မြန်မာထုတ်လုပ်မှုကဏ္ဍ  ထုတ်လုပ်မှု ကြီးထွားနှုန်း မေလတွင် သိသိသာသာ နှေးလာ


01 June, 2023

မြန်မာထုတ်လုပ်မှုကဏ္ဍ  ထုတ်လုပ်မှု ကြီးထွားနှုန်း မေလတွင် သိသိသာသာ နှေးလာ

၂၀၂၃ ဇွန်လ ၁ ရက်  တွင် ထုတ်ပြန်သည့်  ၂၀၂၃ ခုနှစ် မေလအတွက် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

ထုတ်လုပ်မှု ကြီးထွားနှုန်းသည် မေလတွင် သိသိသာသာ နှေးလာကြောင်း တွေ့ရသည်။


အဓိက တွေ့ ရှိချက်များ

  • အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု နှစ်ရပ်စလုံး မြင့်တက်မှု အားပျော့လာခြင်း
  • ကုန်ကြမ်းများ ရှားပါးနေပြီး လျှပ်စစ် ပြတ်တောက်မှုများ အကြားတွင် မပြီးပြတ်သေးသည့်လက်ကျန် အလုပ်များ တိုးလာနေခြင်း 
  • ထုတ်လုပ်မှုအပြီး ကုန်ကြမ်းလက်ကျန်များ ကျန်ရှိမှု အနည်းဆုံး ဖြစ်လာခြင်း

 

 

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍသည် ဒုတိယသုံးလပတ် အလယ်တွင် လုပ်ကိုင်မှု အခြေအနေများ ရှေ့ဆက် တိုးတက်လာနေကြောင်းကို မှတ်တမ်းတင်ခဲ့သည်။ 
ဈေးဝယ်များဘက်မှ ဝယ်လိုအား ကောင်းလာခြင်းက စက်မှုကဏ္ဍကို ပံ့ပိုးခဲ့ပြီး အော်ဒါအသစ်များနှင့် ထုတ်လုပ်မှုသည် ငါးလဆက်တိုက် မြင့်တက်လာခဲ့သည်။

လုပ်သားအင်အား၊ ကုန်ကြမ်းပစ္စည်းများနှင့် လျှပ်စစ် ရှားပါးပြတ်တောက်မှုများ‌ကြောင့် ကုမ္ပဏီများသည် လက်ထဲရှိနေသည့် အလုပ်များကို ပြီးစီးရန် လုံးပမ်းနေကြရစဉ် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ တိုးလာမှုကြောင့် အခြေအနေ ပိုဆိုးဝါးလာပါသည်။ 

လက်ကျန် အလုပ်များ တဟုန်ထိုး တိုးလာနေသည့် အခြေအနေမျိုးတွင် မြန်မာနိုင်ငံတွင်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများသည် ထုတ်လုပ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လက်ကျန်ကုန်ကြမ်းများကို ပိုမို အားကိုးနေကြရသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွန်းကိန်း PMI™ ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ မေလတွင် ကြားနေအမှတ် ၅၀.၀ ၏ အထက်မှာ လေးလဆက်တိုက် ရောက်ရှိနေခဲ့သည်။ 
မေလအတွက် နောက်ဆုံး အညွန်းကိန်း ၅၃.၀ မှာ ၅၀.၀ အောက်တွင် ရှိနေသည့် စစ်တမ်းသမိုင်းတစ်လျှောက်လုံးအတွက် ပျမ်းမျှ အညွှန်းကိန်း (၄၈.၀) ထက် မြင့်နေသော်လည်း ဧပြီလ၏ စံချိန်တင် ၅၇.၄ ထက် နိမ့်ဆင်းသွားခဲ့ပါသည်။
 ဖေဖေါ်ဝါရီလမှစပြီး လုပ်ငန်း အခြေအနေများ  တိုးတက်လာမှု အားအပျော့ဆုံး ဖြစ်နေကြောင်းကို ပြသပါသည်။
 
