မြန်မာထုတ်လုပ်မှုကဏ္ဍ  ထုတ်လုပ်မှု  ဇွန်လတွင် အသစ်တဖန် ကျဆင်း


03 July, 2023

မြန်မာထုတ်လုပ်မှုကဏ္ဍ  ထုတ်လုပ်မှု  ဇွန်လတွင် အသစ်တဖန် ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်  ထုတ်ပြန်သည့်  ၂၀၂၃ ခုနှစ် ဇွန်လအတွက် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


စက်မှုကဏ္ဍ ထုတ်လုပ်မှု ဇွန်လတွင် အသစ်တဖန် ကျဆင်းလာခြင်း

အဓိက တွေ့ ရှိချက်များ

  • ထုတ်လုပ်မှုသည် ခြောက်လအတွင်းမှာ ပထမအကြိမ် ကျုံ့လာခဲ့သော်လည်း မသိသာခဲ့ခြင်း
  • အလုပ်အကိုင်နေရာများ တဟုန်ထိုး ကျဆင်းသွားခြင်း 
  • လုပ်ငန်းအသစ်များ တိုးရလာခြင်းက လုပ်ငန်းအခြေအနေ တစ်ရပ်လုံးကို ပံ့ပိုးပေးခဲ့ခြင်း

 

 

မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဇွန်လတွင် လုပ်ကိုင်မှု အခြေအနေများ အနည်းငယ် တိုးတက်လာခဲ့ကြောင်း အစီရင်ခံကြသည်။ 

နောက်ဆုံး တိုးမြှင့်ထုတ်လုပ်မှုအတွက် အရေးအပါဆုံးအချက်မှာ စက်ရုံအော်ဒါများ ရရှိခြင်းဖြစ်ပြီး အားပျော့သွားခဲ့သည့်တိုင်အောင် အခိုင်အမာ တိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။ 

သို့သော်လည်း ဇွန်လတွင် ထုတ်လုပ်မှုရော အလုပ်အကိုင်နေရာများပါ အသစ်တဖန် ကျဆင်းလာမှုကို အစီရင်ခံခဲ့ကြရာ စိုးရိမ်မှုများ ကြီးထွားလာနေခြင်းကို ဒေတာက မီးမောင်းထိုးပြနေသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်သူတို့ အကြားမှာ ပစ္စည်းပေးသွင်းခြင်းဆိုင်ရာ အားနည်းမှုများကို တွေ့ မြင်ရသည်။ 

အဓိက မီးမောင်းထိုးပြခဲ့ကြသည်မှာ ကုန်ကြမ်း ပစ္စည်းများကို ရှာဖွေရာတွင် လည်းကောင်း၊ ဝယ်ယူရာတွင် လည်းကောင်း အခက်အခဲ ရှိနေပြီး ကုန်ကြမ်း မလုံလောက်မှုကြောင့် ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များမှာ  ဆက်လက်၍ ပိုကြာလာခဲ့သည်။ 

ထိုအချက်ကြောင့် ပစ္စည်းပေးသွင်းသူတို့၏ တောင်းဆိုခများ တိုးလာခဲ့ရပြီး ငွေကြေးဖောင်းပွခြင်း၏ ဖိအားပေးခြင်းများကို တိုးလာစေခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI™ ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ မေလတွင် အမှတ် ၅၃.၀ တွင်ရှိနေခဲ့ရာမှ ဇွန်လတွင် ၅၀.၄ ဆီသို့ နိမ့်ဆင်းသွားခဲ့သောကြောင့် ဖေဖေါ်ဝါရီလမှ စတင်ခဲ့သည့် လက်ရှိ တိုးတက်မှုအစဉ်ထဲတွင် လုပ်ကိုင်မှု အခြေအနေ အားအပျော့ဆုံး ဖြစ်ကြောင်းကို ညွန်ပြနေသည်။ 

သို့သော်လည်း တိုးတက်မှုနှုန်းမှာ ခြုံပြောရလျှင် အသင့်အတင့်သာ ရှိခဲ့သော်လည်း စစ်တမ်း သမိုင်းကို ကြည့်လျှင်မူ အပေါင်းလက္ခဏာ ဆောင်နေပါသည်။

