မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍ စက်တင်ဘာလတွင် ကုန်ကြမ်း ရှားပါးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများမှ


02 October, 2023

မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍ စက်တင်ဘာလတွင် ကုန်ကြမ်း ရှားပါးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများမှာ အဓိက စိုးရိမ်စရာ အချက်များဖြစ်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်တွင်  ထုတ်ပြန်သည့်  ၂၀၂၃ ခုနှစ် စက်တင်ဘာလ S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


 

စက်တင်ဘာလတွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ အသစ်တဖန် ကျဆင်းလာခြင်း

အဓိက တွေ့ ရှိချက်များ
• ၂၀၂၂ ဒီဇင်ဘာမှစပြီး ထုတ်လုပ်မှု အပြင်းထန်ဆုံး ကျဆင်းလာခြင်း
• စက်ရုံအော်ဒါများ ထပ်မံ ကျဆင်းလာသော်လည်း ဒသမဂဏန်းမျှသာ ဖြစ်ခြင်း
• လက်ကျန်စာရင်းများ ဆက်ကျဆင်းလာမှုမှာ သိသာခဲ့ခြင်း

 

 

 

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် စက်တင်ဘာလတွင် အဓိကအားဖြင့် တုန့်ဆိုင်းနေခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ အသစ်တဖန် ကျဆင်းလာခဲ့သည်။ 
ထို့အပြင် ဝယ်လိုအားကျလာသည်နှင့်အမျှ ကုမ္ပဏီများသည် မိမိတို့၏ လုပ်သားဦးရေကို ပို၍လျှော့ချခဲ့ကြသည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထည့်ကုန်စရိတ်များနှင့် ရောင်းဈေးများမှာ ၂၀၂၃ခုနှစ်အတွင်း ဒုတိယအမြန်ဆုံး တိုးလာခဲ့ပြီး အရှိန်အမြင့်ဆုံး ဖြစ်လာကာ ငွေကြေးဖောင်းပွမှု၏ဖိအားပေးမှုများမှာ အရှိန်မြင့်လျက် ရှိနေသေးသည်။

အဓိကအကျဆုံး S&P Global မြန်မာ စက်မှုထုတ်လုပ်မှု အညွှန်းကိန်း PMI™ –ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသောအညွှန်းကိန်းကို - စက်တင်ဘာလတွင် ၅၀.၁ တွင် မှတ်တမ်းတင်လိုက်ရာ သြဂုတ်လ၏ ၅၃.၀ ထက် နိမ့်ကျသွားခဲ့ပြီး ခုနစ်လဆက်တိုက် တိုးတက်ခဲ့မှု၏ နောက်မှာ လုပ်ငန်း အခြေအနေများ ကျယ်ပြန့်စွာ တည်ငြိမ်လာမှုကို ပြသလိုက်သည်။
စက်မှုကဏ္ဍတဝန်း အရှိန်ကျလာမှုအတွက် အဓိကအကြောင်းရင်းမှာ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ထပ်မံလျော့နည်းလာမှု ဖြစ်ခဲ့သော်လည်း အော်ဒါအသစ်များ ကျဆင်းမှုမှာ ဒသမဂဏန်းမျှ ဖြစ်ခဲ့သည်။ 
ဝယ်လိုအား အားပျော့လာခဲ့မှုအတွက် အဓိကအားဖြင့် PMI အချက်များထဲမှ အကျယ်ပြန့်ဆုံး အစိတ်အပိုင်း နှစ်ခု အသစ်တဖန် ကျဆင်းလာမှုကို အပြစ်ဖို့ခဲ့ကြပါသည်။ ဈေးဝယ်များထံတွင် ရှိနေသည့် ဘဏ္ဍာရေး အခက်အခဲများနှင့် နည်းလာသည့် အော်ဒါများအတွက် ရောင်းဈေးများ မြင့်တက်လာမှုကို ပါဝင်ဖြေကြားသူ အများစုတို့က ထည့်သွင်း ဖေါ်ပြခဲ့ကြသည်။


 

