မြန်မာထုတ်လုပ်မှုကဏ္ဍ  ဇူလိုင်လတွင်  ထုတ်လုပ်မှု အသစ်တဖန်  မြင့်တက်ခဲ့


02 August, 2023

မြန်မာထုတ်လုပ်မှုကဏ္ဍ  ဇူလိုင်လတွင်  ထုတ်လုပ်မှု အသစ်တဖန်  မြင့်တက်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်တွင်  ထုတ်ပြန်သည့်  ၂၀၂၃ ခုနှစ် ဇွန်လအတွက် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


အော်ဒါအသစ်များ အခိုင်အမာ တိုးရလာနေချိန်မှာ စက်မှု ထုတ်လုပ်မှု ထပ်မံမြင့်တက်လာခြင်း

အဓိက တွေ့ ရှိချက်များ 

  • စက်မှုထုတ်လုပ်မှု အသစ်တဖန် မြင့်တက်လာနေခြင်း 
  • လုပ်ငန်းအသစ်များ အခိုင်အမာနှင့် အရှိန်ရ တိုးရရှိလာခြင်း 
  • ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ဇူလိုင်တွင် ပြန်အရှိန်ရလာနေခြင်း

 


ဇူလိုင် ဒေတာက မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ တစ်ဝန်း လုပ်ငန်း အခြေအနေများ ရှေ့ဆက် တိုးတက်လာနေကြောင်းကို ပြသသည်။ 

သုံးစွဲသူများထံမှ ဝယ်လိုအား ဆက်တိုးလာမှုက ဦးမော့မှုကို ပံ့ပိုးခဲ့ပြီး အော်ဒါအသစ်များ ရရှိမှု ပိုမြန်ပြီး အရှိန်ရလာခဲ့သည်။ သို့ဖြစ်၍ တတိယသုံးလပတ် အစပိုင်းဖြစ်သည့် ဇူလိုင်လတွင် ထုတ်လုပ်မှုပါ အသစ်တဖန် တိုးမြှင့်ထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း လျှပ်စစ်မီး ပြတ်တောက်မှုကို မကြာခဏ ကြုံခဲ့ကြသည်။ 
လျှပ်စစ်မီး ပြတ်တောက်မှုက ကုန်ထုတ်လုပ်သူတို့၏ ထုတ်လုပ်နိုင်စွမ်းကို ထိုးနှက်ခဲ့သည့်အတွက် ကုမ္ပဏီများသည် ထုတ်လုပ်ပေးရန် ကတိပေးမှုများကို ဖြည့်ဆည်းပေးရန် လက်ထဲရှိ သိုလှောင်ကုန်‌ချောများကို အတော်အသင့် အားကိုးခဲ့ကြရသည်။

ရေးနှုန်းများကို ကြည့်မည်ဆိုလျှင် စစ်တမ်း၏ နောက်ဆုံးလ အတွင်းမှာ ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများ ပိုအားကောင်းလာခဲ့သည်။ အသိသာဆုံးမှာ ထည့်ကုန်များ၏  ငွေကြေးဖောင်းပွမှု ဖြစ်ခဲ့ပြီး ဆယ်လအတွင်းမှာ အမြန်ဆုံး ဖြစ်လာသည်။ ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုသည်လည်း ဇွန်လထက် အရှိန်ရလာခဲ့သော်လည်း မပြင်းထန်ခဲ့ပါ။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းကို - ကြားနေအမှတ် ၅၀.၀ အထက်တွင် မှတ်တမ်းတင်ခဲ့သည်မှာ ခြောက်လဆက်တိုက် ရှိပြီ ဖြစ်ပါသည်။ ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းသည် ၅၁.၁ တွင် ရှိလာခြင်းမှာ ဇွန်လ၏ ငါးလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့သော ၅၀.၄ မှ မြင့်တက်သွားပါသည်။

