မြန်မာထုတ်လုပ်မှုကဏ္ဍ ဇန်နဝါရီလတွင် ဝယ်လိုအား ကောင်းလာချိန်မှာ  ထုတ်လုပ်မှု အနည်းငယ် တိုးလာ


02 February, 2023

မြန်မာထုတ်လုပ်မှုကဏ္ဍ ဇန်နဝါရီလတွင် ဝယ်လိုအား ကောင်းလာချိန်မှာ  ထုတ်လုပ်မှု အနည်းငယ် တိုးလာ

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
 


S&P Global မြန်မာ ထုတ်လုပ်မှု PMI™

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ကိုးလအတွင်းမှာ ပထမဦးဆုံးအကြိမ် တိုးလာခြင်း
  • ဇန်နဝါရီလတွင် ဝယ်ယူရေး လုပ်ငန်းများ တိုးလာခဲ့သော်လည်း ဒသမဂဏန်းမျှသာ ရှိခဲ့ခြင်း
  • ဈေးနှုန်းများ၏ ဖိအားပေးမှုများမှာ ဒီဇင်ဘာလထက် အရှိန်ရလာခြင်း

(ဒေတာကို ၂၀၂၃ ဇန်နဝါရီလ ၁၂- ၂၃ ရက်များတွင် စုစည်းခဲ့သည်)

