ဩဂုတ်လ အာဆီယံ ကုန်ထုတ်လုပ်မှု မေလမှစ၍  အားအကောင်းဆုံး တိုးလာခြင်း


06 September, 2023

ဩဂုတ်လ အာဆီယံ ကုန်ထုတ်လုပ်မှု မေလမှစ၍  အားအကောင်းဆုံး တိုးလာခြင်း

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

၂၀၂၃ စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


 

အဓိက တွေ့ရှိချက်များ-

  • ထုတ်လုပ်မှု တိုးလာသည်မှာ သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာခြင်း 
  • အလုပ်နေရာများ တည်ငြိမ်လာခြင်း
  • ဈေးနှုန်းဖိအားပေးမှုများ ဩဂုတ်လတွင် အရှိန်ရလာခြင်း

 

(ဒေတာကို ဩဂုတ် ၁၈ -၂၄ ရက်များတွင် စုစည်းခဲ့သည်)

အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍတွင် တတိယသုံးလပတ် အလယ်ပိုင်းဖြစ်သည့် ဩဂုတ်လမှာ လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာနေကြောင်းကို ဆက်လက်တွေ့မြင်ရသည်။
ခြုံငုံ၍ ပြောရပါက အော်ဒါအသစ်များ ဆက်လက်၍ တိုးလာခဲ့ပြီး ထုတ်လုပ်မှု တိုးလာမှုမှာ သုံးလအတွင်း အမြင့်ဆုံးသို့ အရှိန်ရလာခဲ့သည်။ 
ထို့အပြင် အလုပ်အကိုင်နေရာ ပမာဏများမှာ ကျယ်ပြန့်စွာ တည်ငြိမ်လာခဲ့သည်။ ငါးလဆက်တိုက် အလုပ်အကိုင်များ လျှေိာ့ချနေခြင်း အဆုံးသတ်သွားသည်။

သို့သော်လည်း ဩဂုတ်လစစ်တမ်း ဒေတာက ဈေးနှုန်း ဖိအားပေးမှုများ ပိုပြင်းထန်လာနေခြင်းကို အချက်ပြနေသည်။ ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးများနှင့် ရောင်းဈေး နှစ်ခုစလုံးမှာ ဇူလိုင်တွင် မြင်ခဲ့ရသည်ထက် ပိုအားကောင်းစွာဖြင့် မြင့်တက်လာကြသည်။ 
မည်သို့ပင်ဖြစ်စေ နောက်ဆုံးဦးမော့ခြင်းသည် သမိုင်းစဉ်အရ အားပျော့လျက် ရှိနေသေးသည်။

အဓိကအကျဆုံး S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု  ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ခုနစ်လအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည့် ဇူလိုင်လ၏ ၅၀.၈ မှ ဩဂုတ်လတွင် ၅၁.၀ သို့ တက်လှမ်းလိုက်ပါသည်။ 

ထိုအချက်က အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေမှာ ၂ဝ၂ဝ ခုနှစ် အောက်တိုဘာမှစပြီး လစဉ် တိုးတက်လာနေခြင်းကို အချက်ပြနေသည်။ ဩဂုတ်လအတွက် အညွှန်းကိန်း တန်ဖိုးမှာ ခြုံကြည့်လျှင် တိုးမြှင့်ထုတ်လုပ်မှုကို အသင့်အတင့်ဟုသာ အချက်ပြနေသော်လည်း သမိုင်းလာ အစဉ် (၅၀.၈) ၏ အထက်တွင် ရှိနေသည်။

 

 

ဩဂုတ်လ ဒေတာသည် အာဆီယံအတွက် စစ်တမ်းတွင် အကျုံးဝင်ကြသည့် ခုနှစ်နိုင်ငံအနက် လေးနိုင်ငံမှာ ထုတ်လုပ်မှု အခြေအနေများ ပိုအားကောင်းလာမှုကို ဖေါ်ပြနေသည်။ 

နှစ်လဆက်တိုက် ဦးမော့မှုကို ပြသသည့် နိုင်ငံမှာ အင်ဒိုနီးရှား ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ တိုးမြှင့်ထုတ်လုပ်မှုနှုန်းသည် မေလထက် ထပ်မြန်လာပြီး ၂၁ လအတွင်းမှာ အမြန်ဆုံး ဖြစ်လာသည်။ ထို့အပြင် နောက်ဆုံး ဦး‌ေမာ့လာမှုသည် လွန်ခဲ့သည့် နှစ်နှစ်တိတိတွင် စတင်ခဲ့သည့် တိုးတက်မှုအစဉ်ကို ကာလပိုကြာအောင် ထပ်တိုးပေးလိုက်သည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍသည်လည်း အခြေအနေများ တိုးတက်လာနေခြင်းကို ပြသနေပြီး နောက်ဆုံး ၇ လ အတွင်းမှာ လစဉ် တိုးတက်မှုကို တွေ့ခဲ့ရသည်။ ထို ့ပြင် တိုးတက်လာသည့်နှုန်းမှာ မေလမှစပြီး အမြန်ဆုံး ဖြစ်လာလျက် ခြုံကြည့်လျှင် ခိုင်မာခဲ့သည်။

