ဇန်နဝါရီလ မြန်မာကုန်ထုတ်လုပ်မှု အခြေအနေ ပိုဆိုးဝါးလာသော်လည်း လေးနှစ်နီးပါး ကာလတွင် လုပ်ငန်းယုံကြည်ချ


01 February, 2024

ဇန်နဝါရီလ မြန်မာကုန်ထုတ်လုပ်မှု အခြေအနေ ပိုဆိုးဝါးလာသော်လည်း လေးနှစ်နီးပါး ကာလတွင် လုပ်ငန်းယုံကြည်ချက် အမြင့်မားဆုံးဖြစ်ခဲ့

 

၂၀၂၄ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U


စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်တစ်ခု ဖြစ်သည့်တိုင် လေးနှစ်နီးပါးမျှ ကာလတွင် လုပ်ငန်းယုံကြည်ချက် အမြင့်မားဆုံးဖြစ်ခဲ့

 

S&P Global မြန်မာ ထုတ်လုပ်မှု PMI®

 

အဓိက တွေ့ရှိချက်များ

 

• ကမ္ဘာ့ကပ်ရောဂါနောက်ပိုင်းတွင် ထုတ်လုပ်ရေးတိုးတက်မှု အပေါ် လုပ်ငန်းများက အကောင်းအမြင်ဆုံး ဖြစ်သည်

 

• ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များ ရရှိမှု ပိုမိုအားပျော့စွာ ကျဆင်းနေသော်လည်း ကျဆင်းမှု သိသာထင်ရှားသည်

 

• ထောက်ပံ့ရေးကွင်းဆက်များသည် ဆိုးဆိုးရွာရွား ရုန်းကန် နေရဆဲဖြစ်သည်

 

 

ဇန်နဝါရီလဒေတာတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကို တွေ့ရပြီး ၂၀၂၃ နှစ်ကုန်ပိုင်းတွင် မြင်တွေ့ခဲ့ရသည့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းမှုသည် နှစ်သစ်သို့ ပါလာသည်။ 

အမှာစာအသစ်များနှင့် ထုတ်လုပ်မှုပမာဏ နှုန်းများသည် သတိပြုမိဖွယ်နှုန်းဖြင့် လျော့ကျခဲ့သည်။ 

သို့ဖြစ်ရာ လုပ်ငန်းများသည် လုပ်သားအရေအတွက်နှင့် ကုန်ပစ္စည်းဝယ်ယူမှုများကို လျှော့ချခြင်းဖြင့် လျော့နည်းလာသော လိုအပ်ချက်များနှင့် အညီဖြစ်စေရန် ၎င်းတို့၏လုပ်ကိုင်ဆောင်ရွက်မှုများကို ချိန်ညှိခဲ့ကြသည်။ 

ဤအချိန်အတောအတွင်း နိုင်ငံ၏မြောက်ပိုင်းဒေသများမှ လက်နက်ကိုင် ပဋိပက္ခက ထောက်ပံ့ရေးကွင်းဆက်များအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခု ထပ်ဖြစ်လာခဲ့ပါသည်။

 

မည်သို့ပင်ဖြစ်စေ နှစ်သစ်ကူးချိန်က ကုန်ပစ္စည်းထုတ်လုပ်သူများအကြားတွင် အကောင်းမြင်စိတ် ကို ရုတ်ချည်းဖြစ်ပေါ်စေခဲ့သည်။ 

လာမည့် ၁၂ လအတွင်း ကုန်ထုတ်လုပ်မှု ပိုမိုမြင့်မားလာရန် လုပ်ငန်းများက မျှော်လင့်နေကြပြီး လေးနှစ်နီးပါး ကာလအတွင်း လုပ်ငန်းယုံကြည်ချက်သည် အမြင့်မားဆုံး ဖြစ်ခဲ့သည်။

 

ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်အတွက် အညွှန်းကိန်းတစ်ခုဖြစ်သော S&P Global Myanmar ထုတ်လုပ်ရေး PMI® သည် ၁၂ လအတွင်း အနိမ့်ဆုံးဖြစ်ခဲ့သော ၄၂.၉ မှ ဇန်နဝါရီလတွင် ၄၄.၃ အထိ မြင့်တက်ခဲ့သည်။

 လွန်ခဲ့သောလေးလ၏ တစ်လစီတွင် လျော့ကျမှုကို PMI က ပြသသည်။ ထို့အပြင် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အခြေအနေများသည်လည်း သမိုင်းကြောင်းအရ မြင့်မားသောနှုန်းဖြင့် ဆက်လက်ကျဆင်းနေခဲ့သည်။

 