မြန်မာနိုင်ငံ စက်မှုကဏ္ဍ တစ်ဝန်းရှိ ဦးမော့မှုကို မောင်းနှင်ပေးခဲ့သည်မှာ လုပ်ငန်း အသစ်များ အခိုင်အမာ တိုးရလာမှု ဖြစ်သည်။ စက်ရုံ အော်ဒါများသည် ဇူလိုင်လတွင် ခုနစ်လဆက်တိုက် တိုးရလာခဲ့ရာ သုံးနှစ်ကျော်အတွင်း ကာလအရှည်ဆုံးတိုးရလာမှု အစဉ် ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ တစ်ငန်းရှိ ထုတ်လုပ်သူတို့သည် စစ်တမ်း၏ နောက်ဆုံးလ အတွင်းမှာ ထုတ်လုပ်မှု တိုးလာကြောင်းကို ပြသခဲ့ကြသော်လည်း အသင့်အတင့် ဖြစ်ခဲ့သည်။ စစ်တမ်း၏ ဇူလိုင်လကာလကိုကြည့်လျှင် ထုတ်လုပ်မှု တိုးလာခြင်းကို မြင်တွေ့ ခဲ့ရသည်မှာ ၆ လ ရှိပြီ ဖြစ်ပါသည်။ သို့သော်လည်း ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခြေအနေများ ဆုတ်ယုတ်လာခဲ့ခြင်းနှင့်အတူ ဓာတ်အား ပြတ်တောက်မှုများနှင့် ကုန်ကြမ်း ရှားပါးမှုများ ရှိခဲ့ခြင်းကြောင့် ထုတ်လုပ်သူတို့သည် ဝယ်လိုအားများကို အပြည့်အဝ ဖြည့်ဆည်းမပေးနိုင်ခဲ့ကြပါ၊

သို့ဖြစ်၍ ကုန်စည် ထုတ်လုပ်သူတို့သည် ဝယ်လိုအားကို ဖြည့်တင်းပေးရန် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ကုန်‌ေချာများကို မကြာခဏ အားကိုးခဲ့ကြရသည်။ ယင်း သိုလှောင်ကုန်ချော နှစ်မျိုးစလုံး၏ ကုန်ခမ်းမှု နှုန်းများမှာ လွန်ခဲ့သည့် လအတွင်းမှာ ပိုမြန်လာခဲ့သည်။ ထို့အပြင် ကုန်ချော သိုလှောင်ထားမှုများ ကုန်ခမ်းလာမှုမှာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး အားအကောင်းဆုံး နှုန်းတစ်ခု ဖြစ်လာသည်။

ပစ္စည်းပေးသွင်းရေး ကွင်းဆက်များသည် ဖိအားပေးမှု အောက်မှာ ရှိမြဲရှိနေခဲ့ကြပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဇူလိုင်လတွင် ထပ်တိုးလာခဲ့သည်။ နောက်ဆုံးပစ္စည်းပေးသွင်းမှု ပျမ်းမျှ ကြာမြင့်ချိန် ပိုရှည်လာမှု၏ အကြောင်းရင်းများအဖြစ် အများဆုံး ထောက်ပြခဲ့ကြသည်မှာ ကုန်ကြမ်း ပြတ်တောက်မှုများနှင့် ပို့ဆောင်ရေး အခက်အခဲများ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များသည် သမိုင်းစဉ်တွင် မြင်တွေ့ ခဲ့ရသည်ထက် ပိုးဆိုးလာသော်လည်း ပိုကြာလာသည့် ပမာဏမှာမူ လေးလအတွင်းမှာ အနည်းဆုံး ဖြစ်ခဲ့သည်။

ထို့အပြင် ကုန်ကြမ်း ပြတ်တောက်မှုများသည်လည်းကောင်း၊ ဒေါ်လာ ကျပ်ငွေ လဲလှယ်နှုန်း ကျဆင်းလာနေခြင်းသည် လည်းကောင်း ဇူလိုင်လတွင် ကုန်ကျစရိတ်များကို မြှင့်တင်ပေးခဲ့ကြသည်။
 ထည့်ကုန်ဈေးနှုန်းများ၏ ဖောင်းပွမှု  နှုန်းမှာ (ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွန်းကိန်း အမြင့်ဆုံး စံချိန်ကို တင်ခဲ့သည့်) ၂၀၂၂ စက်တင်ဘာနောက်ပိုင်း အားအကောင်းဆုံး ဖြစ်လာသည်။ 
 သို့ဖြစ်၍ ထုတ်ကုန် ရောင်းဈေးများ၏ ဖောင်းပွမှုနှုန်း ဇူလိုင်လတွင် မြန်လာခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ဘဲ ခြုံငုံကြည့်လျှင် မပြင်းထန်ခဲ့ပါ။

 

 

