ဇူလိုင်လတွင် အာဆီယံမှ ကုန်ထုတ်လုပ်ငန်းများ ရှေ့ရေး ယုံကြည်စိတ်ချခြင်း သုံးနှစ်အတွင်း အနိမ့်ဆုံးသို့


02 August, 2023

ဇူလိုင်လတွင် အာဆီယံမှ ကုန်ထုတ်လုပ်ငန်းများ ရှေ့ရေး ယုံကြည်စိတ်ချခြင်း သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ဩဂုတ် ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
 



ဇူလိုင်လတွင် အာဆီယံမှ ကုန်ထုတ်လုပ်ငန်းများ၏ ရှေ့ရေး ယုံကြည်စိတ်ချခြင်း သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခြင်း

 


အဓိက တွေ့ ရှိချက်များ -

  • အဓိကအညွှန်းကိန်း PMI သည် ခုနစ်လမြောက် အနိမ့်ဆုံးသို့ ကျဆင်းသွားခြင်း
  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တိုးရလာမှု အားပျော့လာခြင်း 
  • လုပ်ငန်း၏ ရှေ့ရေးယုံကြည်စိတ်ချမှုမှာ သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခြင်း

 

(ဒေတာကို ဇူလိုင် ၁၂-၂၅ ရက်နေ့များတွင် စုစည်းခဲ့သည်)

ဒုတိယနှစ်ဝက်၏ အစ ဇူလိုင်လတွင် အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် အရှိန်ကျလာနေသည့် လက္ခဏာများ ပြသနေသည်။

ဝယ်လိုအား အခြေအနေများ အရှိန်ကျလာခဲ့ရာ စက်ရုံအော်ဒါများနှင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်းတို့  အားပျော့လာခဲ့သည်။

 စက်မှုကဏ္ဍ၏ စွမ်းဆောင်ရည်ကို ဆက်လက် ဖိစီးနေခဲ့သည်မှာ အလုပ်အကုိင်နေရာများ ငါးလဆက်တိုက် လျှော့ချခဲ့ကြရသော်လည်း အလုပ်အကိုင် နေရာများ လျော့ကျသွားသည့်နှုန်းမှာမူ ခြုံကြည့်လျှင် ဒသမဂဏန်းမျှသာ ဖြစ်ခဲ့သည်။ 
 
နောက်ထပ် စိုးရိမ်စရာ အချက်တစ်ချက်မှာ သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ လျှောဆင်းသွားသည့် လုပ်ငန်းများ၏ ရှေ့ရေး ယုံကြည်စိတ်ချမှု ဖြစ်သည်။

ဝယ်ယူခဲ့သည့် ထည့်ကုန်များအတွက် ပစ္စည်းပေးသွင်းရန် ကြာမြင့်ချိန်များ ဇူလိုင်လတွင် ထပ်မံ တိုတောင်းလာခဲ့ပါသည်။ မသိမသာမျှသာ ဖြစ်သော်လည်း ပစ္စည်းပေးသွင်းရန် ကြာမြင့်ချိန်များ  ပိုကောင်းလာသည့်နှုန်းမှာ စစ်တမ်း သမိုင်းတလျှောက် မှတ်တမ်း တင်ထားသမျှတွင် အားအကောင်းဆုံး နှုန်းတစ်ခု ဖြစ်သည်။

အဓိကအကျဆုံး S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ကို ကြားနေအမှတ် ၅.၀ ၏ အထက်တွင် မှတ်တမ်းတင်ခဲ့သည်မှာ ဇူလိုင်လတွင် ၂၂ လဆက်တိုက် ရှိသွားပြီ ဖြစ်ပါသည်။ သို့သော်လည်း ၅၀.၈ တွင် ရှိနေသည့် အညွန်းကိန်းသည် ဇွန်လ၏ ၅၁.၀ ထက် နိမ့်ဆင်းသွားသည်မှာ သုံးလဆက်တိုက် ဖြစ်လာပြီး လွန်ခဲ့သည့် ဒီဇင်ဘာလမှစ၍ အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ  တိုးတက်လာမှု အားအပျော့ဆုံး ဖြစ်ပါသည်။ 

ဇူလိုင်ဒေတာက ဖေါ်ပြပေးသည့် အာဆီယံ ဒေသတစ်ဝန်း၏ ကားချပ်ပုံမှာ ရှုပ်ထွေးနေပြီး အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် လေးနိုင်ငံတွင်သာ လုပ်ငန်း အခြေအနေများ တိုးတက်လာခဲ့ကြောင်းကို မှတ်တမ်းတင်ခဲ့ကြသည်။

 

 