ဇွန်လတွင် ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းက နောက်ဆုံး တိုးမြှင့် ထုတ်လုပ်မှုကို  အဓိက ပံ့ပိုးပေးခဲ့သည်မှာ အော်ဒါအသစ်များ ပိုမိုရရှိလာခြင်း ဖြစ်ပါသည်။ 

ယခုဆိုလျှင် ကုမ္ပဏီများသည် နှစ်ဆန်းမှစပြီး လစဉ် တိုးထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြပြီး စစ်တမ်းတွင် ပါဝင်ဖြေကြားသူ အများစုတို့က ဈေးဝယ်လက်အဟောင်းများထံမှ ဝယ်လိုအား ကြီးထွားလာခြင်း၊ ဈေးဝယ်လက်အသစ်များ တွေ့ရှိလာခြင်းနှင့် စီမံကိန်း အသစ်များ စတင်ခြင်းတို့ကို ထောက်ပြကြသည်။ 
သို့သော်လည်း ဦးမော့‌ေနခြင်း အရှိန်ကျလာနေခြင်းကို ညွန်ပြနေပြီး ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းသည် ငါးလအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ အော်ဒါအသစ်များ အခိုင်အမာ တိုးရလာခြင်းမှာ ထုတ်လုပ်သူတို့ အနေနှင့် မိမိတို့၏ ဝယ်ယူရေး လုပ်ငန်းများကို တိုးချဲ့ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ 
ကုန်ကြမ်းပစ္စည်းများနှင့် ကုန်ချောတပိုင်းပစ္စည်းများကို ဝယ်ယူခြင်းများ ခြောက်လဆက်တိုက် တိုးလာခြင်း ဖြစ်ပြီး စစ်တမ်း သမိုင်းထဲတွင် တတိယ အားအကောင်းဆုံး ဖြစ်လာပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ကုန်စည် ထုတ်လုပ်သူတို့သည် ဇွန်လအတွင်းမှာ ထုတ်လုပ်မှုကို တိုးချဲ့ရန် ရုန်းကန်ခဲ့ကြရသည်။ စက်မှုထုတ်လုပ်မှု၏ အညွှန်းကိန်း အမှတ် ၅၀.၀ ၏ အောက်ဘက်တွင် ရှိနေခြင်းက ညွှန်ပြနေသည့်အတိုင်း ခြောက်လအတွင်း ပထမအကြိမ် ကျဆင်းသွားခဲ့သည်။
စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ အများစု ထောက်ပြခဲ့ကြသည့်အတိုင်း ဆိုပါက ဇွန်လတွင် ထုတ်လုပ်မှု ကျဆင်းခဲ့သည့် ရလဒ်မှာ ဝယ်လိုအား အခြေအနေများ ပိုဆုတ်ယုတ်လာခဲ့ခြင်းကြောင့် လည်းကောင်း၊ စွမ်းအင်၊ လုပ်အားနှင့် ကုန်ကြမ်းများ မလောက်ငမှုကြောင့် လည်းကောင်း ဖြစ်ပါသည်။ သို့သော်လည်း ကျဆင်းမှ အရှိန်မှာမူ ဒသမဂဏန်းမျှ ရှိခဲ့ပါသည်။


 

 

ထုတ်လုပ်သူတို့သည် အလုပ်နေရာများ တဟုန်ထိုးကျဆင်းလာမှုကိုပါ မှတ်တမ်းတင်ခဲ့ကြသည်။ ဖေဖေါ်ဝါရီလမှစပြီး ပထမအကြိမ် ကျဆင်းခြင်း ဖြစ်ပါသည်။ 
ဖြေဆိုခဲ့ကြသူတို့က ဝန်ထမ်းဦးရေ ကျဆင်းလာမှုမှာ အဓိကအားဖြင့် အလုပ်သမားများသည် ပိုကောင်းသည့် အခွင့်အလမ်းများနှင့် လစာကို ရှာဖွေရန် အလုပ်မှ နှုတ်ထွက်နေကြခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဇွန်လတွင် ပိုတိုးလာခဲ့ပါသည်။ ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များ ဆုတ်ယုတ်လာမှု ပမာဏသည် မေလမှစပြီး အားပျော့လာခဲ့သည့် တိုင်အောင် ခြုံကြည့်လျှင် သိသာထင်ရှားခဲ့ပါသည်။ ကုန်ကြမ်း ပြတ်တောက်မှုများက အချိန်မီ ပစ္စည်းပေးသွင်းရေးကို ဟန့်တားခဲ့ကြောင်း ကုမ္ပဏီများက ထည့်သွင်းဖော်ပြခဲ့ကြသည်။

