မြန်မာထုတ်လုပ်မှုကဏ္ဍ  မတ်လတွင် အမြန်ဆုံးနှုန်းဖြင့် ကြီးထွားလာ


03 April, 2023

မြန်မာထုတ်လုပ်မှုကဏ္ဍ  မတ်လတွင် အမြန်ဆုံးနှုန်းဖြင့် ကြီးထွားလာ

၂၀၂၃ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U


 

S&P Global မြန်မာ ထုတ်လုပ်မှု PMI™

 စက်မှု ထုတ်လုပ်မှုသည် မှတ်တမ်းထဲတွင် အမြန်ဆုံးနှုန်းဖြင့် ကြီးထွားလာနေခြင်း 

 

အဓိက တွေ့ ရှိချက်များ

  • စစ်တမ်း၏ ခုနစ်နှစ်တာ သမိုင်းအတွင်း အားအကောင်းဆုံး တိုးထုတ်လုပ်မှု ဖြစ်လာခြင်း 
  • အော်ဒါအသစ် ရရှိမှု တိုးလာမှုပါ အားကောင်းလာခြင်း 
  • ငွေကြေးဖောင်းပွမှု နှုန်းသည် ယခုလတွင် ပိုအရှိန်ရလာခဲ့ခြင်း

 

မတ်လ ဒေတာက မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍ တစ်ဝန်းတွင် အခြေအနေ အခိုင်အမာ တိုးတက်လာနေကြောင်းကို အချက်ပြနေသည်။
.
 ထုတ်လုပ်မှုသည် မှတ်တမ်းတွင် အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့ပြီး အော်ဒါအသစ်များသည်ပါ စံချိန်တင်နီးပါး တိုးရခဲ့သည်။ 
 .
ကုမ္ပဏီများက ဦးမော့လာမှုကို အဓိကအားဖြင့် ဈေးဝယ်များဘက်မှ ဝယ်လိုအား ကောင်းလာခြင်းနှင့် ဈေးဝယ်များ ဦးရေ တိုးလာခြင်းဖြင့် ရှင်းပြကြသည်။ 
.
ထို့အပြင် ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာ တစ်နှစ်ခွဲအတွင်း အနည်းဆုံးအဆင့်ဖြင့် တိုးလာခဲ့ရာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ၏ ဖိအားပေးမှုများမှာ ပထမသုံးလပတ် အကုန်ပိုင်းတွင် အားပျော့လာခဲ့ပါသည်။

သို့သော်လည်း ကုန်ကြမ်း ရှားပါးမှုမှာ စိုးရိမ်စရာ ဖြစ်နေသေးပြီး မကြာခင်က ဝယ်လိုအား ထိုးတက်လာခြင်းနှင့် ပေါင်းစပ်မိသည့် နောက်မှာ ငွေကြေးဖောင်းပွမှုနှုန်းဆိုင်ရာ ဖိအားပေးမှုများမှာ ပြင်းထန်လျက် ကျန်ရှိနေပါသည်။ 
.
ကုန်ကျမှု စရိတ်စကများရော ရောင်းဈေးများသည်ပါ လွန်ခဲ့သည့်နှစ် စက်တင်ဘာတွင် စံချိန်တင် အမြင့်ဆုံးနှုန်းများသို့ ရောက်ခဲ့ပြီးနောက်  အမြန်ဆုံးနှုန်းများဖြင့် မြင့်တက်လာခဲ့ကြပါသည်။
.
အဓိကအကျဆုံး SP Global မြန်မာ ထုတ်လုပ်မှု အညွန်းကိန်း PMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွန်းကိန်းမှာ - မတ်လတွင် ၅၅.၅ တွင် မှတ်တမ်းတင်လိုက်ရာ ဖေဖေါ်ဝါရီလ၏ ၅၁.၁ ထက် တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
.
 ဒုတိယလမြောက် အခြေအနေ ပိုကောင်းလာခြင်းကို အချက်ပြနေသည့် အဓိကအကျဆုံး အညွှန်းကိန်းမှာ လွှမ်းခြုံကြည့်လျှင် မှတ်တမ်းထဲတွင် ပူးတွဲအမြင့်ဆုံး ဖြစ်လာသည်။ ထုတ်လုပ်ရေးကဏ္ဍထဲက တိုးတက်မှုကို မောင်းနှင် ပေးခဲ့ကြသည်မှာ PMI ထဲက အကြီးမားဆုံး အစိတ်အပိုင်း နှစ်ခု ဖြစ်ကြသော ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ရပ်စလုံးထဲက အားကောင်းသည့် တိုးတက်မှု ဖြစ်ပါသည်။
.
မြန်မာနိုင်ငံ တစ်ဝန်းရှိ ကုန်စည် ထုတ်လုပ်သူတို့က ဝယ်လိုအားနှင့် ဈေး၀ယ်အသစ်များပါ တိုးမြင့်လာမှုက ထုတ်လုပ်မှုနှင့် စက်ရုံ အော်ဒါ နှစ်ရပ်စလုံးကို တတိယမြောက်လ ဆက်တိုက် တိုးလာစေခဲ့ကြောင်းဖြင့် ထောက်ပြခဲ့ကြသည်။ ထို့အပြင် တိုးတက်မှု နှုန်းမှာမူ မှတ်တမ်းထဲတွင် အမြင့်ဆုံးနှင့် ဒုတိယအမြင့်ဆုံး နေရာမှာ အသီးသီး ရှိနေပါသည်။
.
ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များဆိုင်ရာ ကိန်းဂဏန်းများ မြင့်တက်လာသည်နှင့်အညီ ဝယ်ယူရေး လုပ်ငန်းများသည်ပါ မတ်လတွင် မြန်ဆန်လာပြီး စံချိန်တင်နှုန်း ဖြစ်လာသည်။