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဇန်နဝါရီလ၌ စွမ်းဆောင်ရည် နိမ့်ကျခြင်း၏ အဓိကအချက်မှာ အမှာစာအသစ်များ ဆက်လက်လျော့နည်းမှုကြောင့် ဖြစ်သည်။ 

နဂိုရှိထားသော ဝယ်လိုအား နည်းပါးမှုများကို နိုင်ငံ၏ မြောက်ပိုင်းဒေသများ၌ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခ၏ ရိုက်ခတ်မှုကြောင့် စက်ရုံအမှာစာများ ရရှိမှု သိသာထင်ရှားစွာ လျော့ကျမှုကို ဖြစ်စေခဲ့သည်။ 

ယင်းကြောင့် လုပ်ငန်းများသည် ၎င်းတို့၏ ထုတ်လုပ်မှုပမာဏများကို များစွာလျှော့ချခဲ့ကြသည်။ ဤသို့ဖြစ်စေကာမူ လျော့နည်းမှုနှုန်းများသည် ဒီဇင်ဘာလတွင် တွေ့ခဲ့ရသည်ထက် ပိုမိုနည်းပါးသည်။

 

လုပ်ငန်းများသည် နှစ်အစပိုင်းတွင် ၎င်းတို့၏ ကုန်ပစ္စည်းဝယ်ယူမှု ပမာဏများကိုလည်း များစွာ လျှော့ချခဲ့ကြသည်။ သို့ရာတွင် ထုတ်လုပ်မှုအပိုင်းတွင် လျော့နည်းမှု နည်းပါးလာခြင်းနှင့်အညီ ဝယ်ယူမှုများသည်လည်း ထပ်လျှော့ဖို့ လိုအပ်သဖြင့် ဇန်နဝါရီလတွင် ဝယ်ယူမှုများ ပိုနှေးသောနှုန်းဖြင့် ကျဆင်းခဲ့သည်။

 

ထို့အပြင် နိုင်ငံတဝှမ်း လက်နက်ကိုင်အကြမ်းဖက်မှု မြင့်တက်လာခြင်းက ကုန်သွယ်ရေးလမ်းကြောင်းများအပေါ်  ဆိုးဆိုးရွားရွား သက်ရောက်မှုရှိခဲ့ပြီး ကုန်ပစ္စည်း ပြတ်လပ်မှုများကို ဖြစ်စေခဲ့သောကြောင့် ထောက်ပံ့ရေးကွင်းဆက်များသည် ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ခဲ့ပါသည်။ 

 

ရလဒ်အနေဖြင့် ဝယ်ယူမှုများအတွက် တင်ပို့ချိန်များသည် စံချိန်တင် အကြာဆုံးအဖြစ် ဆက်လက်တိုးလာခဲ့သည်။

 

ဝယ်ယူမှု နည်းပါးလာကာ ရောင်းချမှုစွမ်းဆောင်ရည် ယိုယွင်းလာသည့်ကြား၌ ကုမ္ပဏီများသည် ၎င်းတို့၏ လက်ဝယ်ရှိ လက်ကျန်ပစ္စည်းများကို ဆက်လက်သုံးစွဲခဲ့ကြသည်။ ရလဒ်အားဖြင့် ထုတ်လုပ်မှုအကြို နှင့် ထုတ်လုပ်ပြီး ကုန်ပစ္စည်းလက်ကျန်စာရင်းများသည် ဇန်နဝါရီလတွင် သိသိသာသာ လျော့နည်းကြောင်း မှတ်တမ်းဝင်ခဲ့ပြီး ထုတ်လုပ်မှုအကြို ကုန်ပစ္စည်းလက်ကျန်များသည် ၁၃ လအတွင်း အမြင့်ဆုံးနှုန်းဖြင့် ကုန်ဆုံးသွားခဲ့သည်။

 

ဝယ်လိုအား ယိုယွင်းလာမှုများနှင့်အညီ ကုန်ပစ္စည်းထုတ်လုပ်သူများသည် ၎င်းတို့၏ ဝန်ထမ်း အရေအတွက်ကိုလည်း လျှော့ချခဲ့ကြပြီး ယခုအခါတွင် လျော့နည်းမှုမှာ ရှစ်လဆက်တိုက် ရှိပြီဖြစ်ကြောင်း မှတ်တမ်းတင်ရပါသည်။ 

 

ထို့အပြင် အလုပ်အကိုင် ဆုံးရှုံးမှုနှုန်းသည် ကဏ္ဍပေါင်းစုံ တွင် ဆက်လက်မြင့်မားနေခဲ့သည်။ အလုပ်သမားများက အခြားနေရာတွင် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေကြခြင်း သို့မဟုတ် မွေးရပ်မြေသို့ ပြန်သွားကြခြင်းကြောင့် ဆန္ဒအလျောက် အလုပ်ထွက်သူများ ရှိကြောင်းကိုလည်း အဖွဲ့ဝင်များက အစီရင်ခံခဲ့ကြသည်။