S&P Global ထံမှ နောက်ဆုံး PMI™ ဒေတာအရ ရှစ်လကြာ ဆက်တိုက် ကျဆင်းလာခဲ့မှု၏  နောက်မှာ မြန်မာနိုင်ငံတွင်း ထုတ်လုပ်မှု ကုမ္ပဏီများ၏ ထုတ်လုပ်မှုရော လုပ်ငန်းအသစ်များပါ ဇန်နဝါရီလတွင် တိုးတက်မှုဘက်ကို ပြန်ဦးတည်လာခဲ့ပါပြီ။ ဈေးဝယ်များဘက်မှ ဝယ်လိုအား ပြန်အားကောင်းလာခြင်းကြောင့် သုံးနှစ်နီးပါးအတွင်း ဝယ်ယူမှုများကို ပထမဆုံးအကြိမ် တိုးလာစေခဲ့ပါသည်။
ဈေးနှုန်းများကိုကြည့်လျှင် သွင်းအားစု တန်ဖိုးများ၏ ငွေကြေးဖောင်းပွမှု အရှိန်မှာ ကုန်ကြမ်းရှားပါးမှုများက ကုန်ကျစရိတ်များကို မြှင့်ပေးရန် တွန်းတင်နေသည့်အတွက် ဒီဇင်ဘာလမှစပြီး အရှိန်ပြန်ရလာခဲ့ပါသည်။ ထိုအချက်ကို တုန့်ပြန်လျက် ကုမ္ပဏီများသည် ကုန်ကျစရိတ်များကို တစ်စိတ်တစ်ဒေသ ကာမိစေရန် မိမိတို့၏ ရောင်ဈေးများကို တိုးမြှင့်ခဲ့ကြသည်။
PMI ၏ အကြီးဆုံး အစိတ်အပိုင်း နှစ်ခုဖြစ်သော ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များတိုးလာခဲ့သည့်တိုင် အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်းPMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့်တစ်ခုတည်းသော အညွှန်းကိန်းမှာ - ဇန်နဝါရီလတွင် ကိုးလဆက်တိုက် ကြားနေ အမှတ်၅၀.၀ ထက် နိမ့်သည့်နေရာတွင် ရှိနေခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းက လုပ်ကိုင်မှု အခြေအနေရှေ့ဆက် ဆုတ်ယုတ်လာနေခြင်းကို ညွှန်ပြနေပါသည်။ မည်သို့ပင်ဖြစ်စေ ၁၅-လ အတွင်းအနိမ့်ဆုံး ဖြစ်ခဲ့သည့် ဒီဇင်ဘာလ၏ ၄၂.၁ မှ ဇန်နဝါရီလတွင် ၄၉.၆ သို့ ထိုးတက်သွားမှုသည်အကျဘက် ဦးတည်မှု သိသာစွာ အားပျော့သွားခြင်းကို အချက်ပြနေပြီး လွန်ခဲ့သည့်နှစ်မေလမှစပြီး အားအပျော့ဆုံး ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ပါသည်။
ဇန်နဝါရီလဒေတာက မြန်မာနိုင်ငံတွင်းရှိ ထုတ်လုပ်ရေး လုပ်ငန်းများ တစ်ဝန်းတွင် ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ တိုးလာခြင်းကို ဖေါ်ထုတ်ပြသလိုက်သည်။
တိုးလာသည့်နှုန်းမှာ အနည်းငယ်မျှသာ ဖြစ်ခဲ့သော်လည်း နောက်ဆုံး ရည်ညွှန်းကိန်းများမှာ နှစ်နှစ်ခွဲနီးပါးအတွင်း ထုတ်လုပ်မှု တိုးလာခဲ့သည့် ဒုတိယလသာ ဖြစ်လာပါသည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ အများစုတို့၏ အဆိုအရ ဈေးဝယ်များဘက်မှ တိုးဝယ်လာမှုက တိုးထုတ်လုပ်ရန် မောင်းနှင်အား ဖြစ်ခဲ့ပါသည်။
ထို့အပြင် လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ မြင့်တက်လာခြင်းက ကုန်စည်ထုတ်လုပ်သူတို့ဘက်မှ မိမိတို့၏ ဝယ်ယူမှုများကို ဇန်နဝါရီလတွင် တိုးမြှင့်ခဲ့ကြခြင်းကို ဖြစ်ပါ်စေခဲ့ပါသည်။
ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွှန်ကိန်းသည် ဒသမဂဏန်းမျှ တိုးတက်မှုကို ညွှန်ပြခဲ့သော်လည်း ၃၅ လ ကာလအတွင်းမှာ အပြောင်းအလဲမရှိ ၅၀.၀ အထက်တွင် ပထမဆုံးအကြိမ် မှတ်တမ်းတင်လိုက်ခြင်း  ဖြစ်လာပါသည်။
ဈေးဝယ်များ၏ လုပ်ဆောင်ပုံ  ပြောင်းလဲလာမှုက မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အကျဘက် ဦးတည်မှုကို အားပျော့လာစေခဲ့ပါသည်။ သို့သော် ယင်းကဏ္ဍကို နောက်ပြန်ဆွဲနေသည့် အချက်များ တစ်ခုမက ရှိနေပါသည်။ လျှပ်စစ်ပြတ်တောက်မှုများ နှင့် ကုန်ကြမ်း ရှားပါးမှုများ ဆက်ရှိနေခြင်းက ထုတ်လုပ်မှုကို ဆက်ဟန့်တားနေလျက် မပြီးပြတ်ဘဲ ကျန်ရစ်သည့် အလုပ်များ၏ စာရင်းကို ဇန်နဝါရီလတွင် တဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။ 
ထို့အပြင် ကုမ္ပဏီများသည် ဝယ်ယူမှုများကို အဝယ်မမှားမိအောင် သတိထား လုပ်ကိုင်နေကြပြီး တိုးတိုးရလာနေသည့် အော်ဒါများကို ဖြည့်တင်းပေးရန် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ထဲ ကျန်ရှိသည့် သိုလှောင်ကုန်များကို အဂိကအားဖြင့် အားကိုးနေကြရသည်။
သိုဖြစ်သောကြောင့် ကဏ္ဍထဲတွင် သိုလှောင်ကုန်များ ကုန်ခမ်းလာမှု ရှိမြဲရှိနေပြီး ခြုံပြောရလျှင် သိသာလှပါသည်။
လုပ်ငန်း ကုန်ကျစရိတ်များ တဟုန်ထိုး မြင့်တက်လာမှုများကလည်း တိုးတက်မှုကို ကန့်သတ်နေသည်။ 
ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာမှု၊ ပို့ဆောင်စရိတ်များ တိုးလာနေခြင်းနှင့် အမေရိကန် ဒေါ်လာနှင့်စာလျှင် ကျပ်ငွေတန်ဖိုး ကျလာနေခြင်းတို့က ကုမ္ပဏီများအား ၎င်းတို့၏ ဝယ်ယူမှုများကို မတိုးချဲ့ရန် လှုံ့ဆော်ခဲ့ပြီး အော်ဒါများ ပြီးဆုံးစေရန် လက်ထဲရှိသည့် သိုလှောင်ကုန်များကို ထပ်ပြီး အသုံးပြုလာစေခဲ့သည်။ 
ထို့အပြင် သွင်းအားစု ဈေးနှုန်းများရော ရောင်းကုန်များ၏ ဈေးနှုန်းများပါ ဇန်နဝါရီလတွင် ငွေကြေးဖောင်းပွမှု ပိုမြန်လာခဲ့သည်။
သို့သော်လည်း ထိုသို့ တိုးလာခဲ့သည့် နှုန်းများမှာမူ ၂၀၂၂ ခုနှစ်အတွက် ပျမ်းမျှနှင့် ယှဉ်ကြည့်လျှင် အားပျော့နေပါသည်။