မြန်မာနိုင်ငံ တစ်ဝန်းက ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဇွန်လမှစပြီး ဝန်ထမ်းဦးရေများကို ဖြတ်တောက်လာခဲ့ကြရာ ထုတ်လုပ်ရေးဆိုင်ရာ အမှာစာများ မကြာမီက ကျဆင်းလာမှုကြောင့် စက်တင်ဘာလတွင် အလုပ်နေရာ လျှော့ချမှုများ မသိမသာ ပိုမြန်လာခဲ့ပါသည်။ 
ကုမ္ပဏီများသည် အလုပ်ပမာဏများ ကျဆင်းလာသည်နှင့်အမျှ စက်တင်ဘာလတွင် အလုပ်နေရာများကို တက်ကြွစွာ လျှော့ချလာခဲ့ရကြောင်း မကြာခဏဆိုသလို ထည့်သွင်းဖေါ်ပြကြသည်။ 
ထို့အပြင် အလုပ်သမားများသည် လစာပိုရသည့် အလုပ်နေရာများသို့ ရွှေ့ပြောင်းလိုကြသောကြောင့် မိမိတို့ဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်မှုများရှိခဲ့ကြောင်းကိုပါ အစီရင်ခံမှုများ ရှိပါသည်။

ကုန်စည် ထုတ်လုပ်သူတို့အတွက် ကုန်ကြမ်း ရှားပါးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများမှာ အဓိက စိုးရိမ်စရာ အချက်များဖြစ်ခဲ့ပြီး ၎င်းတို့လက်ထဲကျန်ရစ်ခဲ့သည့် အလုပ်စာရင်းများမှာစက်တင်ဘာလတွင် တဟုန်ထိုး တိုးလာခဲ့သည်။ 
အမှန်စင်စစ်တွင် လက်ကျန်အလုပ်များ စုပုံလာခဲ့သည့်နှုန်းမှာ ဧပြီလမှစပြီး အမြန်ဆုံးဖြစ်လာခဲ့ပြီး သမိုင်းစဉ် ပျမ်းမျှထက် သိသာစွာ မြင့်မားနေသည်။ 
ထို့အပြင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ဆက်လက်၍ အပြင်းအထန် ရှည်ကြာလျက် ရှိနေခဲ့ကြသည်။ ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာခဲ့မှုမှာ မှတ်တမ်းထဲတွင် ဒုတိယ ပူးတွဲ အကြာရှည်ဆုံး ဖြစ်လာသည်။

ယင်းအတောအတွင်း ကုမ္ပဏီများက မိမိတို့၏ ဝယ်ယူမှုများကို လျှော့ချလာမှုမှာ သုံးလဆက်တိုက် ဖြစ်လာပါသည်။ 
ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လည်းကောင်း၊ ဝယ်လိုအား အခြေအနေများ အားပျော့လာမှုကြောင့် လည်းကောင်း ကုမ္ပဏီများသည် ထုတ်လုပ်ပေးရန်  အမှာစာများကို ဖြည့်တင်းပေးရန် မိမိတို့၏ လက်ကျန်ပစ္စည်းများကိုအားကိုးခဲ့ကြပါသည်။ 
သို့သော်လည်း လျော့နည်းလာခဲ့သည့် နှုန်းမှာ မသိမသာမျှသာ ဖြစ်ခဲ့ပြီး ဖေါ်ပြပါအစဉ်ထဲတွင် အားအပျော့ဆုံး ဖြစ်ပါသည်။

ဝယ်လိုအားပြန်ကျလာခဲ့ချိန်မှာ ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ ဆက်မြင့်တက်လာခဲ့ရာ ကုမ္ပဏီများသည် ရှိနေဆဲ သိုလှောင်ကုန်များကို ထုတ်ရောင်းရန် ရွေးချယ်ခဲ့ကြသည့်အတွက် သိုလှောင်ကုန်များသည် စက်တင်ဘာလတွင် အပြင်းအထန် ကုန်ခမ်းလာခဲ့ကြပြန်သည်။
ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးစလုံးတို့သည် သြဂုတ်လတွင် မြင်ခဲ့ရသည့် နှုန်းထက် ပိုပြင်းထန်စွာ ကျဆင်းလာခဲ့ပြီး သမိုင်းစဉ်ဒေတာနှင့် ယှဉ်ကြည့်လျှင် အားကောင်းခဲ့ပါသည်။

