မေလတွင် အာဆီယံ ကုန်ထုတ်လုပ်မှု အော်ဒါအသစ်များ အရနည်း ထုတ်လုပ်မှု အားပျော့


05 June, 2023

၂၀၂၃  ဇွန်လ ၅ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI

အာဆီယံ ကုန်ထုတ်လုပ်မှု အော်ဒါအသစ်များ ရရှိမှု နည်းလာချိန်မှာ ထုတ်လုပ်မှု တိုးတက်မှု အားပျော့လာနေခြင်း


အဓိက တွေ့ ရှိချက်များ - 

  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တိုးလာမှု နှေးလာနေခြင်း
  • ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ကျဆင်းလာနေခြင်း
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ လျော့လာခြင်း

 

(ဒေတာကို မေလ ၁၂-၂၄ ရက်နေ့များတွင် စုစည်းခဲ့သည်)

အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် ဒုတိယသုံးလပတ် အလယ်တွင် လုပ်ကိုင်မှု အခြေအနေများ ရှေ့ဆက် တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့သည်။ ထိုသို့ ဆိုလိုက်ရသော်လည်း ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ထုတ်လုပ်မှုအကြို သိုလှောင်ကုန်များ အားလုံးမှာ ဧပြီလနှင့် စာလျှင် အားပျော့သည့် နှုန်းဖြင့် တိုးလာခဲ့သည့်အတွက် မေလစစ်တမ်းက စက်မှုကဏ္ဍ၏ ထုတ်လုပ်မှု နှေးလာခြင်းကို ညွန်ပြနေပါသည်။

တစ်ချိန်တည်းမှာ ဈေးနှုန်းများ၏ ဖိအားပေးမှုများမှာ နည်းသွားပြီး ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာ သုံးလဆက်တိုက် လျော့လာခဲ့ပါသည်။

အဓိကအကျဆုံး S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ကို အပြောင်းအလဲမရှိ အမှတ် ၅၀.၀၏ အထက်တွင် မှတ်တမ်းခဲ့သည်မှာ မေလတွင် လနှစ်ဆယ် ဆက်တိုက် ဖြစ်လာခြင်းက လုပ်ကိုင်မှု အခြေအနေများ အခိုင်အမာ ပိုကောင်းလာနေကြောင်းကို ပြသသည်။ သို့သော်လည်း နောက်ဆုံး အညွန်းကိန်း၏ တန်ဖိုး ၅၁.၁ သည် ဧပြီလ၏ ၅၂.၇ ထက် နိမ့်ဆင်းသွားခြင်းက အနည်းအကျဉ်းသာ တိုးလာခြင်းဖြစ်‌ကြောင်းညွန်ပြနေလျက် တိုးမြှင့်ထုတ်လုပ်ခြင်း လက်ရှိအစဉ်၏ ပျမ်းမျှနှင့်စာလျှင် နှေးလာခဲ့ပြီး ဒသမဂဏန်းမျှသာ ရှိသော တိုးတက်မှုကို ထောက်ပြနေသည်။

 

နိုင်ငံအလိုက် ဒေတာများက အာဆီယံထဲ စစ်တမ်းတွင် အကျုံးဝင်ကြသည့် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံတွင် စက်မှုကဏ္ဍ၏ လုပ်ကိုင်မှု အခြေအနေများ မေလတွင် တိုးတက်လာခဲ့ကြောင်းကို မီးမောင်း ထိုးပြနေပါသည်။ ဦးမော့ရာတွင် ထိပ်ဆုံးမှ ပြေးနေသူမှာ နှစ်လမြောက်ဆက်တိုက် ထိုင်းနိုင်ငံ ဖြစ်လာသည်။ တိုးမြှင့်ထုတ်လုပ်မှုနှုန်း (၅၈.၂) သည် ဧပြီလ၏ စံချိန်တင် အမြင့်ဆုံးထက် အားပျော့လာခဲ့သည့် တိုင်အောင် စစ်တမ်းသမိုင်းထဲတွင် ဒုတိယ အားအကောင်းဆုံး ဖြစ်ပါသည်။

