မြန်မာ ကုန်ထုတ်လုပ်မှုကဏ္ဍ နိုဝင်ဘာလတွင် ကျဆင်းလာပြီး ကျဆင်းသည့်အရှိန် မြင့်တက်ခဲ့


02 December, 2023

မြန်မာ ကုန်ထုတ်လုပ်မှုကဏ္ဍ နိုဝင်ဘာလတွင် ကျဆင်းလာပြီး ကျဆင်းသည့်အရှိန် မြင့်တက်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်  ထုတ်ပြန်သည့်  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွက် S&P Global မြန်မာထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


S&P Global မြန်မာ ထုတ်လုပ်မှု PMI

ထုတ်လုပ်မှု ကျဆင်းလာနေခြင်းသည် နိုဝင်ဘာတွင် အရှိန်ပိုရလာခြင်း

အဓိက တွေ့ရှိချက်များ

  • လုံခြုံရေး အခြေအနေ ဆုတ်ယုတ်လာမှုက အော်ဒါ အသစ်များ အပေါ်သို့ ဖိစီးလာခြင်း
  • ပုံနေသော မပြီးပြတ်သေးသည့် အလုပ်ကြွေးများ မှတ်တမ်းတလျှောက် တတိယအများဆုံးသို့  မြင့်တက်သွားခြင်း 
  • ကုမ္ပဏီများက ဝယ်ယူရေး လုပ်ကိုင်မှုများကို တဟုန်ထိုး လျှော့ချခဲ့ကြခြင်း

 

မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေမှာ၂၀၂၃ ခုနှစ် ကုန်ဆုံးရန် တစ်လအလိုတွင် ဆိုးဝါးလာနေကြောင်းကို အရိပ်လက္ခဏာ ပြသသည်။ 
နိုင်ငံ့မြောက်ပိုင်းရှိ ပြည်နယ်များတွင် ပြင်းထန်သည့် ပဋိပက္ခများ  အသစ်တဖန် အရှိန်မြင့်လာမှုက အရင်ကတည်းက ဝယ်လိုအား အားပျော့နေခဲ့သည့် အခြေအနေကို ပိုခက်ခဲလာစေခဲ့သည်။ ဖောက်သည်များထံတွင် ငွေရေးကြေးရေး အခက်အခဲများ ရှိနေကြောင်းကို ကုမ္ပဏီ အများအပြားတို့က စစ်တမ်းဖြေဆိုရာတွင် အစီရင်ခံကြသည်။ 
သို့ဖြစ်ရာ စက်ရုံ အော်ဒါများနှင့် ထုတ်လုပ်မှုများ  ကျဆင်းလာခြင်း အရှိန်တက်လာခဲ့သည်ကို မှတ်တမ်း တင်ခဲ့ကြပြီး ကုမ္ပဏီများသည် နိုဝင်ဘာတွင် မိမိတို့၏ ဝယ်ယူရေး လုပ်ကိုင်မှုများကို တဟုန်ထိုး လျှော့ချခဲ့ကြသည်။ 
ထို့အပြင် ကုန်ကြမ်း ရှားပါးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် အပြီးမသတ်နိုင်သေးသည့် အလုပ်ကြွေးများ စုပုံနေခြင်း သိသိသာသာ ပိုများလာသည်။ မှတ်တမ်းတလျှောက် တတိယအများဆုံး ဖြစ်သည်။

လုပ်ငန်းလည်ပတ်မှု စရိတ်စကများသည်လည်း နိုဝင်ဘာလတွင် လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အရှိန်မြင့်လာခဲ့သည်။ 
သို့သော်လည်း၊ ရောင်းဈေးများမှာမူ အနည်းငယ် သင့်တင့်သည့် နှုန်းဖြင့်သာ တက်သွားခဲ့ပြီး၊ အချို့နေရာများတွင် အော်ဒါအသစ်များကို ပိုမိုရရှိရန်  ကြိုးပမ်း အားထုတ်သည့်အနေနှင့် ကုမ္ပဏီများက မိမိတို့၏ ကုန်စည်များအတွက် လျှော့ဈေးကို ကမ်းလှမ်းခဲ့ကြသည်။

အကျဘက် နယ်ပယ်ထဲသို့ နက်ရှိုင်းစွာ ကျဆင်းလာသော အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု PMI® အညွှန်းကိန်း - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထား သည့် တစ်ခုတည်းသော အညွှန်းကိန်းကို နိုဝင်ဘာလတွင် ၄၈.၁ တွင် မှတ်တမ်းတင်သည်။  အောက်တိုဘာ၏ ၄၉.၀ ထက် ကျဆင်းသွားသည်။ အဓိက အကျဆုံးဖြစ်သည့် ၎င်းအညွှန်းကိန်းသည် ယခုနှစ်ထဲတွင် အနိမ့်ဆုံး ဖြစ်သည်။