 အင်ဒိုနီးရှားနိုင်ငံသည် PMI အညွန်းကိန်းအဆင့်အရ ထိုင်းနိုင်ငံကို ထိပ်ဆုံးနေရာမှ ဖယ်ရှားလျက် ဦးဆောင်လိုက်သည်မှာ လ ၂၀ အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်သည်။ ထို့အပြင် အညွှန်းကိန်း၏ နောက်ဘိတ်ဆုံး တန်ဖိုး ၅၃.၃ က အားကောင်းသည့် တိုးမြှင့်ထုတ်လုပ်မှုနှုန်း ဖြစ်ပါသည်။ ဆယ်လအတွင်းမှာ အမြန်ဆုံး ဖြစ်ပါသည်။

အဓိကအကျဆုံး အညွှန်းကိန်း ဇွန်လတွင် ၁၁-လမြောက် အားပျော့သွားခဲ့သည့် နောက်မှာ ဖိလစ်ပိုင်နိုင်ငံ တစ်ဝန်းရှိ ကုမ္ပဏီများက ဇူလိုင်လတွင် အခြေအနေ ပိုအားကောင်းစွာဖြင့် တိုးတက်လာကြောင်း (PMI ၅၁.၉) မှတ်တမ်းတင်ခဲ့ကြသည်။ 

မြန်မာနိုင်ငံမှ ကုန်စည် ထုတ်လုပ်သူတို့သည် နောက်ကျမကျန်ခဲ့ဘဲ PMI အဓိက အညွန်းကိန်း ၅၁.၁ ဖြစ်ခဲ့ရာ ဇွန်လ၏ ငါးလအတွင်း အနိမ့်ဆုံးမှ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။

ကုန်ထုတ်လုပ်မှု တိုးလာကြောင်းကို မှတ်တမ်း တင်ခဲ့သည့် နောက်တစ်ခုတည်းသော နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပါသည်။ သို့သော် ၎င်း၏ တိုးတက်မှု အရှိန်မှာ ဧပြီလ၏ စံချိန်တင် အမြင့်ဆုံးနှင့်စာလျှင် ဆက်လက် အရှိန်ကျလာခဲ့သည်။ ၅၀.၇ တွင် ရှိနေသည့် PMI သည် ၂၀၂၂ ဇန်နဝါရီတွင် စတင်ခဲ့သည့် လက်ရှိ နာလန်ပြန်ထူလာသည့် ကာလနောက်ပိုင်းတွင် အနှေးဆုံးနှုန်းဖြင့် တိုးလာခြင်းဖြစ်သည်။

အခြေအနေများ ဆုတ်ယုတ်လာခဲ့ကြောင်းကို အစီရင်ခံခဲ့ကြသည့် နိုင်ငံများမှာ ဗီယက်နမ် (PMI ၄၈.၇)၊ စင်ကာပူ (၄၈.၅) နှင့် မလေးရှား (၄၇.၈) တို့ ဖြစ်ပါသည်။ 

ဗီယက်နမ် ထုတ်လုပ်သူတို့သည် ဇူလိုင်လတွင် လုပ်ကိုင်မှု အခြေအနေများ ငါးလ ဆက်တိုက် ဆုတ်ယုတ်လာခဲ့သည်။ သို့သော်လည်း နောက်ဆုံးဘိတ် ကျဆင်းမှုမှာ ယင်းကာလအတွင်း မြင်တွေ့ခဲ့ရသည့် အားအပျော့ဆုံး ဆုတ်ယုတ်မှု ဖြစ်သော်လည်း အသင့်အတင့်မျှ ဖြစ်ပါသည်။

စင်ကာပူ နိုင်ငံတစ်ဝန်းမှ ကုန်စည် ထုတ်လုပ်သူတို့သည် လေးလအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ကြသည်။ အဓိက အညွန်းကိန်းသည် အသင့်အတင့် ဖြစ်ခဲ့သည့်တိုင် နှစ်နှစ်နီးပါးအတွင်း မှတ်တမ်းတင်ခဲ့သည့် အနိမ့်ဆုံး တန်ဖိုး ဖြစ်လာပါသည်။

မလေးရှားနိုင်ငံတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစပြီး တွေ့မြင်ခဲ့ကြရသည့်အတိုင်း ထုတ်လုပ်သူတို့သည် တတိယ သုံးလပတ် အစပိုင်းတွင် ကျဆင်းမှု နယ်မြေအတွင်း ကျန်ရှိနေခဲ့ကြသည်။ ထို့အပြင် ကျဆင်းမှု အရှိန်မှာ သမိုင်းစဉ်တွင် မြင်ခဲ့ရသည်ထက် ပိုအားကောင်းခဲ့ပါသည်။