အလားတူစွာပင် မြန်မာနိုင်ငံမှ ထုတ်လုပ်ရေး ကုမ္ပဏီများသည်လည်း အဓိကအကျဆုံး အညွန်းကိန်းသည် ဧပြီလ၏ စစ်တမ်းအတွက် စံချိန်တင် အမြင့်ဆုံး(၅၃.၀) မှ မေလတွင် သုံးလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။ မည်သို့ပင်ဖြစ်စေ တိုးမြှင့်ထုတ်လုပ်မှုနှုန်းမှာမူ စစ်တမ်း သမိုင်းစဉ် တလျှောက် မှတ်တမ်း တင်လာခဲ့သည့် ၅၀.၀ ထက် နည်းနေခဲ့ခြင်းနှင့်စာလျှင် သာလွန်ခဲ့ပါသည်။

မေလတွင် အဓိကအကျဆုံး အညွှန်းကိန်း တိုးလာခဲ့သည်မှာ ဖိလစ်ပိုင် တစ်နိုင်ငံသာ ဖြစ်ခဲ့ပါသည်။ ၅၂.၂ ဖြင့်  ခြုံကြည့်လျှင် အသင့်အတင် ဦးမော့မှုကို ထုတ်လုပ်သူတို့က ပြသလိုက်ကြသည်။

စင်ကာပူ (၅၁.၂) နှင့် အင်ဒိုနီးရှား (၅၀.၃) နှစ်နိုင်ငံစလုံးက ထုတ်လုပ်ရေး အခြေအနေများ မေလတွင် တိုးတက်မှု အားပျော့လာခြင်းကို ညွန်ပြခဲ့ကြသည်။ စင်ကာပူနိုင်ငံ တစ်ဝန်းတွင် တိုးမြှင့်ထုတ်လုပ်မှုနှုန်းမှာ အသင့်အတင့် ဖြစ်ခဲ့ချိန်မှာ အင်ဒိုနီးရှား ထုတ်လုပ်ရေး ကုမ္ပဏီများ၏ အခြေအနေများမှာမူ တုံ့ဆိုင်းနေခဲ့ပြီး ၎င်း၏ စက်မှု ထုတ်လုပ်ရေး နယ်ပယ် အခြေအနေများ တိုးတက်လာမှုမှာ ဒသမဂဏန်းမျှသာ ရှိခဲ့ခြင်းကို မြင်တွေ့ ကြရသည်။

မလေးရှား (၄၇.၈) နှင့် ဗီယက်နမ် (၄၅.၃) နိုင်ငံများမှာ လုပ်ငန်း အခြေအနေများ ဆုတ်ယုတ်လာနေကြောင်းကို အစီရင်ခံခဲ့ကြသည့် နှစ်နိုင်ငံ ဖြစ်လာကြသည်။ မလေးရှားက ကိုးလဆက်တိုက်နှင့် ဗီယက်နမ်ကသုံးလ ဆက်တိုက် ဆုတ်ယုတ်ခဲ့ပါသည်။
ထို့အပြင် ဗီယက်နမ် ထုတ်လုပ်သူတို့သည် လ ၂၀ အတွင်း အများဆုံးဖြစ်လာသော ကျဆင်းမှုနှုန်းကို မှတ်တမ်းတင်လိုက်ကြသည်။

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းကို ကြည့်မည်ဆိုလျှင် အော်ဒါအသစ်များ တိုးလာခဲ့မှုမှာ အတော်အသင့်သာ ဖြစ်ခဲ့သော်လည်း ဝယ်လိုအား အခြေအနေများ ပိုကောင်းလာသည့် လက္ခဏာများကို တွေ့မြင်လာရသည်မှာ မေလတွင် ငါးလဆက်တိုက် ဖြစ်လာသည်။ သို့သော်လည်း အာဆီယံနိုင်ငံများ ထုတ်လုပ်ပေးလိုက်ကြသည့် ကုန်စည်များအတွက် ပြည်ပမှ ဝယ်လိုအားမှာမူ ဆက်ကျဆင်းလာခဲ့ပြီး ပြည်ပသို့ တင်ပို့မှုမှာ ကျဆင်းမှု အရှိန်မြင့်လာခဲ့သည်။

အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ တစ်ဝန်းက ထုတ်လုပ်မှုမှာ မေလတွင် လနှစ်ဆယ်မြောက် ဆက်တိုက် တိုးလာခဲ့ပါသည်။ အလုပ်အသစ်များ ရရှိမှု အခိုင်အမာ ဦးမော့လာခဲ့ခြင်းက တိုးထုတ်လုပ်ရေးကို ပံ့ပိုးပေးခဲ့သည်နှင့် အမျှ ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွန်းကိန်းသည် သမိုင်းထဲတွင် အားကောင်းပြီး ခိုင်မာသည့် ဦးမော့မှုကို ပြသနိုင်ခဲ့သည်။ သို့သော်လည်း တိုးထုတ်လုပ်မှု နှုန်းမှာမူ ဧပြီလထက် အားပျော့လာခဲ့ပြီး လေးလအတွင်း အနိမ့်ဆုံးသို့ နိမ့်ကျသွားခဲ့သည်။

ထုတ်လုပ်မှု တိုးတက်မှု ကျဆင်းခြင်းကို ကုမ္ပဏီများ၏ ဝယ်ယူရေး လုပ်ငန်းများက ထင်ဟပ်နေလျက် ဧပြီလတွင် အခိုင်အမာ မြင့်တက်သွားခဲ့မှု နောက်မှာ တိုးထုတ်လုပ်မှ လေးလအတွင်း အနှေးဆုံး ဖြစ်လာသည်။

ထုတ်လုပ်မှုနှင့် ရောင်းရမှုများ အခိုင်အမာ ဦးမော့လာခဲ့သော်လည်း အာဆီယံ ထုတ်လုပ်သူတို့သည် မေလတွင် အလုပ်နေရာများကို ပြန်လျှော့ချခဲ့ကြသည်။ အလုပ်နေရာ ဖြတ်တောက်ခံရမှုမှာ အသင့်အတင့် ဖြစ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း လက်ရှိ ဖြတ်တောက်ခံရမှုသည် သုံးလအစဉ်ထဲတွင် အားကောင်းဆုံး ကျဆင်းမှု ဖြစ်လာသည်။ စစ်တမ်းဒေတာက ထုတ်လုပ်ရေး စွမ်းအားများအပေါ် ဖိအားပေးမှုများ တိုးလာနေခြင်းကိုပါ ညွှန်ပြနေပြီး ကုန်ကြမ်းများ ရှားပါးနေကြောင်း အစီရင်ခံမှုများ အကြားတွင် ခုနစ်လကြာ ကုန်ခမ်းမှု နောက်ပိုင်း မပြီးပြတ်သည့် လက်ကျန် အလုပ်များ တိုးလာခဲ့ပါသည်။

အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများကို မေလတွင် ထပ်ပြီး မြှင့်တင်ခဲ့ကြသော်လည်း မသိမသာမျှသာ ဖြစ်ခဲ့သည်။ ကုန်ချော သိုလှောင်ထားမှုမှာမူ ပြောင်းပြန်ဖြစ်ခဲ့ပြီး ဧပြီလတွင် အသင့်အတင့် စု‌ဆောင်းလာမှု၏ နောက်မှာ ကျဆင်းသွားခဲ့သည်။

စစ်တမ်း၏ ရောင်းဈေး အညွန်းကိန်းများထဲတွင် အပြုသဘောဆောင်သော သတင်းများ ပါရှိပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ပိုကောင်းမွန်လာနေချိန်မှာ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ရှေ့ဆက် နိမ့်ကျလာနေကြောင်းကို အချက်ပြနေသည်။ သွင်းအားစု ကုန်ကျစရိတ်များနှင့် ရောင်းဈေးများ အသီးသီးသည် လ ၃၀ နှင့် ၂၈ လအတွင်းမှာ အားအပျော့ဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့သည်။ ထို့အပြင် နှစ်ခုစလုံး၏ မြင့်တက်လာမှုမှာ ၎င်းတို့၏ သက်ဆိုင်ရာ သမိုင်း၀င် အစဉ်များထက် နည်းနေပါသည်။