စက်မှု ထုတ်လုပ်မှုရော စက်ရုံ အော်ဒါများသည်ပါ သုံးလဆက်တိုက် နိမ့်ဆင်းလာခဲ့ပြီး ကျဆင်းမှုနှုန်းမှာ ၂၀၂၂ ဒီဇင်ဘာမှစပြီး အမြန်ဆုံး ဖြစ်လာသည်။ 
ဖောက်သည်များ ရင်ဆိုင်ကြရသည့် ကြွေးဆပ်ရေး ပြဿနာမှာ အော်ဒါရရှိမှု ကျဆင်းလာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ခဲ့သည်။ 
ထို့အပြင်၊ မြန်မာနိုင်ငံရှိ ဒေသအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခများ အရှိန်မြင့်လာခြင်းကပါ ဝယ်လိုအား အခြေအနေကို ဆက်လက် အားနည်းလာစေခဲ့သည်။ အကျိုးဆက်အဖြစ် အော်ဒါအသစ်များ ကျဆင်းလာခြင်းကြောင့် ထုတ်လုပ်သူတို့သည် ထုတ်လုပ်မှုများကို လျှော့ချကြရသည်။


 


အော်ဒါအသစ်များ ကျဆင်းလာခြင်းနှင့် အလုပ်မှနှုတ်ထွက်ခြင်းများ နေရာအနှံ့ ဖြစ်ပေါ်ခဲ့သည်။
ထုတ်လုပ်မှုကဏ္ဍထဲတွင် အလုပ်နေရာများ နိုဝင်ဘာလမှာ ခြောက်လဆက်တိုက်အဖြစ် လျေ‌ာ့ကျခဲ့ပြီး လျှော့ချသည့်နှုန်းမှာ ဇန်နဝါရီမှစပြီ ယခုအထိ ကာလအတွင်း အမြန်ဆုံးဖြစ်လာသည်။ ကုန်စည်ထုတ်လုပ်သူတို့သည် နောက်ဆုံး သုံးလပတ်၏ အလယ်ပိုင်းတွင် မိမိတို့၏ ဝယ်ယူရေး လုပ်ငန်းများကိုပါ လျှော့ချခဲ့ကြရာ ငါးလဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

သို့ဖြစ်ရာ သိုလှောင်ထားသည့် ကုန်ပစ္စည်းများကိုသာ ဆက်လက် အားကိုးခဲ့ကြရပြီး ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ကုန် နှစ်မျိုးစလုံး နိုဝင်ဘာလတွင် တဟုန်ထိုး ကုန်ခမ်းလာခဲ့ကြသည်။

လုံခြုံရေး အခြေအနေ ဆုတ်ယုတ်လာမှုက ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများကို ပိုကြီးထွားလာစေခဲ့ပါသည်။ 
ကုမ္ပဏီအချို့တို့က ကုန်သွယ်ရေး လိုင်စင်ရယူရန် ကြိုးစားနေရချိန်မှာ အများအပြားတို့က ကုန်ကြမ်းများ ရှားပါးနေပြီး ပို့ဆောင်ရေး အခက်အခဲများ ရှိနေကြောင်းကို စစ်တမ်းဖြေဆိုရာတွင် တင်ပြကြသည်။
မကြာမီက ပဋိပက္ခမှများ အရှိန်မြင့်လာခြင်းက  ရင်းမြစ်များကို ရှာကြံရာတွင် လည်းကောင်း၊ ထည့်ကုန်မျာကို ဝယ်ယူရာတွင် လည်းကောင်း ပို၍ခက်ခဲလာစေသည်။ 
နိုဝင်ဘာဒေတာက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ၏ အခြေအနေ ပိုမိုခဲယဉ်းနေခြင်းကို မီးမောင်း ထိုးပြနေသည်။ ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာ သိသာသည့်နှုန်းဖြင့် ပိုကြာလာသည်။ အောက်တိုဘာလတွင် ကြုံခဲ့ရသည်ထက် ပိုထင်ရှားလာခဲ့သည်။

ပစ္စည်းပေးသွင်းမှု ကြန့်ကြာမှုများ၊ ကုန်ကြမ်း ရှားပါးမှုများ၊ လျှပ်စစ်မီးပျက်မှုများနှင့် လူအင်အား မလုံလောက်မှုများ ရင်ဆိုင်နေရချိန်မှာ မပြီးပြတ်ဘဲ ကျန်ရစ်သည့် အလုပ်ကြွေးများသည် နိုဝင်ဘာတွင် သိသာစွာ မြင့်တက်လာခဲ့သည်။ အလုပ်ကြွေးများ
စုပုံလာခဲ့မှု နှုန်းမှာ မှတ်တမ်းတလျှောက်တွင် တတိယ အမြန်ဆုံး ဖြစ်လာပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထည့်ကုန် ကုန်ကျစရိတ်များသည် တဟုန်ထိုး တက်လာခဲ့ပြီး တက်သည့်အရှိန် ပိုမြင့်လာသည်။ 
လက်နက်ကိုင် တိုက်ခိုက်မှုများ အရှိန်ပိုမြင့်လာခြင်းကြောင့် ပို့ဆောင်ရေးစရိတ်များ ပိုမြင့်လာခဲ့ပြီး ကုန်ကြမ်းပစ္စည်းများ ရှားပါးမှု ပိုပြင်းထန်လာခဲ့ရသည်။ 
အချို့သော ကုမ္ပဏီများက ဒေါ်လာ ကျပ်ငွေ လဲလှယ်နှုန်း ကျဆင်းလာခြင်းက လည်ပတ်မှု ကုန်ကျစရိတ်များကို  မြင့်တက်စေခဲ့ကြောင်းကိုပါ ထောက်ပြကြသည်။ 
သို့သော်လည်း၊ မိမိတို့၏ ကုန်ကျစရိတ်များကို ဈေးဝယ်များအပေါ်သို့ လွှဲဖို့ချရန် ဈေးတက်သည့်နည်းလမ်းကို ရွေးချယ်ခဲ့ကြသည့် ကုမ္ပဏီများ နည်းခဲ့ပြီး အချို့သော ကုမ္ပဏီများကမူ တိုးပြီး ရောင်းနိုင်ရန် လျှော့ဈေးများ ကမ်းလှမ်းသည့်နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။ 
သို့ဖြစ်၍ ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ခြုံကြည့်လျှင် အသင့်အတင့်သာ ရှိခဲ့ပြီး တစ်နှစ်ကျော်အတွင်း အားအပျော့ဆုံး ဖြစ်ခဲ့ပါသည်။