ဇူလိုင်ဒေတာက အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းတွင် တိုးမြှင့်ထုတ်လုပ်မှု အရှိန်အဟုန် အသင့်အတင့် ဖြစ်‌ပေါ်လာခြင်းကို ပြသနေသည်။ ယခုလအတွင်းမှာ စက်ရုံအော်ဒါများ တိုးရလခြင်း  အားပျော့လာခဲ့သည်။

ကုန်ထုတ်လုပ်မှု ဦးမော့လာမှုမှာမူ တိုးမြှင့်ထုတ်လုပ်မှု လက်ရှိအစဉ် စတင်ခဲ့သည့် ၂၀၂၁ အောက်တိုဘာလမှစပြီး အားအပျော့ဆုံး ဖြစ်လာပါသည်။ သို့သော်လည်း ပြည်ပ တင်ပို့မှု အော်ဒါအသစ်များ၏ အညွှန်းကိန်းက အာဆီယံ ကုန်စည်များအတွက် နိုင်ငံတကာမှ ဝယ်လိုအားသည် လေးလအတွင် အမြန်ဆုံး ကျဆင်းလာသဖြင့်  ပြည်တွင်း ဈေးကွက်များသည် ဒေသတစ်ဝန်း ကုန်ထုတ်လုပ်မှု အခိုင်အမာ တိုးတက်လာမှုအတွက် အခရာ ဖြစ်ခဲ့သည်။

ကုန်ထုတ်လုပ်မှု တိုးချဲ့မှု ပိုအားပျော့လာနေခြင်း၏ ရလဒ်အဖြစ် သွင်းအားစု ဝယ်ယူမှု ဆက်လက် နှေးလာခဲ့သည်။ ဝယ်ယူမှုများ အသင့်အတင့် ဖြစ်ခဲ့သော်လည်း နောက်ဆုံး ဦးမော့မှုမှာ ယနေ့အထိ တစ်နှစ်အတွင်း မြင်ခဲ့ရသည့် အထဲတွင် အနှေးဆုံး ဖြစ်လာသည်။ သို့ဖြစ်သောကြောင့် ထုတ်လုပ်မှု မပြုရသေးခင်  လက်ကျန် သိုလှောင်ကုန်‌ချောများသည် သုံးလအတွင်း အမြန်ဆုံးနှုန်းဖြင့် တိုးများလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကုန်စည်များကို ချက်ချင်း တင်ပို့ပေးနေရသည့်အတွက် သိုလှောင်ထားသည့် ကုန်ချောများ ကုန်ခမ်းလာသည်မှာ သုံးလဆက်တိုက် ဖြစ်လာသည်။ ထို့အပြင် ကျဆင်းသွားသည့် နှုန်းမှာမူ ၂၀၂၁ အောက်တိုဘာလမှစပြီး မြင်ခဲ့ရသည့် အမြန်ဆုံးနှုန်း ဖြစ်လာပါသည်။

ဤအတောအတွင်း ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများသည် ဇူလိုင်တွင် ထပ်မံ တိုးလာခဲ့သည်။ သို့သော်လည်း ထည့်ကုန် ဈေးနှုန်းဖောင်းပွမှု အရှိန်မှာ ယခင်လအတိုင်း မပြောင်းလဲခဲ့ဘဲ ၂၀၂၀ ဧပြီလတွင် စတင်ခဲ့သည့် ကုန်ကျစရိတ်များ တိုးလာခဲ့သည့် လက်ရှိ အစဉ် စတင်မှုနောက်ပိုင်း အားအပျော့ဆုံး တစ်ခု ဖြစ်လာသည်။

ထည့်ကုန် ဈေးနှုန်းများ မြင့်တက်လာချိန်မှာ အာဆီယံ ကုန်ထုတ်လုပ်သူတို့သည် မိမိတို့၏ ရောင်းစျေးများကို ပိုမြန်သည့်နှုန်းဖြင့် တိုးမြှင့်ခဲ့ကြရသည်။ ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှု နှုန်းမှာ အသင့်အတင့် ဖြစ်ခဲ့သော်လည်း စစ်တမ်း၏ အစဉ်နှင့်စာလျှင် နှေးခဲ့ပါသည်။

ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲက ဖိအားပေးမှုများမှာ ပြန်ပြီး လျော့နည်းသွားခဲ့ပြီး ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်မှာ ဇူလိုင်လတွင် ငါးလဆက်တိုက် တိုးတက်လာခဲ့ကြောင်းကို အာဆီယံ ထုတ်လုပ်သူတို့က မှတ်တမ်း တင်ခဲ့ကြသည်။

