အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ ဆုတ်ယုတ်လာနေကြောင်း စက်တင်ဘာလ ဒေတာ ဖေါ်ပြ


02 October, 2023

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ ဆုတ်ယုတ်လာနေကြောင်း စက်တင်ဘာလ ဒေတာ ဖေါ်ပြ

TO GET INSTANT UPDATE 
Join Telegram Channel 
ttps://t.me/Guid4U

၂၀၂၃အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


အာဆီယံ ကုန်ထုတ်လုပ်မှု PMI သည် နှစ်နှစ်ကျော်အတွင်းမှာ ပထမအကြိမ် အကျဘက်ထဲသို့ လျှောဆင်းသွားခြင်း

အဓိကတွေ့ရှိချက်များ-

  • အဓိကအကျဆုံး အညွှန်းကိန်းသည် ဩဂုတ်လ၏ ၅၁.၀ မှ စက်တင်ဘာလတွင် ၄၉.၆ သို့ ကျဆင်းသွားခြင်း
  • ထုတ်လုပ်မှု တိုးလာခြင်းသည် အတော်အသင့်အဖြစ် နှစ်နှစ်အတွင်း နိမ့်ကျသွားခြင်း
  • အော်ဒါသစ်များ ယခုနှစ်ထဲ ပထမအကြိမ် ကျဆင်းလာခြင်း

 

ဒေတာကို စက်တင်ဘာ ၁၂-၂၅ ရက်နေ့များတွင် စုစည်းခဲ့သည်။ 

 

 

၂၀၂၁ ခုနှစ် အောက်တိုဘာမှစပြီး လစဉ်တိုးလာခဲ့ရာမှ စက်တင်ဘာဒေတာသည် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ ဆုတ်ယုတ်လာနေကြောင်းကို ဖေါ်ပြနေသည်။ 

ကုမ္ပဏီများသည် အော်ဒါအသစ်များ အသစ်တဖန် ကျဆင်းလာမှုကို အစီရင်ခံခဲ့ကြချိန်မှာ ထုတ်လုပ်မှုသည် နှစ်နှစ်အတွင်း အားအပျောဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။ ကုန်စည်ထုတ်လုပ်သူတို့သည် ဩဂုတ်လတွင် ဒသမဂဏန်းမျှ တိုးခဲ့သည့်နောက်မှာ မိမိတို့၏ အလုပ်သမား ဦးရေကို လျှော့ချခဲ့ကြပါသည်။

စက်တင်ဘာဒေတာက ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ တိုးလာနေခြင်းကိုပါ ညွန်ပြနေသည်။ စစ်တမ်းသမိုင်းစဉ် စံနှုန်းများအရ အားပျော့ခဲ့သည်ဟု ရှေ့ဆက်ဆိုနိုင်သော်လည်း ထုတ်လုပ်မှု စရိတ်ရော၊ ရောင်းဈေးများပါ လေးလနှင့် ငါးလအတွင်း အမြန်ဆုံး မြင့်တက်လာပါသည်။

အဓိကအကျဆုံး S&P Global အာဆီယံ ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) သည် စက်တင်ဘာလတွင် အညွန်းကိန်း ၄၉.၆ ဖြင့် ၂၅ လအတွင်း ပထမအကြိမ် အကျနယ်ပယ်ထဲသို့ လျှောဆင်းသွားခဲ့ပြီး ဩဂုတ်လ၏ ၅၁.၀ မှ နိမ့်ဆင်းသွားခဲ့ခြင်းဖြစ်ပါသည်။ 

စက်တင်ဘာလ အညွန်းကိန်းက လုပ်ငန်း အခြေအနေများ အသစ်တဖန် ဆုတ်ယုတ်လာမှုကို အချက်ပြနေခြင်း ဖြစ်သော်လည်း ခြုံပြောရလျှင် ဒသမဂဏန်းမျှသာ ဖြစ်ပါသည်။

အာဆီယံရှိ စစ်တမ်းအတွင်း အကျုံးဝင်ကြသည့် နိုင်ငံများအနက် လေးနိုင်ငံက စက်တင်ဘာလတွင် ၎င်းတို့၏ စက်မှုကဏ္ဍ အခြေအနေ ဆုတ်ယုတ်လာခဲ့ခြင်းကို အစီရင်ခံခဲ့ကြသည်။ . 

