အောက်တိုဘာလတွင် မြန်မာနိုင်ငံ ထုတ်လုပ်မှုကဏ္ဍ အကျနယ်ပယ်ထဲ ပြန်လျှောဆင်းသွားခဲ့


01 November, 2023

အောက်တိုဘာလတွင် မြန်မာနိုင်ငံ ထုတ်လုပ်မှုကဏ္ဍ အကျနယ်ပယ်ထဲ ပြန်လျှောဆင်းသွားခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင်  ထုတ်ပြန်သည့်  ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွက် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


S&P Global မြန်မာ ထုတ်လုပ်မှု PMI

အောက်တိုဘာလတွင် လုပ်ကိုင်မှု အခြေအနေများ ကိုးလအတွင်း ပထမအကြိမ် ဆုတ်ယုတ်လာခြင်း

 

အဓိက တွေ့ရှိချက်များ

  • အော်ဒါအသစ်များထဲ ကျဆင်းမှုမြန်လာခြင်းက PMI ကို ၅၀အောက်သို့ တွန်းချလိုက်ခြင်း
  • ထုတ်လုပ်မှုသည် နှစ်လဆက်တိုက် ကျဆင်းလာခြင်း
  • ငွေကြေးဖောင်းပွမှု ဖိအားများ သိသာစွာ အသင့်အတင့် ဖြစ်လာခြင်း

 

 

S&P Global ၏ နောက်ဆုံး PMI™ စစ်တမ်း ဒေတာအရ အဓိကအကျဆုံး အညွှန်းကိန်းသည် ဇန်နဝါရီလမှစပြီး ပထမအကြိမ် အကျဘက် နယ်ပယ်သို့ လျှောဆင်းသွားခဲ့ရာ မြန်မာနိုင်ငံတွင်း ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းက လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။ 
ယင်းကျဆင်းမှုအတွက် အဓိကအကျဆုံးမှာ အော်ဒါ အသစ်များ ရရှိမှု အရှိန်အဟုန်ဖြင့် ဆက်တိုက် ကျဆင်းလာမှု ဖြစ်ပြီး ရလဒ်အနေဖြင့် ထုတ်လုပ်မှုမှာ နှစ်လဆက်တိုက် လျော့နည်းလာခဲ့သည်။ 
ယင်းအတောအတွင်း အလုပ်နေရာ လျှော့ချခံရမှုများ ဆက်ရှိခဲ့ကြောင်း အစီရင်ခံခဲ့ကြပြီး ကုမ္ပဏီများက ဝန်ထမ်းများ ပိုလျှံနေခြင်းကိုရော နုတ်ထွက်ခြင်းများကိုပါ ထည့်ဖေါ်ပြကြသည်။

သို့သော်လည်း အောက်တိုဘာလတွင် စက်မှုကဏ္ဍအတွက် အားတက်စရာ အချက်မှာ ဈေးနှုန်းများ၏ ဖိအားပေးမှုများ အားပျော့လာမှု ဖြစ်ခဲ့ပြီး ၀ယ်လိုအား အခြေအနေများ အားနည်းလာမှု၏ တွန်းအားပေးမှုကြောင့် ဖြစ်ခဲ့သည်။ သွင်းအားစု၊ ဈေးနှုန်းများနှင့် ရောင်းဈေး နှစ်ရပ်စလုံး၏ ငွေကြေးဖောင်းပွမှု နှုန်းများ အသီးသီးသည် စက်တင်ဘာ နောက်ပိုင်းတွင် သိသာစွာ အားပျော့လာပြီး ဆယ်လနှင့် ကိုးလ အတွင်းမှာ အနှေးဆုံး ဖြစ်လာသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်း - သည် စက်တင်ဘာလတွင် တုန့်ဆိုင်းနေခြင်းကို ကျယ်ပြန့်စွာ အချက်ပြခဲ့သည့် နောက်မှာ အောက်တိုဘာလတွင် ၄၉.၀ သို့ နိမ့်ဆင်းသွားခဲ့ရာ အရေးကြီးသည့် ကြားနေအမှတ် ၅၀.၀ အောက်သို့ ကိုးလအတွင်း ပထမအကြိမ် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းက လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာစေသည့် တွန်းအားမှာ ဈေးဝယ်များဘက်တွင် ငွေရေးကြေးရေး အကထပ်အတည်းများ ရင်ဆိုင်နေကြရခြင်းကြောင့် ဝယ်လိုအား အားပျော့လာခြင်း ဖြစ်ပါသည်။ ထို့အပြင် အော်ဒါ အသစ်များသည် နှစ်လဆက်တိုက် ပိုမြင့်သည့် အရှိန်ဖြင့် ကျဆင်းလာခဲ့သည်။