စက်မှုကဏ္ဍတစ်ဝန်းက ငွေကြေးဖောင်းပွမှုမှာ စစ်တမ်းသမိုင်းတစ်‌ေလျှာက်တွင် မြင့်မားလျက် ရှိနေသော်လည်း ဇွန်လတွင် ငါးလအတွင်း အနိမ့်ဆုံး ဖြစ်သည်။ ထုတ်လုပ်သူတို့က ဈေးနှုန်းဆိုင်ရာ ဖိအားပေးမှုများ နောက်ဆုံး တိုးလာခြင်းကို ကုန်ကြမ်း ရှားပါးမှုများနှင့် နိုင်ငံခြားငွေလဲနှုန်းများဖြင့် ဆက်စပ် ရှင်းပြကြသည်။

အနာဂတ်ဆီ မျှော်မှန်းကြရာတွင် လုပ်ငန်းများသည် လာမည့် ၁၂ လ ကာလ၏ ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြသည်။ 
ယုံကြည်စိတ်ချမှုအဆင့်မှာ လေးလအတွင်း အားအနည်းဆုံးဖြစ်ပြီး စစ်တမ်းသမိုင်းစဉ်အရပါ အားပျော့လျက် ရှိနေပါသည်။ 
အကောင်းမြင်ကြည့်ရမည်ဆိုလျှင် ဝယ်လိုအား တိုးလာလျက် လျှပ်စစ်စွမ်းအင်များ ရရှိလာမည့် မျှော်လင့်ချက်များသည် အခြေခံကျသည့်အချက် ဖြစ်ပါသည်။

သုံးသပ်ချက်

S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာ၌ ပြောကြားသွားသည်မှာ-

"ရှုပ်ထွေးနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး နောက်ခံများ အကြားမှာ မြန်မာ့ထုတ်လုပ်ရေး ကဏ္ဍဟာ ဇွန်လမှာရှေ့ဆက် တိုးထုတ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အော်ဒါအသစ်တိုးရလာမှုက စက်မှုကဏ္ဍကို ပံ့ပိုးပေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး PMI အညွန်းကိန်း ၅၀.၄ မှာ ရှိနေခြင်းက ထင်ဟပ်ပြသနေတဲ့ အတိုင်းဆိုရင် ပစ္စည်းပေးသွင်းမှ ကန့်သတ်ချက်တွေက နောက်ကိုဆွဲနေချိန်မှာ ကုမ္ပဏီများဟာ ထုတ်လုပ်မှုကို တိုးရန် လုံးပမ်းနေကြရပါတယ်။ အဲဒါ့အပြင် ဇွန်လဒေတာက အလုပ်နေရာများပါ တဟုန်ထိုး ကျဆင်းလာမှုကို ညွန်ပြနေပြီး ထုတ်လုပ်သူတို့အနေနဲ့ ဝန်ထမ်းတွေကို လုပ်ငန်းမှာ ဆက်လက်မြဲနေအောင် ထိန်းထားဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဖြေကြားခဲ့သူ အများအပြားတို့က အလုပ်က နှုတ်ထွက်မှုတွေကြောင့် အလုပ်သမား ဦးရေများ ထပ်ကျလာခဲ့ရကြောင်း အစီရင်ခံကြတယ်။ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုတွေက မေလနောက်ပိုင်းမှာ အားပျော့လာခဲ့ပေမဲ့ အားကောင်းလျက် ရှိနေဆဲပါ။

"အနာဂတ်ကို လှမ်းကြည့် ခန့်မှန်းရရင် စိန်ခေါ်မှုများနေပြီး ယုံကြည်စိတ်မှာမူ အသင့်အတင့်မျှသာ အကောင်းသဘောကို ဆောင်နေပါတယ်။”


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 423 times