 


.
မြန်မာထုတ်လုပ်ရေး ကုမ္ပဏီများက မတ်လတွင် လုပ်သားဦးရေ အပြောင်းအလဲ မရှိကြောင်း အစီရင်ခံခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည့် အလုပ်နေရာ ဖြတ်တောက်မှုများကို အဆုံးသတ်လိုက်သည်။ လုပ်ငန်းများ အားကောင်းစွာ တိုးချဲ့လာရမှု၏ ရလဒ်အဖြစ် အလုပ်သမား ငှားရမ်းမှုများ တိုးလာမှုက အခြားနေရာများရှိ အချို့ သော ကုမ္ပဏီများတွင် အလုပ်မှ နှုတ်ထွက်မှုများကို ကာမိစေခဲ့ပါသည်။
.
မည်သို့ပင် ဖြစ်စေကာမူ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ၊ ထုတ်လုပ်မှုစွမ်းအားနှင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများသည် နောက်ဆုံးလ အတွင်းမှာ ရှိမြဲရှိနေခဲ့ကြသည်။ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဆက်လက် ဆုတ်ယုတ်လာခဲ့သော်လည်း ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာမူ ၁၈ လအတွင်း အနည်းဆုံး အဆင့်ဖြင့်သာ တိုးမြင့်လာခဲ့ပါသည်။ 
.
ကုမ္ပဏီများက နောက်ဆုံး ကြန့်ကြာမှုအတွက် ကုန်ကြမ်းများ ရှားပါးမှု၊ သွင်းကုန် လိုင်စင်ရယူမှု အခက်အခဲများနှင့် ပို့ဆောင်ရေး အခြေအနေများ ခက်ထန်လာခြင်းတို့‌ေကြာင့်ဟု အပြစ်ဖို့ကြပါသည်။
.
ကုန်ကြမ်းများ ရှားပါးနေချိန်မှာ လျှပ်စစ် ပြတ်တောက်မှုများပါ ရှိလာခြင်းကြောင့် မပြီးဘဲကျန်ရစ်နေသည့် အလုပ်ပမာဏများ ရှေ့ ဆက် တိုးလာစေခဲ့ပြီး စုပုံလာသည့် နှုန်းမှာ သုံးလအတွင်း အမြန်ဆုံး ဖြစ်ခဲ့သည့်အပြင် ခြုံကြည့်လျှင် ထင်ရှားခဲ့ပါသည်။