မလေးရှားနိုင်ငံသည် သုံးလဆက်တိုက် အားအကောင်းဆုံး ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ သက်ဆိုင်ရာ အညွန်းကိန်း ၄၆.၈ သည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ အမြန်ဆုံး ကျဆင်းမှုကို အချက်ပြနေသည်။

ဒုတိယ အဆိုးဝါးဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့သည့် နိုင်ငံမှာ စင်ကာပူ ဖြစ်ပြီး ထုတ်လုပ်သူတို့က စက်တင်ဘာလတွင် အသစ်တဖန် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ကြသည်။ 

သက်ဆိုင်ရာ အညွန်းကိန်း (၄၇.၃) သည် ခြုံကြည့်လျှင် ခိုင်မာသည့် ကျဆင်းမှုနှုန်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လမှစပြီး အမြန်ဆုံး ဖြစ်ပါသည်။ 


ထိုင်းနိုင်ငံသည် လုပ်ကိုင်မှု အခြေအနေများ ကျဆင်းလာမှုကို ဒုတိယမြောက်လ ဆက်တိုက် မှတ်တမ်းတင်ခဲ့ပါသည်။ ထို့အပြင် ကျဆင်းမှုမှာ စက်တင်ဘာလတွင် နက်ရှိုင်းလာခဲ့ပြီး PMI အညွန်းကိန်းသည် ၂၈ လတွင် အနိမ့်ဆုံး ၄၇.၈ သို့ နိမ့်ဆင်းသွားသည်။

PMI အညွှန်းကိန်း ၄၉.၇ ဖြင့် ဗီယက်နမ်သည် ထုတ်လုပ်မှု အခြေအနေများ ဒသမဂဏန်း ဆုတ်ယုတ်လာမှုကို မှတ်တမ်း တင်လိုက်သည်။ ဗီယက်နမ်အတွက် PMI ကို ကြားနေအမှတ် ၅၀.၀ အောက်တွင် မှတ်တမ်းတင်ခဲ့သည်မှာ စစ်တမ်း၏ ပြီးခဲ့သည့် ခုနစ်လအတွင်း ခြောက်လမြောက် ဖြစ်လာသည်။

လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ကြသည့် သုံးနိုင်ငံအနက် မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ အနှေးဆုံး ဖြစ်ခဲ့သည်။ 

အမှန်စင်စစ်တွင် တိုးထုတ်လုပ်မှုနှုန်းသည် ဩဂုတ်လထက် သိသာစွာ နှေးလာခဲ့ပြီး တိုးတက်မှုနှုန်းကို ဒသမဂဏန်းမျှသာ (PMI ၅၀.၁) ပြနိုင်သည်။

ဖိလစ်ပိုင်နိုင်ငံအတွင်း ထုတ်လုပ်သူတို့သည် နှစ်နှစ်အတွင်း ပထမအကြိမ် ဆုတ်ယုတ်မှု နောက်ပိုင်းတွင် အခြေအနေများ ပြန်လည် တိုးတက်လာနေခြင်းကို စက်တင်ဘာလတွင် အစီရင်ခံခဲ့ကြသည်။ သို့သော်လည်း တိုးတက်မှု နှုန်းမှာမူ ဒသမဂဏန်းမျှသာ ရှိခဲ့သည် (PMI ၅၀.၆)။ 


အားအကောင်းဆုံး တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်မှာ အင်ဒိုနီးရှားနိုင်င ဖြစ်ပါသည်။ သို့သော်လည်း ၎င်း၏ အဓိကအကျဆုံး PMI သည် လေးလအတွင်း အနိမ့်ဆုံး ၅၂.၃ သို့ ကျသွားခဲ့သည်။