စက်ရုံ အော်ဒါများသည် မေလတွင် တဟုန်ထိုး တိုးရလာခဲ့သော်လည်း ဒုတိယသုံးသလပတ် အစပိုင်းတွင် မြင်ခဲ့ရသည့် စစ်တမ်း၏ အမြင့်ဆုံးနှုန်းနှင့်စာလျှင် အားပျော့ခဲ့ပါသည်။ 
စစ်တမ်းတွင် ပါဝင်ဖြေဆိုကြသူ အများစုတို့က ထောက်ပြကြသည့်အတိုင်းဆိုလျှင် ဈေးဝယ်များဘက်မှ ဝယ်လိုအား တိုးလာမှုက အော်ဒါအသစ်များ တိုးရလာရေးကို ထောက်ကူခဲ့သည်။ အလားတူစွာပင် စက်မှု ထုတ်လုပ်မှုသည် ရှေ့ဆက် တိုးလာကြောင်းကိုပါ ၎င်းတို့က မေလတွင် အစီရင်ခံခဲ့ကြသော်လည်း တိုးလာသည့်နှုန်းမှာမူ ပိုနှေးခဲ့ပါသည်။

 

 


ထုတ်လုပ်မှု ဦးမော့နေခြင်းသည်  အားပျော့လသဖြင့် ဝယ်ယူရေး လုပ်ငန်းများ တိုးမြှင့်ပြုလုပ်ရန် အားပျော့လာစေခဲ့ပြီး အလုပ်သမား အရေအတွက်ကို ဒသမဂဏန်းမျှသာ တိုးလာစေခဲ့သည်။ သို့သော်လည်း ယခုလသည် ၂၀၂၂ ခုနှစ် အစပိုင်းမှစပြီး ဝယ်ယူမှုနှင့် အလုပ်နေရာ နှစ်ရပ်စလုံး တိုးလာနေခြင်းကို ပြသနေသည့် တစ်ခုတည်းသော ဒုတိယမြောက်လ ဖြစ်လာပါသည်။

ထုတ်လုပ်သူတို့အကြားက ယုံကြည်မှုသည် မေလတွင် အရှိန်ရလာခဲ့သည်။ ထုတ်လုပ်သူတို့အကြား အပြုသဘော ရှုမြင်မှုမှာ ၂၀၂၁ ဇန်နဝါရီမှစပြီး အားအကောင်းဆုံး ဖြစ်လာသည်။ ထုတ်လုပ်မှုသည် လာမည့် ၁၂ လ အတွင်း တိုးလာမည်ဟု ကုမ္ပဏီများ မျှော်လင့်ကြပါသည်။ အချို့သော ကုမ္ပဏီများက လျှပ်စစ်ဓာတ်အား ရရှိခြင်း ပိုကောင်းလာပါက ထုတ်လုပ်မှုကို တိုးချဲ့ရန် ထောက်ကူပေးနိုင်မည်ဟုလည်း မျှော်မှန်းကြသည်။

မကြာမီက ဝယ်လိုအား ကောင်းလာမှုသည် ထုတ်လုပ်ရေး ကုမ္ပဏီများ တစ်ဝန်းတွင် နာလန်ပြန်ထူရေးကို ပံ့ပိုးခဲ့သော်လည်း ပစ္စည်းပေးသွင်းရေးဆိုင်ရာ စိန်ခေါ်မှုများက တိုးတက်မှုကို ဆက်ပြီး ဟန့်တားနေပါသည်။ 
ကုမ္ပဏီများသည် လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ကုန်ကြမ်း ရှားပါးမှုများနှင့် အလုပ်သမားများကို အလုပ်မှာ မြဲနေအောင် ထိန်းထားရန် ခက်ခဲမှုများကို အစီရင်ခံနေကြပြီး လက်ကျန် အလုပ်စာရင်းများမှာလည်း စံချိန်တင်နှုန်းဖြင့် မြင့်တက်လာနေသည်။ 
မေလစစ်တမ်းထဲ ပါဝင်ဖြေဆိုခဲ့ကြသူ ၉၀% ကျော်တို့က မပြီးစီးဘဲ ကျန်ရစ်ခဲ့သည့် အလုပ်ပမာဏများ တိုးလာနေကြောင်း ထောက်ပြကြသည်။ ထိုအချက်က လက်ကျန်ကုန်ကြမ်းများကို ရှေ့ဆက် ကုန်ခမ်းလာစေခဲ့သည်။ ထုတ်လုပ်မှု အကြိုနှင့် အပြီး  နှစ်ရပ်စလုံးတွင် သိုလှောင်ကုန်များသည်  လေးနှစ်အတွင်းမှာ အနည်းဆုံးအဖြစ်သို့ လျော့ကျလာခဲ့သည်။ ထို့အပြင် ကုန်ချော သိုလှောင်ထားမှုသည်လည်း မှတ်တမ်းတွင် အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ပါသည်။