လုပ်ငန်း အမှာစာများ ကျဆင်းလာသည်နှင့်အမျှ ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်လုပ်ရေးနှင့် ဝယ်ယူရေး လုပ်ငန်းများကို လျှော့ချခဲ့ကြသည်။ ထို့အပြင် ယင်းလျှော့ချမှု နှစ်ရပ်လုံး၏ နှုန်းများမှာမူ ယခုလတွင် ပိုမြန်လာခဲ့သည်။


 

အောက်တိုဘာ ဒေတာက အလုပ်နေရာများ ငါးလဆက်တိုက် ကျဆင်းလာမှုကို ထောက်ပြလိုက်သည်။ ဖြေကြားခဲ့သူ အများစုတို့၏ အဆိုအရ နောက်ဆုံးအချီ အလုပ်နေရာ လျှော့ချခံရမှုမှာ မိမိတို့ ဆန္ဒအလျောက် နှုတ်ထွက်မှုများနှင့် ထုတ်ခံရမှု နှစ်မျိုးစလုံး၏ ရလဒ် ဖြစ်ခဲ့သည်။ သို့သော်လည်း လျှော့ချခံခဲ့ရသည့် နှုန်းမှာ လက်ရှိ လျှော့ချခံရမှု အစဉ်ထဲ အားအနည်းဆုံး ဖြစ်ခဲ့သည်။ ယင်းအတောအတွင်းမှာ လက်ကျန် အလုပ်များသည် အမြန်ဆုံးနှုန်းဖြင့် စုပုံလာခဲ့ကြသည်။

ကုမ္ပဏီများသည် မိမိတို့၏ လက်ထဲမှ လက်ကျန် များကို သိသာသည့် နှုန်းများဖြင့် ဆက်ပြီး ထုတ်သုံးခဲ့ကြသည်။ ဝယ်လိုအား အခြေအနေများ ဆက်လက် အားပျော့နေခြင်းက ကုမ္ပဏီများအား သိုလှောင်ကုန် ပမာဏများကို လက်ထဲ ထိန်းသိမ်းထားရန် အားမပေးသည့်အပြင် ၎င်းတို့သည် မကြာခဏဆိုသလို ကုန်ချောများကို ချက်ချင်း ပို့ပေးရန် အားထုတ်ခဲ့ကြသည်။

ပစ္စည်းပေးသွင်းသူတို့၏ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာလတွင် ပိုကြာရှည်လာခဲ့သည်။ ကုမ္ပဏီများသည် တင်သွင်းရေးအတွက် သွင်းကုန်လိုင်စင်များ ရယူရာတွင် အခက်အခဲများ ရှိနေခြင်း၊ ကုန်ကြမ်းများ ရှားပါးနေပြီး အကောက်ခွန်ဌာနတွင် ယာဉ်များ စောင့်ဆိုင်းနေရသည့်အတွက် ပစ္စည်းပေးသွင်းမှု ကြန့်ကြာမှုများ ရှိကြောင်း ပြောပြကြသည်။ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲက ဖိအားပေးမှုများ ဆက်တိုးလာခဲ့သော်လည်း နောက်ဆုံး ဆုတ်ယုတ်လာမှုမှာ သုံးလအတွင်း အားအနည်းဆုံး ဖြစ်လျက် စက်တင်ဘာတွင် မှတ်တမ်းတင်ခဲ့သည်ထက် သိသာစွာ အားနည်းပါသည်။