ခြုံကြည့်လျှင် အဓိကအကျဆုံး PMI အညွန်းကိန်းက ၂၅ လအတွင်း ပထမဦးဆုံးအကြိမ် ကျဆင်းမှု နယ်ပယ်ထဲသို့ လျှောဆင်းသွားခဲ့ခြင်းဖြင့် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၂၃ ခုနှစ်၏ တတိယသုံးလပတ်ကို အားပျော့သည့် အခြေအနေမျိုးဖြင့် အဆုံးသတ်ခဲ့သည်။ 

ကျဆင်းမှုအတွက် အကြောင်းတချက်မှာ စက်ရုံအော်ဒါများ အသင့်အတင့်မျှ ကျဆင်းမှု ဖြစ်ခဲ့ပါသည်။ 

ရှစ်လကြာ တိုးမြှင့်ထုတ်လုပ်မှုနောက်ပိုင်း ကျဆင်းလာမှုဖြစ်သည်။ 

ပြည်ပတင်ပို့ရေးလုပ်ငန်းများ အသစ်တဖန် ရှေ့ဆက် ကျဆင်းလာမှုကပါ လုပ်ငန်း အမှာစာအသစ် စုစုပေါင်း ရရှိမှု အပေါ်တွင် ဖိစီးနေခဲ့သည်။ သို့ဖြစ်သောကြောင့် ထုတ်လုပ်မှု တိုးလာမှုသည် လက်ရှိ တိုးထုတ်လုပ်မှု နှစ်နှစ်ကြာ အစဉ်ထဲတွင် အားအပျော့ဆုံး ဖြစ်လာပါသည်။

ထို့ကြောင့် ဝယ်ယူရေး လုပ်ငန်းများသည် စက်တင်ဘာလတွင် တုန့်ဆိုင်းလာခဲ့ရာ ၂၀၂၁ အောက်တိုဘာမှ စတင်ခဲ့သည့် တိုးမြှင့်ထုတ်လုပ်မှု ကာလကို အဆုံးသတ်ပစ်လိုက်ပါသည်။ ထုတ်လုပ်သူတို့သည် ဝယ်ယူမှုအစား ၎င်းတို့၏ လက်ထဲရှိ လက်ကျန်များကို တိုးမြှင့်သုံးစွဲလာခဲ့ကြသည်။  

ထုတ်လုပ်မှုအကြို သိုလှောင်ကုန်များ ကုန်ခမ်းလာခဲ့သည်မှာ ခြောက်လအတွင်း ပထမအကြိမ် ဖြစ်လာပြီး သိုလှောင်ထားသည့် ကုန်ချောများမှာမူ ငါးလဆက်တိုက် ကျုံ့လာခဲ့ရာ နှစ်နှစ်နီးပါးအတွင်း အားအကောင်းဆုံးနှုန်း ဖြစ်လာသည်။

ထုတ်လုပ်သူတို့သည် မိမိတို့၏ လက်ကျန် အလုပ်များကို ဆက်ပြီး လျော့နည်းလာစေခဲ့ကြရာ ကိုးလအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့သည်။ 

မိမိတို့၏ လုပ်ငန်းများကို ထိန်းသိမ်းထားနိုင်အောင် ကုမ္ပဏီများသည် အော်ဒါအသစ်များ ရရှိခြင်း အသစ်တဖန် လျော့နည်းလာသည့်အတွက် အလုပ်နေရာများမှာ စက်တင်ဘာလတွင် မသိမသာ ကျဆင်းသွားသည်။

ယင်းအတောအတွင်း အာဆီယံ ထုတ်လုပ်သူတို့သည် စရိတ်စက ဝန်ထုပ်ဝန်ပိုးများ မြင့်တက်လာမှုကို ရင်ဆိုင်နေကြရသည်။ ထုတ်လုပ်မှု စရိတ်များသည် တဟုန်ထိုး မြင့်တက်လာခဲ့လျက် ဧပြီလမှစပြီး အမြန်ဆုံးနှုန်း ဖြစ်လာသည်။ ရောင်းဈေးများသည်လည်း အလားတူစွာ လေးလအတွင်း  အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာသည်။ 