ထိုပြင် နောက်ဆုံး စစ်တမ်းသည် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် ရှေ့ဆက် ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။ ပထမ သုံးလပတ်တွင် အားပျော့မှု လက္ခဏာအချို့ကို ပြသခဲ့သည့် နောက်မှာ မေလတွင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲမှ ဖိအားပေးခြင်းများ ပြန်လည်အားကောင်းလာခဲ့ပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ရှစ်လအတွင်း အကြာမြင့်ဆုံး ဖြစ်လာခဲ့သည်။ ကုန်ကြမ်း ရှားပါးမှုများ၊ တင်သွင်းခွင့် လိုင်စင်ရယူမှုဆိုင်ရာ အခက်အခဲများနှင့် အဆင်ပြေမည့်  ပို့ဆောင်ရေးလမ်းကြောင်းများ ရှာ‌ဖွေနေရခြင်းတို့ကြောင့် ပစ္စည်းပေးသွင်းမှု ပြီးပြတ်ရန် ကြာချိန်များ တိုးလာခဲ့ရသည်။

ဈေးနှုန်းများသည်လည်း မေလတွင် မြင့်တက်ရန် အရှိန်ရလာခဲ့ကြရာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုကြောင့် ဈေးတက်ကုန်ခြင်း ဖြစ်သည်။ 
ထို့အပြင် သွင်းအားစု ကုန်ကျစရိတ်နှင့် ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှု နှုန်းနှစ်ရပ်စလုံးမှာ သမိုင်းစဉ်အရ မြင့်တက်လျက် ရှိနေပါသည်။ ဒေါ်လာနှင့် ယွမ်ငွေအတွက် ကျပ်ငွေ၏ လဲလှယ်ရေးနှုန်း အခြေမသာခြင်းကလည်း ကုန်ကျစရိတ် ဝန်ထိုးဝန်ပိုးများကို တိုးမြှင့်ပေးခဲ့ပါသည်။


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-

"နောက်ဆုံး PMI ဒေတာက မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍထဲက အခြေအနေများ တိုးတက်လာမှုမှာ ယခင်နှင့်စာလျှင် အားပျော့သော်လည်း ခိုင်မာကြောင်းကို အချက်ပြနေပါတယ်။ အော်ဒါအသစ်များ တိုးမြှင့်ရရှိခြင်းသည် မေလတွင် အားပျော့လာမှုကြောင့် ထိုသို့ နှေးလာခဲ့ခြင်း ဖြစ်ခဲ့ပြီး အဲဒီအချက်ကြောင့် ထုတ်လုပ်မှု ဦးမော့မှုခြင်းကပါ အားပျော့လာခဲ့ရတာပါ။ အလုပ်နေရာများပါ တိုးလာခဲ့သော်လည်း ဒသမဂဏန်းသာ ရှိခဲ့ပြီး ကုမ္ပဏီများက ထုတ်လုပ်မှုကို ပံ့ပိုးပေးရန် အလုပ်နေရာများကို တိုးခန့်လာကြရတာဖြစ်ပါတယ်။

"ပစ္စည်းပေးသွင်းမှုဆိုင်ရာ အချက်များသည် စက်မှုလုပ်ငန်းကဏ္ဍအပေါ်သို့ ဆက်လက် ဖိစီးနေခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ကုန်ကြမ်း ရှားပါးမှုများနှင့် လူသား အရင်းအမြစ် မလုံလောက်မှုတို့ကို ထည့်သွင်းဖေါ်ပြကြပါတယ်။ ထို့အပြင် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ အဆမတန် မြင့်မားလျက် ရှိနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ကြန့်ကြာလာရမှုများကြောင့် ကုမ္ပဏီများဟာ ဝယ်လိုအားများကို ဖြည့်တင်ပေးနိုင်ဖို့ သူတို့ သိုလှောင်ထားသည်များကို အထူးအားကိုးနေကြရပါတယ်။

"ထုတ်လုပ်ရေး ကဏ္ဍရဲ့ အခြေအနေဟာ ဒီနှစ် ဖေဖေါ်ဝါရီလမှစပြီး အရှိန်ရလာခဲ့ကာ ကုမ္ပဏီများအကြားယုံကြည်မှု ပိုအားကောင်းလာခဲ့ပေမဲ့ နိုင်ငံရေး မရေရာမှုများနှင့် နိုင်ငံတကာ အရေးအခင်းများ ပြင်းထန်လာနေတဲ့ကြားမှာ အနာဂတ်ကို ခန်မှန်းရန် မလွယ်ကူပါ။"

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 515 times