စင်ကာပူနိုင်ငံမှ ကုန်ထုတ်လုပ်သူတို့သည် လွန်ခဲ့သည့် စစ်တမ်းလတွင် ကျဆင်းခဲ့ခြင်း နောက်မှာ ဩဂုတ်လတွင် ထုတ်လုပ်မှု အခြေအနေများ တိုးတက်လာကြောင်းကို အသစ်တဖန် အချက်ပြခဲ့ကြသည်။ 

အလားတူစွာပင် ဗီယက်နမ်နိုင်ငံအတွက် ရာသီလိုက် ညှိပေးထားသည့် အဓိက အညွှန်းကိန်းသည်လည်း ၆ လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကြားနေအမှတ် ၅၀ ၏ အထက်တွင် မှတ်တမ်းတင်ခဲ့သည်။ သို့သော် ဗီယက်နမ်နိုင်ငံဦးမော့လာခြင်းသည် ခြုံပြောရလျှင် မသိသာခဲ့ပါ။

ဖိလစ်ပိုင်နှင့် ထိုင်း နှစ်နိုင်ငံစလုံးတို့သည်  ဩဂုတ်လတွင် ကျဆင်းမှု ဧရိယာထဲ ဆင်းသွားခဲ့ကြသည်။
 ဖိလစ်ပိုင် ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက ဆုတ်ယုတ်မှုမှာ အနည်းငယ်မျှ ဖြစ်ခဲ့သော်လည်း ထိုင်းနိုင်ငံသည် အခြေအနေ ကျဆင်းမှု အသင့်အတင့် ရှိ‌ကြောင်းကို မှတ်တမ်းခဲ့သည်။

 မလေးရှား ကုန်ထုတ်လုပ်သူတို့သည် မိမိတို့၏ လုပ်ငန်းကဏ္ဍတွင် အခြေအနေ ဆုတ်ယုတ်လာခဲ့ကြောင်းကို အစီရင်ခံခဲ့ကြသည်မှာ ၁၂ လ ဆက်တိုက် ရှိပြီဖြစ်သည်။ ကျဆင်းမှုနှုန်းမှာမူ ဇူလိုင်လနှင့်စာလျှင် ပြောင်းလဲသွားခဲ့သော်လည်း စစ်တမ်း၏ သမိုင်းအစဉ်အလာ ပျမ်းမျှထက် ပိုမြန်နေသည်။ 

အာဆီယံ ကုန်ထုတ်လုပ်မှုကဏ္ဍ အခြေအနေတစ်ရပ်လုံး တိုးတက်လာနေကြောင်းကို မှတ်တမ်းတင်လာခဲ့သည်မှာ ဩဂုတ်လတွင် နှစ်နှစ်နီးပါး ကြာသွားပြီဖြစ်သည်။ 

အဓိကအကျဆုံး အညွှန်းကိန်းသည် ထုတ်လုပ်မှု ပိုမိုအားကောင်းစွာ တိုးလာခဲ့သည့်အတွက် ဇူလိုင်လ အနိမ့်ဆုံးမှ မသိမသာ မြင့်တက်လာခဲ့ပြီး သုံးလအတွင်းမှာ အမြန်ဆုံး ဖြစ်လာသည်။

ဝယ်ယူလိုမှုများ မြင့်တက်လာနေသည်နှင့်အမျှ ဝယ်ယူရေး လုပ်ငန်းများသည်လည်း ဩဂုတ်လတွင် အရှိန်ရလာခဲ့သည်။ ထုတ်လုပ်မှု တိုးလာသည့် နှုန်းပါ သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာသည်။ ထုတ်လုပ်မှုအကြို သိုလှောင်ကုန်များ စုစည်းလာခဲ့သည်မှာ ၅ လ ဆက်တိုက် ဖြစ်လာသော်လည်း စုစည်းမှု တိုးလာသည့် နှုန်းမှာမူ ဇူလိုင်လနှင့်စာလျှင် ဩဂုတ်လတွင် မသိသော အားပျော့လာသည်။

ဩဂုတ်လဒေတာက အာဆီယံရှိ ကုန်ထုတ်လုပ်သူတို့ထံတွင် ဝန်ထမ်းဦးရေ ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်လာနေခြင်းကို အချက်ပြနေသည်။
အားရစရာကောင်းပြီး အလုပ်အကိုင်နေရာများ လျှော့ချနေခဲ့ရသည့် ငါးလတာ ကာလကို အဆုံး သတ်လိုက်ပါသည်။ ယင်းအတောအတွင်း လက်ကျန် အလုပ်များမှာ နှစ်လဆက်တိုက် ကုန်ခမ်းလာခဲ့ပြီး နှုန်း ပိုမြန်ခဲ့သည်။

ဩဂုတ်လဒေတာက ပစ္စည်းပေးသွင်းသည့် ကွင်းဆက်များ အခြေအနေ ဆက်လက် တိုးတက်လာနေခြင်းကို မီးမောင်းထိုးပြလိုက်ပြီး ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များ တိုးလာသည်မှာ ၆ လ ဆက်တိုက်ရှိနေပြီ ဖြစ်ပါသည်။