ထို့အပြင် ကုမ္ပဏီများသည် ကုန်ကြမ်းများ ရှားပါးမှုကို ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ တိုးလာမှုနှင့်ပါ ဆက်စပ် ဖေါ်ပြခဲ့ကြသည်။ သွင်းအားစု ဈေးနှုန်းများမှာ လွန်ခဲ့သော စက်တင်ဘာတွင် စစ်တမ်းက မှတ်တမ်းတင်ခဲ့သည့် အမြင့်ဆုံး စံချိန်မှစပြီး အမြန်ဆုံး နှုန်းဖြင့် မြင့်တက်လာခဲ့ကြသည်။ ကုန်ကျစရိတ်များ အရှိန်မြင့်လာမှုကို ရောင်းဈေးများ မြင့်တက်လာမှုတွင် ရောင်ပြန်ဟပ်နေပြီး ခြောက်လအတွင်း အားအကောင်းဆုံး မြင့်တက်လာမှု ဖြစ်ပါသည်။
.
ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ခဲ့သည့်တိုင်အောင် ထုတ်လုပ်မှု အကြိုနှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ထားမှု နှစ်မျိုးစလုံး ဆက်လက် ကုန်ခမ်းလာမှုက ထုတ်လုပ်ရေး ကုမ္ပဏီများသည် သိုလှောင်ထားသည့် ကုန်ပစ္စည်းများအပေါ် ကြီးမားစွာ အားကိုးနေရခြင်းကို ထောက်ပြနေသည်။ လက်တွေ့ တွင် ကုန်ချောများ၏ ကုန်ခမ်းမှုမှာ မှတ်တမ်းထဲတွင် အကြီးမားဆုံးနှုန်း ဖြစ်လာပါသည်။
.
နောက်ဆုံးအဖြစ် မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍ တစ်ရပ်လုံး၏ အားကောင်းပြီး အပြုသဘော ဆောင်သည့် စွမ်းဆောင်နိုင်စွမ်း၏ ရောင်ပြန်ဟပ်မှုကို ထုတ်လုပ်သူတို့အကြားမှာ ယုံကြည်မှု ပြန်အားကောင်းလာမှုထဲတွင် မြင်တွေ့ နိုင်ပါသည်။ 
.
ယုံကြည်မှု အဆင့်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်လာပြီး အဓိကအားဖြင့် လာမည့် တစ်နှစ်အတွင်းမှာ ဝယ်လိုအား ကြီးထွားလာကာ ထုတ်လုပ်မှု တိုးလာမည်ဟူသည့် မျှော်မှန်းချက်များက ပံ့ပိုးမြှင့်တင်ခဲ့ကြပါသည်။ သို့သော်လည်း သမိုင်းစဉ် ဒေတာများနှင့် ဆက်စပ်ကြည့်လျှင် ယုံကြည်စိတ်မှာ အားနည်းလျက် ရှိနေပါသေးသည်။


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-

"မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေး ကဏ္ဍဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့တဲ့ ဒေတာ စုစည်းမှု အတွင်း အားအကောင်းဆုံး စွမ်းဆောင်ရည်ကို အချက်ပြလိုက်ခြင်းဖြစ်ပြီး အဓိကအကျဆုံး အညွှန်းကိန်း PMI မှာ မှတ်တမ်းထဲက ပူးတွဲအမြင့်ဆုံး နေရာမှာ ရှိနေပါတယ်။ ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ အားကောင်းစွာကြီးထွားလာခြင်း၊ ဝယ်ယူမှုများ လျင်မြန်စွာ တိုးလာခြင်းနဲ့ လုပ်သား ဦးရေ တည်ငြိမ်လာမှု၊ အားလုံးတို့ဟာ အရင်တုန်းက မျှော်လင့်ခဲ့ရတာထက် အလားအလာ ပိုကောင်းတဲ့ နှစ်ကို ထောက်ပြနေပါတယ်။ ထုတ်လုပ်သူတို့ အကြားက ယုံကြည်မှုဟာလည်း သမိုင်းစဉ်အရ အားပျော့နေတယ်လို့ ပြောနိုင်ပေမဲ့ မြင့်တက်လာခဲ့ကာ ၂၆ လအတွင်း အမြင့်ဆုံး နေရာမှာ မှတ်တမ်း တင်လိုက်ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကြမ်း ရှာပါးမှုများကတော့ တချိန်လုံး စိုးရိမ်ရတဲ့ အချက် ဖြစ်မြဲဖြစ်နေတုန်းပါပဲ။ တစ်စိတ်တစ်ပိုင်းအားဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ တားမြစ်အရေးယူမှုများကြောင့် ပစ္စည်းပေးသွင်းမှု ကွင်းဆက်များနဲ ့ထုတ်လုပ်နိုင်စွမ်း နှစ်ရပ်စလုံးအပေါ် ဖိအားပေးမှုတွေ ရှိနေမှုကြောင့် ဖြစ်ပါတယ်။ အဲ့ဒါအပြင် မကြာခင်က ဝယ်လိုအား မြင့်မားလာမှုနဲ ့အတူ မတ်လဒေတာက ငွေကြေးဖောင်းပွမှုနှုန်းရဲ့ ဖိအားပေးမှုများ ရှေ့ဆက် ပြင်းထန်လာနေတာကိုပါ ညွန်ပြနေပါတယ်။ ဝယ်လိုအားဟာ ဆက်လက် အားကောင်းနေဦးမယ် ဆိုလျှင် ငွေကြေးဖောင်းပွမှု နှုန်းဟာ အနာဂတ် တိုးတက်မှုကို ခြိမ်းခြောက် လာနိုင်ပါတယ်။”

 

Industry Reviews Read 305 times