ဤအတောအတွင်း ကုန်ထုတ်လုပ်မှုတွင် အလုပ်အကိုင် နေရာများ ဇူလိုင်လမှာ ဆက်လက်လျှော့ချခဲ့ကြရသည်။ အလုပ်အကိုင်နေရာ လျှော့ချခံခဲ့ရသည့် နှုန်းမှာ အနည်းအကျဉ်းသာ ဖြစ်ခဲ့သော်လည်း ငါးလအတွင်း  အမြန်ဆုံးနှုန်း ဖြစ်ပါသည်။ ထို့အပြင် စစ်တမ်းမှ စုံစမ်းမေးမြန်းခဲ့သည့် ကုမ္ပဏီများသည် မိမိတို့ လက်ထဲရှိ အလုပ်များကို ပြီးပြတ်အောင် လုပ်ကိုင်နိုင်စွမ်း ရှိခဲ့ကြပြီး မပြီးပြတ်ဘဲ ကျန်ရစ်ခဲ့သည့် အလုပ်စာရင်းများမှာ သုံးလအတွင်း ပထမဦးဆုံးအကြိမ် ကျဆင်းသွားခဲ့သည်။

 လာမည့် တစ်နှစ်တာကာလ အတွင်းမှာ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး လုပ်ငန်းများ၏ ရှေ့ရေး ယုံကြည်စိတ်ချမှုမှာ အားနည်းလာခဲ့ပြီး သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ လျှောဆင်းသွားခဲ့ပါသည်။ ကုမ္ပဏီများစွာတို့က နိုင်ငံတကာ စီးပွားရေး အခြေအနေ အတော်အသင့် တုံ့ဆိုင်းနေခြင်းကို စိုးရိမ်မိကြကြောင်း ထုတ်ဖေါ်ပြောဆိုကြပါသည်။

 

သုံးသပ်ချက်


အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch ပြောကြားသွားသည်မှာ-

“တတိယသုံးလပတ် အစပိုင်း ဇူလိုင်လရဲ့ PMI ဒေတာက ကုန်ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်း အရှိန်ကျလာနေခြင်းကို မီးမောင်းထိုးပြလိုက်ပါတယ်။ ထုတ်လုပ်မှုရော၊ ရခဲ့တဲ့ စုစုပေါင်း အော်ဒါအသစ်များပါ တိုးလာခဲ့တဲ့ နှုန်းမှာ ဇွန်လထက် အားပျော့နေပါတယ်။ ဒါ့အပြင် နိုင်ငံခြားက အော်ဒါအသစ် မှာယူမှု လျော့နည်းလာတဲ့ အရှိန်ဟာ ပိုအားကောင်းလာနေတာကြောင့် တိုးမြှင့်ထုတ်လုပ်မှုကို ပြည်တွင်းဈေးကွက်တွေက သိသိသာသာ မောင်းနှင်နေကြောင်း ဒေတာများက ထောက်ပြနေပါတယ်။

“ဒါ့အပြင် အနာဂတ် ထုတ်လုပ်မှု အညွှန်းကိန်း သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားတာကို ကြည့်ရှုခြင်းအားဖြင့် အနာဂတ် မျှော်မှန်းချက်ဟာ မှေးမှိန်လာပုံ ရပါတယ်။ နိုင်ငံတကာ ဈေးကွက်ရဲ့ မရောရာမှုဟာ အချိန်ကြာလာနေပြီး တရုတ်နိုင်ငံရဲ့ ကိုဗစ်နောက်ပိုင်းနာလန်ထူမှု အားပျော့လာနေတာနဲ့ ပြည်တွင်း ဝယ်လိုအား အတော်လေး အားနည်းနေခြင်း အားလုံးတို့က ရှေ့ရေး ယုံကြည်စိတ်ချမှု အပေါ်မှာ ဖိစီးနေကြပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ငွေကြေးဖောင်းပွမှု ဖိအားတွေ ယခင်နှစ်နှစ်အတွင်း မြင်ခဲ့ရတာထက် သိသိသာသာကြီး အားပျော့လာတဲ့အတွက် ယခုအခါ ဒေသတွင်းရှိ ဗဟိုဘဏ် တော်တော်များများရဲ့ ငွေကြေးမူဝါဒ တင်းကျပ်မှုဟာ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီး အခြေအနေတွေ ဆက်လက်ပျော့ပြောင်းလာမယ်ဆိုပါက ဗီယက်နမ်မှာ မကြာမီက မြင်ခဲ့ကြရသလို ငွေကြေးမူဝါဒတွေကို ဖြေလျှော့ပေးမယ့် အလားအလာ ရှိနိုင်ကြောင်း ယူဆရပါတယ်။”


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Industry Reviews Read 290 times