သို့သော်လည်း ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် တိုးတက်လာသည့် နှုန်းမှာ ဒသမဂဏန်းမျှသာ ဖြစ်ပါသည်။ အထက်ပါ ၆ လ ကာလအတွင်းမှာ အားအပျော့ဆုံး ဖြစ်လာသည်။

ဈေးနှုန်းများကို ကြည့်ကြမည် ဆိုလျှင် ဩဂုတ်လတွင် ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ မြင့်တက်လာသည်။ ထည့်ကုန် ဈေးနှုန်းများ၏ ဖောင်းပွမှုနှုန်းသည် ၇ လအတွင်း ပထမဆုံးအကြိမ် အရှိန်ရလာခဲ့သည်။ ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးများ အခိုင်အမာ တိုးလာခဲ့ရာ ဧပြီလနောက်ပိုင်း အမြန်ဆုံးနှုန်း ဖြစ်သည်။ ခြုံကြည့်လျှင် အသင့်အတင့် ဖြစ်ခဲ့သော်လည်း ရောင်းဈေးများ၏ ဖောင်းပွမှု နှုန်းမှာမူ ဩဂုတ်လတွင် ၃ လမြောက် အမြင့်ဆုံးသို့ မြင့်တက်သွားခြင်း ဖြစ်ပါသည်။
သို့သော်လည်း ထည့်ကုန် ကုန်ကျမှုများရော ရောင်းဈေးများပါ တိုးလာခဲ့သည့် နှုန်းမှာ ၎င်းတို့၏ ရေရှည် အစဉ်အလာများထက် နိမ့်ကျလျက် ရှိနေကြသည်။

အနာဂတ်ဆီကို လှမ်းမျှော်ကြည့်လျှင် အာဆီယံ ကုန်ထုတ်လုပ်သူတို့အကြား ယုံကြည်စိတ်ချမှုမှာ ဩဂုတ်လတွင် ၄ လမြောက် အမြင့်ဆုံးသို့ တက်လှမ်းလိုက်ပြီး ကုမ္ပဏီ အများအပြားတို့က ကုန်ထုတ်လုပ်မှုသည် လာမည့် ၁၂ လအတွင်းမှာ ထိုးလာမည်ဟု အကောင်းမြင်ထားကြသည်။ သို့သော်လည်း ၂၀၂၂ နိုဝင်ဘာမှပြီး အထွေထွေ ယုံကြည်မှုမှာ သမိုင်းအစဉ်အလာ ပျမ်းမျှထက် အားနည်းလျက် ရှိနေသေးသည်။


သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P ibal Market Intelligence မှ စီးပွားရေးပညာရှင် Manam Baluch ပြောကြားသွားသည်မှာ-

ဩဂုတ်လအတွင်းမှာ အော်ဒါအသစ်များနဲ့
 ထုတ်လုပ်မှု ဆက်တိုးလာ‌ေနခဲ့ကာ ထုတ်လုပ်မှုက ဇူလိုင်လထက် အဟုန်ပြင်းစွာ တိုးလာခဲ့တာမို့  အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍဟာ ဆက်လက် တိုးလာကြောင်းကို အချက်ပြလိုက်ပါတယ်။
ဩဂုတ်ဟာ မတ်လမှာ စတင်ခဲ့တဲ့ အလုပ်အကုိင်နေရာများ အနည်းအကျဉ်း လျှော့ချခံရမှု အစဉ် ကို အဆုံးသတ်လိုက်ပြီး နောက်ဆုံး အညွှန်းကိန်းက အလုပ်အကိုင်နေရာများ ကျယ်ပြန့်စွာ တည်ငြိမ်လာနေမှုကို ပြသနေပါတယ်။ ဒါပေမဲ့ ထုတ်လုပ်သူတို့ဟာ အဓိကဖြင့် ရရှိထားတဲ့ အလုပ်များကို ဖြည့်ဆည်းနေရတဲ့အတွက် လက်ကျန် အလုပ်တွေ ကုန်ခမ်းလာခဲ့ကြရာ လာမယ့် လများအတွင်းမှာ အလုပ်နေရာ တိုးမြှင့်ခန့်ထားခြင်းကို နောက်ပြန်ဆွဲထားနိုင်စွမ်း ရှိနိုင်ပါတယ်။
"အဲဒါအပြင် နိုင်ငံတကာ စီးပွားရေးများထံမှ တိုက်ခတ်လာနေတဲ့ ဂယက်တွေနဲ့ နိုင်ငံတော်တော်များများမှာ တွေ့မြင်နေရတဲ့ အတိုးနှုန်း သံသရာများကြောင့် လက်ရှိ ဝယ်လိုအား အလားအလာက ဒုတိယနှစ်တွင် ဆက်ကျန်နေပါဦးမလားသို့ စိုးရိမ်ရမယ့် အချက်တွေ ဖြစ်နေကြပါတယ်။ 


TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

Industry Reviews Read 210 times