နောက်ဆုံးအနေနှင့် တင်ပြလိုသည်မှာ မြန်မာနိုင်ငံတွင်းရှိ ကုန်စည် ထုတ်လုပ်သူတို့အကြား ယုံကြည်မှုမှာ အောက်တိုဘာနှင့်စာလျှင် မသိမသာ တိုးတက်လာခဲ့သည့်တိုင်အောင် စစ်တမ်းသမိုင်းစဉ်အရ အား ပျော့လျက် ရှိနေပါသည်။ 
ထုတ်လုပ်မှု တိုးလာခဲ့မှုမှာ အဓိကအားဖြင့် လာမည့် လများအတွင်းမှာ ထုတ်လုပ်ရေးကဏ္ဍထဲမှာ အခြေအနေ တိုးတက်လာမည်ဟု မျှော်လင့်ထားခြင်းကို အခြေခံပါသည်။ ကုန်ကြမ်းပစ္စည်းများ ရှားပါးခြင်းနှင့် ဈေးကွက်မတည်ငြိမ်မှုက အနာဂတ် မျှော်မှန်းချက်ကို ယုတ်လျော့စေခဲ့ပါသည်။

 

သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်မှာ-

"မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍဟာ အဓိက အညွှန်းကိန်း နိုဝင်ဘာလတွင် အကျဘက် နယ်ပယ်ထဲသို့ ဆက်လက် လျှောဆင်းသွားခြင်းက ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး သုံးလပတ်ကို မဝံ့မရဲ ခြေလှမ်းများဖြင့် ဆက်လှမ်းလိုက်ခြင်းပါပဲ။ ဒီလရဲ့ ဒေတာက နိုင်ငံ့မြောက်ပိုင်း ဒေသတစ်ဝန်း လုံခြုံရေး အခြေအနေ ဆုတ်ယုတ်လာမှုက ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်နေတာကို မီးမောင်းထိုးပြလိုက်ပါတယ်။

"ထုတ်လုပ်မှုနှင့် အော်ဒါအသစ်တို့တွင် ကျဆင်းမှု ပိုမြန်လာတာကို မှတ်တမ်းတင်ခဲ့ကြတယ်။ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ ထုတ်လုပ်သူတို့က အလုပ်နေရာများကို လျော့ချခဲ့ကြပြီး ဝယ်ယူရေးကိုလည်း လျှော့ချခဲ့ကြတယ်။

"အဲဒါ့အပြင်၊ ကုန်ကြမ်း ရှားပါးမှုများ၊ ထည့်ကုန်များအတွက် ပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာခြင်းနှင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိမြဲရှိနေခဲ့ပါတယ်။ အဲဒီထက်ပိုပြီး နိုင်ငံ့မြောက်ပိုင်းက တိုက်ခိုက်မှုတွေက ထုတ်လုပ်သူတို့ လုပ်ကိုင်ကြရတဲ့ အခြေအနေကို ပိုပြီးခဲယဉ်းလာစေရန် ဖန်တီးပေးခဲ့ကြတဲ့အတွက် အဲဒီလို စိန်ခေါ်မှုတွေဟာ နိုဝင်ဘာလထဲမှာ ပိုလို့ကြီးထွားလာတာကို မြင်နေကြရပါတယ်။

"မကြာမီက ပဋိပက္ခ တိုက်ခိုက်မှုများ ပိုအရှိန်မြင့်လာနေပြီး နိုင်ငံရေး အခြေအနေ ပိုပြီး မရေမရာ ဖြစ်လာနေလျက် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုများ အားကောင်းနေကာ နိုင်ငံတကာ အခြေအနေ အခြေမသာတဲ့ အခြေအနေမျိုးထဲမှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍအတွက် အနာဂတ်ဟာ အတော်ကလေး မှောင်ရိပ်သန်းလျက် ရှိနေဆဲပါပဲ”


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 291 times