ဈေးနှုန်းများကို ယူကြည့်လျှင် ကုန်ကြမ်းပစ္စည်းများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာပြီး ဒေါ်လာ ကျပ်ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့် စရိတ်စကများ၏ ဝန်ထုပ်ဝန်ပိုးများ ရှေ့ဆက် ထိုးတက်လာစေခဲ့သည်။ 
ထည့်ကုန်ဈေးနှုန်းများ၏ ဖောင်းပွမှုမှာ သြဂုတ်လထဲ မြင်ခဲ့ရသည့် နှုန်းထက် နည်းနေသော်လည်း တစ်နှစ်အတွင်း ဒုတိယ အပြင်းထန်ဆုံးဖြစ်လာခဲ့ပါသည်။ 
ထို့အပြင် ထည့်ကုန် တန်ုဖိုးများသည် သမိုင်းစဉ် ပျမ်းမျှထက် သိသာစွာ ဆက်မြင့်တက်လာခဲ့ရာ ကုမ္ပဏီများသည် တက်လာသည့် ကုန်ကျစရိတ်များကို ဈေးဝယ်များအပေါ်သို့ လွှဲဖို့ချခဲ့ကြပြန်ရာ အရှိန်ပိုမြင့်လာခဲ့ပါသည်။

နောက်ဆုံးအနေဖြင့် လာမည့် တစ်နှစ်တာကာလအတွက် အကောင်းမြင်မှုမှာ သမိုင်းစဉ်အရ အားပျော့နေခဲ့လျက် ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်လင့်ကြသည့် ကုမ္ပဏီများမှာ ၁၀%ထက် နည်းခဲ့ပါသည်။ 
ယခုလတွင် လုပ်ငန်းဆိုင်ရာ မျှော်မှန်းချက်များမှာ အားနည်းလာခဲ့ပြီးကုန်ကြမ်း ရှားပါးမှုများ၊ ဈေးကွက်မတည်ငြိမ်မှုများနှင့် မျှော်လင့်ချက်များကို အားနည်းလာစေသည့် ဝယ်လိုအား အားပျော့လာမှုများကို စိုးရိမ်နေကြပါသည်။

 

သုံးသပ်ချက်

S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် ပြောကြားသွားသည်မှာ-

မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေး ကဏ္ဍအတွက် တတိယ သုံးလပတ်ဟာ လုံးဝနီးပါးရပ်တန့်ခြင်းဖြင့် ပြီးဆုံးသွားခဲ့တယ်။ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များမှာ အသစ်တဖန် ကျဆင်းလာခဲ့ချိန်မှာ အလုပ်နေရာများ ဖြတ်တောက်ခံရမှု နှုန်းမှာ ပိုပြင်းထန်လာခဲ့ပါတယ်။ 
နောက်ဆုံး စစ်တမ်းလအတွင်မှာ ဝယ်လိုအားဟာ ပြန်ပြီးကျသွားခဲ့ရာ၊ ထုတ်လုပ်ရေး ကဏ္ဍအနေနှင့် ကုန်ကြမ်း ရှားပါးမှုများ၊ လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ကြန့်ကြာလာမှုများနှင့် လက်ကျန်စာရင်းများ အပြင်းအထန် ကုန်ခမ်းလာမှုတို့လို ကိစ္စများကို ရုန်းကန်နေရရာ ရှိနေဆဲ စိုးရိမ်မှုများကို မီးမောင်းထိုးပြနေပါတယ်။
အဲဒီအတောအတွင်းမှာ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများဟာ မြင့်တက်လျက် ရှိနေကြတုန်းပါပဲ။
အနာဂတ်ဆီကို မျှော်မှန်းကြည့်ရင် အနာဂတ်ဆိုင်ရာ စိုးရိမ်မှုများက ထုတ်လုပ်မှု တိုးလာရေး အလားအလာများကို အားနည်းလာစေပါတယ်။ အဲဒါအပြင် နိုင်ငံတကာ ဈေးကွက်ထဲက အခက်အခဲများနှင့် ပြည်တွင်းထဲက မရေရာမှုများက အားပျော့လာမယ့် စတုတ္ထသုံးလပတ်ကို ညွှန်ပြနေကြပါတယ်။



 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 312 times