 

ကုန်ပစ္စည်းပြတ်လပ်မှုများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့်အတူ လူ့စွမ်းအားရင်းမြစ်များ မရှိခြင်းကြောင့် အလုပ်ကြွေးများသည် ဇန်နဝါရီလတွင် လျင်မြန်သောနှုန်းဖြင့် ပြန်လည်မြင့် တက်လာခဲ့သည်။ ထို့အပြင် အလုပ်ကြွေးများ စုပုံသည့်နှုန်းသည် ဒေတာကောက်ယူမှု စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစ၍ မှတ်တမ်းဝင်ခဲ့သမျှတွင် အမြန်ဆုံး ဖြစ်ခဲ့သည်။

 

ဈေးနှုန်းပိုင်းတွင် ဝယ်ယူမှုဈေးနှုန်းများနှင့် ထုတ်လုပ်မှု အဖိုးအခများသည် မြင့်မားစွာတက်လာခဲ့ပြီး ဇန်နဝါရီလတွင် သမိုင်းကြောင်းအရ အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့သည်။ 

ကုန်ကြမ်းပစ္စ ည်းဈေးနှုန်းများ ပိုကြီးလာကြောင်း လုပ်ငန်းများက မှတ်ချက်ပြုခဲ့ကြပြီး ကျပ်ငွေနှင့်ဒေါ်လာ ငွေလဲနှုန်း မကောင်းမွန်ခြင်းက ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး မြင့်တက်မှုကို ဖြစ်စေခဲ့သည်။ ယင်းကြောင့် လုပ်ငန်းများက ၎င်းတို့၏ အဖိုးအခများကို တိုးမြှင့်ခဲ့ကြသည်။

 

နောက်ဆုံးအနေဖြင့် လက်ရှိစိန်ခေါ်မှုများ ရှိနေသည့်တိုင် ကုန်ထုတ်လုပ်မှုအပေါ် ရှုမြင်သုံးသပ်ချက်မှာ မြန်မာနိုင်ငံတွင် အခြေပြုသော ကုန်ပစ္စည်းထုတ်လုပ်သူများအကြား ကောင်းမွန်လာခဲ့သည်။ မျှော်မှန်းချက်အဆင့်မှာ လေးနှစ်နီးပါး ကာလအတွင်း အားအကောင်းဆုံးဖြစ်ပြီး ရေရှည် ပျမ်းမျှအနေအထားနှင့် ပိုမိုနီးစပ်လာခဲ့သည်။

 

သုံးသပ်ချက်

 

နောက်ဆုံးရ စစ်တမ်းရလဒ်များအပေါ် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က မှတ်ချက်ပြုသည်မှာ -

 

“ကံမကောင်းစွာနဲ့ဘဲ နှစ်သစ်တစ်ခု အစပြုခြင်းက မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် ပြဿနာတွေ ပြီးဆုံးသွားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်ထုတ်လုပ်မှုက ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဝယ်လိုအား အခြေအနေတွေက ယိုယွင်းနေခဲ့ပြီး လုပ်ငန်းတွေက ထုတ်လုပ်မှု၊ အလုပ်ခန့်ထားမှုနဲ့ ဝယ်ယူမှုတွေကို လျှော့ချဖြတ်တောက်ထားပါတယ်။

 

“ပြည်တွင်းက မသေချာမရေရာမှုတွေနဲ့ လုံခြုံရေး စိုးရိမ်ကြောင့်ကြမှုတွေအပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျပ်တည်းမှုတွေက မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို စိန်ခေါ်မှု ရှိလာမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း ပိုကြီးမှုနဲ့ ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ကျပ်ငွေတန်ဖိုး လျော့ကျမှုတို့ကြောင့် ဖြစ်လာတဲ့ ငွေကြေးဖောင်းပွမှု ဖိအားတွေကလည်း ဆက်ရှိနေပါလိမ့်မယ်။

 

"စိန်ခေါ်မှုရှိလောက်အောင် အလုပ်ကြွေးရှိနေတဲ့ကြားကပင် နိုင်ငံတဝှမ်းမှာရှိတဲ့ ကုန်ထုတ်လုပ်သူတွေက နှစ်သစ်တခု အစပိုင်းမှာ အကောင်းမြင်စိတ်ကို ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်ခဲ့ကြပါတယ်။ ယုံကြည်စိတ်ချမှု အဆင့်တွေက လေးနှစ်နီးပါးအတွင်းမှာ အမြင့် ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမျှော်မှန်းချက်တွေက တကယ် အကျိုးရှိလာမှာလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ"


TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

Industry Reviews Read 315 times