မေလတွင် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်သည်လည်း ပိုကောင်းလာခဲ့ပါသည်။ မေလ၏ အညွန်းကိန်းက COVID-19 ဖြစ်ပွားချိန်မှစပြီး ထင်ရှားလာခဲ့သည့် ပစ္စည်းပေးသွင်းမှုဆိုင်ရာ အစဉ် ပြောင်းလဲနေမှုကို ရှေ့ဆက် ညွှန်ပြနေပြီး ယခုဆိုလျှင် ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များမှာ သုံးလဆက်တိုက် တိုတောင်းလာနေပါသည်။

နောက်ဆုံးအနေနှင့် ကုမ္ပဏီများသည် လာမည့် ၁၂-လ ကာလအတွက် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ယေဘုယျအားဖြင့် အကောင်းမြင်နေကြသည်။ သို့သော်လည်း အကောင်းမြင်မှု အတိုင်းအတာမှာမူ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစပြီး အားအပျော့ဆုံး ဖြစ်နေလျက် သမိုင်းစဉ်အရ အားနည်းမှုကို ပြနေသော အဆင့်မှာ ရှိနေခြင်းဖြင့် အနာဂတ် မျှော်မှန်းချက်ဆိုင်ရာ ယုံကြည်မှု အနည်းငယ် ဆုံးရှုံးလာပြီး တိုး၍ သတိထားလာနေရသည့် အနေအထားမျိုးကို အချက်ပြနေသည်။ 


သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

"အာဆီယံအတွက်နောက်ဆုံး PMI ဒေတာက ဒုတိယ သုံးလပတ်၏ အလယ်ပိုင်းတွင် လုပ်ကိုင်မှု အခြေအနေများ အသင့်အတင့် တိုးတက်လာမှုကို ထောက်ပြနေပါတယ်။ ဒါ့အပြင် ဒေတာက ငွေကြေးဖောင်းပွရေး ဖိအားပေးမှုများ ရှေ့ဆက် နိမ့်ကျလာနေခြင်းကိုပါ ထောက်ပြနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များပါ သုံးလဆက်တိုက် အခြေအနေ ပိုကောင်းလာခဲ့ပါတယ်။

"ဒါပေမဲ့ တိုးထုတ်လုပ်မှု တစ်ခုလုံးရဲ့ အရှိန်အဟုန်ဟာ ကျဆင်းလာနေပါတယ်။ ထုတ်လုပ်သူတို့က အော်ဒါ အသစ်များ အတွက်ရော၊ ထုတ်လုပ်မှု အတွက်ပါ တိုးတက်မှုနှုန်း အာပျော့လာနေတာကို အစီရင်ခံခဲ့ကြပါတယ်။ အဲဒီ့အပြင် ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝန်ထမ်း ပမာဏကို သုံးလဆက်တိုက် ထပ်မံပြီး လျှော့ချခဲ့ကြပါတယ်။ ယုံကြည်မှုပါ ဒေသတစ်ဝန်းမှာ ၃၄-လအတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့ပါတယ်။

"ဒေတာကို ကြည့်ပြောရပါက လက်ရှိ ဝယ်လိုအား အလားအလာများဟာ ဒေသတစ်ဝန်းမှာ အားပျော့လာနေပါတယ်။  ဖိလစ်ပိုင်နိုင်ငံမှ လွဲပြီး စစ်တမ်း လေ့လာမှုတွင် အကျုံးဝင်ကြတဲ့ အာဆီယံ နိုင်ငံများ အားလုံးတွင် အဓိကအကျဆုံး PMI ကျဆင်းလာတာကို မှတ်တမ်း တင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ အခြေအနေ ပိုကောင်းလာနေပြီး ကုန်ကျစရိတ်များရဲ့ ဖိအားပေးမှုများ ရှေ့ဆက် ကျဆင်းလာနေမှုက လာမည့် လအနည်းငယ် အတွင်းမှာ စက်မှုကဏ္ဍ ပြန်နာလန်ထူလာရေးကို ပံ့ပိုပေးပါလိမ့်မယ်။”

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 215 times