 သို့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းမှာမူ လွန်ခဲ့သည့် နှစ်နှင့်စာလျှင် အတော်လေး နိမ့်ကျလျက် ရှိနေပါသည်။

ထည့်ကုန်များအတွက် ပစ္စည်းပေးသွင်းသူတို့၏ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ခုနစ်လဆက်တိုက် တိုတောင်းလာခဲ့ပါသည်။ ထို့အပြင် ကုမ္ပဏီများသည် လာမည့် ၁၂ လ အတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကောင်းမြင်လျက် ရှိမြဲရှိနေကြပါသည်။ ယုံကြည်မှု အဆင့်အတန်းမှာ ငါးလအတွင်း အမြင့်ဆုံးသို့ အားကောင်းလာသော်လည်း ရေရှည်ပျမ်းမျှထက် ဆက်လက်ပြီး နိမ့်ကျနေပါသည်။


သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

"အဓိကအကျဆုံး PMI ဟာ နှစ်နှစ်ကျော် ကာလအတွင်းမှာ ကြားနေအမှတ် ၅၀.၀ ထက် နိမ့်ကျသွားခဲ့တဲ့အတွက် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍဟာ စက်တင်ဘာလအတွင်း အားနည်းမှု လက္ခဏာများကို အသစ်တဖန် ပြသလာခြင်း ဖြစ်ပါတယ်။ လုပ်ငန်းအသစ်များဟာလည်း ဒီနေ့အထိ ၂၀၂၃ ခုနှစ်ထဲ ပထမအကြိမ် ကျလာခဲ့ချိန်မှာ ထုတ်လုပ်မှု တိုးလာတဲ့နှုန်းကတော့ ၂၄-လအတွင်း အနိမ့်ဆုံးသို့ အားနည်းသွားခဲ့ပါတယ်။

"ထို့အပြင် စစ်တမ်းထဲ ပါဝင်ကြတဲ့ အာဆီယံ ခုနစ်နိုင်ငံထဲက လေးနိုင်ငံတို့ဟာ လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာမှုကို မှတ်တမ်း တင်ခဲ့ကြပြီး အဲဒီထဲက နှစ်နိုင်ငံ (စင်ကာပူနှင့် ထိုင်း) က နှစ်နှစ်အတွင်း အားအကောင်းဆုံး ကျဆင်းမှုကို မှတ်တမ်း တင်ခဲ့ကြပါတယ်။

"အာဆီယံ ကုန်စည်များအတွက် ဝယ်လိုအား အားပျော့လာနေတဲ့အတွက် ကုမ္ပဏီများဟာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ သူတို့လက်ထဲက သိုလှောင်ကုန်များကို အသုံးပြုနေကြရာ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးစလုံး စက်တင်ဘာလတွင် ကုန်ခမ်းလာခဲ့ကြချိန်မှာ ဝယ်ယူရေး လုပ်ငန်းများဟာ တုန့်ဆိုင်းနေပါတယ်။

"နိုင်ငံတကာက စီးပွားရေး အခြေအနေဆိုင်ရာ စိုးရိမ်စရာ အချက်တွေ ရှိနေချိန်မှာ အာဆီယံ ထုတ်လုပ်သူတို့ အကြားက ယုံကြည်မှုဟာ သမိုင်းစဉ် စံနှုန်းများနဲ့အညီ အားနည်းလျက် ရှိနေပြီး ဒေတာက စက်မှုကဏ္ဍအတွက် ရှေ့ဆက် အောက်ဘက်ကို ဆင်းသွားမယ့် အန္တရာယ်တွေ ရှိနေတာကို ညွှန်ပြနေပါတယ်။”


TO GET INSTANT UPDATE 
Join Telegram Channel 
ttps://t.me/Guid4U


 

Industry Reviews Read 433 times