကန့်သတ်နေချိန်မှာ ကုန်ကြမ်း ရှားပါးမှုများနှင့် လျှပ်စစ် ပြတ်တောက်မှုများကဲ့သို့သော စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရသဖြင့် ကုမ္ပဏီများသည် ထုတ်လုပ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရုန်းကန်နေကြရပါတယ်။

.

"အဲဒါတွေအပြင် အောက်တိုဘာလမှာ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ သိသိသာသာကြီး လျော့နည်းသွားခဲ့သော်လည်း နိုင်ငံတကာ ကုန်စည် ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ကျပ်ငွေလဲလှယ်နှုန်း ကျဆင်းလာမှုမှာ စက်မှုကဏ္ဍအပေါ်တွင် ဆက်ပြီး ဖိစီးနေပါတယ်။

.

"နိုင်ငံရေး နောက်ခံအခြေအနေ တင်းမာလျက်ရှိနေချိန်မှာ ထုတ်လုပ်ရေး ကုမ္ပဏီများရဲ့ အနာဂတ် အလားအလာများမှာ မှောင်မိုက်နေပါတယ်။ စစ်အာဏာသိမ်းမှု နောက်ပိုင်း စီးပွားရေးအရ ပြန်နာလန်ထူဖို့ ရုန်းကန်ရင်း ကိုဗစ်-၁၉ ကူးစက်မှု အသစ်တဖန် တိုးလာခဲ့ခြင်းကို ကျော်လွှားဖို့ ကြိုးစားနေရချိန်မှာ ငွေကြေးဖောင်းပွမှုနှင့် အရေးယူပိတ်ဆို့မှုများ ပေါင်းဆုံမိလာတဲ့အတွက် မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍရဲ့ အနာဂတ်မှာ မှောင်မိုက်လျက် ရှိနေဦးမယ်လို့ ထင်မိပါတယ်"

S&P Global မြန်မာ ထုတ်လုပ်မှု PMI™

Industry Reviews Read 683 times