ကုမ္ပဏီများသည် စက်ရုံရှိ အလုပ်အကိုင်နေရာများ ဒုတိယမြောက်လ ကျဆင်းလာခဲ့ကြောင်း ဇူလိုင်လတွင် မှတ်တမ်း တင်ခဲ့ကြသည်။ အများစုက ထောက်ပြခဲ့ကြသည့် အတိုင်းဆိုလျှင် အလုပ်သမားများသည့် လစာပိုကောင်းသော အလုပ်ကို ရှာဖွေရန် သို့မဟုတ် နိုင်ငံခြားတွင် အလုပ်လုပ်ရန် အလုပ်မှ နှုတ်ထွက်သွားကြပါသည်။ ကုမ္ပဏီများက လူအင်အား အရင်းအမြစ်များ နည်းနေပြီး လျှပ်စစ် ပြတ်တောက်မှုများကြောင့် မပြီးဘဲကျန်ရစ်ခဲ့သည့် အလုပ်များ၏ စုစုပေါင်း ပမာဏ တိုးလာခဲ့ကြောင်း ဆိုကြသည်။ လက်ကျန်အလုပ်များ စုစည်းလာမှု နှုန်းမှာ ခြုံကြည့်လျှင် အရှိန်မြင့်လျက် ရှိနေပါသည်။

အနာဂတ်ဆီ မျှော်ကြည့်လျှင် လုပ်ငန်းများ၏ မျှော်မှန်းချက်မှာ ဇူလိုင်လတွင် အဓိကအားဖြင့် အားပျော့လာပါသည်။ မြန်မာနိုင်ငံတွင်း ကုန်စည်ထုတ်လုပ်သူတို့၏ ၄% ကသာလျှင် လာမည့် ၁၂ လအတွင်းမှာ ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်လင့်ကြသည်။


သုံးသပ်ချက်

S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryan Baluch က နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖော်ပြရာတွင် ပြောကြားသွားသည်မှာ-

"မြန်မာနိုင်ငံရဲ့ PMI အညွန်းကိန်းဟာ တတိယသုံးလပတ် အစပိုင်းမှာ စက်မှုထုတ်လုပ်ရေး ကဏ္ဍရဲ့ အခြေအနေ အသင့်အတင့် ဦးမော့လာမှုကို မှတ်တမ်းတင်လိုက်ပါတယ်။ ဝယ်လိုအား ကားချပ်ပုံ ပိုကောင်းလာတာနဲ့အမျှ ဇူလိုင်ဒေတာက စက်ရုံအော်ဒါများ အရှိန်ရ ဦးမော့လာနေခြင်းနဲ့ ထုတ်လုပ်မှု အသစ်တဖန် တိုးလာမှုကို မီးမောင်းထိုးပြနေပါတယ်။

ဒါပေမဲ့ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုတွေက ထုတ်လုပ်မှုကို ကန့်သတ်နေကြတယ်။ ကုန်ကြမ်း ရှားပါးမှု၊ လျှပ်စစ် ပြတ်တောက်မှုများနဲ့ လုပ်သား မလုံလောက်မှုတို့က စက်မှုကဏ္ဍကို နောက်ကိုပြန်ဆွဲနေကြတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ကြပါတယ်။ အဲဒါတွေကြောင့် ကုမ္ပဏီများဟာ ဝယ်လိုအားများကို ဖြည့်ဆည်းပေးဖို့ သိုလှောင်ကုန်‌ချောများကို ပြန်အားကိုးလာကြရပါတယ်။

“ပြီးတော့ ကုန်ကြမ်း ရှားပါးမှုကြောင့် ကုန်စည် ဈေးနှုန်းများ ပိုမြင့်တက်လာခဲ့ကာ လတ်တလော ဒေါ်လာ-ကျပ်ငွေ လဲလှယ်နှုန်း ဆိုးရွားလာကြောင်း အစီရင်ခံမှုတွေကြောင့် ထည့်ကုန် ဈေးနှုန်းများဟာ မြင့်တက်လာခဲ့ကြရာ ဆယ်လအတွင်းမှာ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများကို အမြန်ဆုံး နှုန်းဖြင့် ရှေ့ဆက်မြှင့်ပေးခဲ့ပါတယ်။

ဝယ်လိုအား အခြေအနေများ တိုးတက်လာခဲ့ပေမဲ့ ရှေ့ရေး ယုံကြည်စိတ်ချမှုမှာ သမိုင်းစဉ်အရ အားနည်းလျက် ရှိနေဆဲပါ။ မြန်မာနိုင်ငံအတွက် အနာဂတ်ဟာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ မရေရာမှုကို ထည့်တွက်လိုက်ရင် မကြာမီက ဝယ်လိုအား ဦးမော့လာခဲ့မှုကို ဆက်ထိန်းထားနိုင်ပါ့မလား ဆိုတာကို ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။"


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Industry Reviews Read 279 times