လာမည့် ၁၂-လအတွက် မြန်မာနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၏ ယုံကြည်မှုမှာ ဖေဖေါ်ဝါရီလမှစပြီး အားအနည်းဆုံး ဖြစ်ခဲ့သည်။ ဈေးကွက် မတည်မငြိမ်မှုများနှင့် ကုန်ကြမ်းပစ္စည်းများ ဆက်ရှားပါးနေခြင်းအတွက် ကြောက်စိတ်များက မျှော်လင့်ချက်များအပေါ် ဖိစီးထားသည်။ သို့သော်လည်း ကုမ္ပဏီအများစုတို့က လာမည့် တစ်နှစ်တွင် ကျဆင်းမည်ဟု မယူဆကြဘဲ ထုတ်လုပ်မှု ပြောင်းလဲမည် မဟုတ်ဟု ခန့်မှန်းကြသည်။

သွင်းအားစု၏ ဈေးနှုန်းများမှာ အောက်တိုဘာလတွင် တဟုန်ထိုး မြင့်တက်လာခဲ့ သည်။ ကုန်ကြမ်းများ ရှားပါးနေခြင်းနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးများ တိုးလာခဲ့သည်။ သို့သော်လည်း ထည့်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှု နှုန်းသည် အသင့်အတင့် ဖြစ်လာသည်မှာ နှစ်လဆက်တိုက် ရှိလာပြီဖြစ်ပြီး ယခုနှစ်ထဲတွင် ယနေ့အထိ အားအပျော့ဆုံး ဖြစ်လျက် ရေရှည်ကာလ ပျမ်းမျှထက် အားပျော့နေခဲ့သည်။ ဈေးနှုန်းများ၏ ဖိအားပေးမှုများ အားပျော့လာခြင်းအတွက် အကြောင်းရင်း တစ်ခုမှာ ဝယ်လိုအား အခြေအနေများ အားနည်းလာခြင်း ဖြစ်သည်။ အလားတူစွာပင် ထုတ်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ကိုးလအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့ပါသည်။

 

သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

"ပစ္စည်းပေးသွင်းရေးဆိုင်ရာ စိန်ခေါ်မှုများနဲ့ ဝယ်လိုအား အခြေအနေများ မကြာမီက ဆိုးဝါးလာခဲ့သည်ကို လုံးပန်းနေရတဲ့ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍဟာ တတိယသုံးလပတ်ရဲ့ အစပိုင်းမှာ အကျနယ်ပယ်ထဲကို ပြန်လျှောဆင်းသွားခဲ့တယ်။ ဒါဟာ အဓိကအကျဆုံး အညွှန်းကိန်းကို ကြားနေအမှတ် ၅၀.၀ ရဲ့ အောက်မှာနောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလမှာ မှတ်တမ်း တင်ခဲ့ပြီး ရှစ်လကြာခဲ့တဲ့ နာလန်ပြန်ထူရေး အစဉ်ကို အဆုံးသတ်ပစ်လိုက်တာပါ။ အော်ဒါအသစ်များ ရရှိမှု အရှိန်ရ ကျဆင်းလာခဲ့လို့ ကုမ္ပဏီများဟာ ထပ်ပြီးတော့ ထုတ်လုပ်မှု ပမာဏကို မတိုးမြှင့်နိုင်ခဲ့ကြပါဘူး။

"နိုင်ငံရေး အခြေအနေ မတည်ငြိမ်တာကို ထည့်တွက်ပြောရပါက ဝယ်လိုအား အခြေအနေများဟာ ဆက်ဆိုးလာကြဦးမလား ဆိုတာကိုခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ အနာဂတ် ထုတ်လုပ်မှု ပမာဏများကို ပြသပေးတဲ့ အညွှန်းတစ်ခုဖြစ်တဲ့ လုပ်ငန်းများရဲ့ ယုံကြည်မှုဟာ သမိုင်းစဉ်အရ နိမ့်ကျလျက် ရှိနေပြီး နိုင်ငံတကာမှာ တိုက်ခတ်နေတဲ့ လေဟာ ကြမ်းတမ်းနေဆဲပါ။ ကောင်းတာကို ထောက်ပြရရင်ဈေးနှုန်းများရဲ့ ဖိပေးမှုများဟာ အောက်တိုဘာလမှာ ကျဆင်းလာခဲ့ပါတယ်။ ”


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 216 times