နောက် စိုးရိမ်စရာအချက်မှာ အလုပ်အကိုင်နေရာများ သိသာသည့် ကျဆင်းမှု ဖြစ်ပါသည်။
ခုနစ်လ ဆက်တိုက် ကျဆင်းလာခဲ့ခြင်းဖြင့် အလုပ်အကိုင် နေရာများ နောက်ဆုံး လျှော့ချဖြတ်တောက်ခံရမှုမှာ ပြင်းထန်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာမှစပြီး ခြုံကြည့်လျှင် အမြန်ဆုံး ဖြစ်လာသည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသူတို့က မိမိတို့ ဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်မှု များပြားခဲ့ခြင်းကို အစီရင်ခံခဲ့ကြသည်။

ခြုံပြောရလျှင် လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မှု အခြေအနေများ ပြင်းထန်စွာ ကျဆင်းလာခဲ့ကြောင်း အစီရင်ခံခဲ့ခြင်း၏ နောက်ပိုင်းတွင် ဇန်နဝါရီ ဒေတာက အခြေအနေတည်ငြိမ်လာနေကြောင်း လက္ခဏာများကို ပြသနေပါသည်။ မည်သို့ပင်ဖြစ်စေ အနာဂတ်ဆိုင်ရာ တိုးထုတ်လုပ်ရေး မျှော်လင့်ချက်များမှာ များစွာမှ အားနည်းလာခဲ့လျက် စစ်တမ်းမှ မေးမြန်းခဲ့သည့် ပါဝင်သူ အားလုံးနီးပါးတို့က လာမည့် ၁၂ လ အတွင်း ထုတ်လုပ်မှုမှာ မပြောင်းမလဲ ရှိနေမည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြခဲ့ကြသည်။

 


သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P GlobalMarket Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-
"ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ အသစ်တဖန် တိုးရလာမှုကို မှတ်တမ်းတင်ခဲ့တဲ့ ဇန်နဝါရီ ဒေတာက အကျဘက် ဦးတည်မှု အားပျော့လာတာကို အချက်ပြနေပါတယ်။ ထုတ်လုပ်မှု တိုးလာတဲ့နှုန်းက အနည်းငယ်မျှသာ ဖြစ်ခဲ့ပြီး ရှစ်လကြာ ဆက်တိုက် ကျဆင်းလာခဲ့မှု နောက်မှာ ဒီလို တိုးထုတ်လုပ်နိုင်ခဲ့တာပါ။
"ဘယ်လိုပဲဖြစ်ဖြစ် ဝယ်လိုအားက ထုတ်လုပ်မှု အဆင့်ကို တိုးမြှင့်ပေးခဲ့ပေမဲ့ ဒီကဏ္ဍအတွက် ရှိနေကြတဲ့ စိန်ခေါ်မှုများက တိုးထုတ်လုပ်မှုကို နောက်ကိုဆွဲနေကာ ထုတ်လုပ်ရေးကဏ္ဍ တစ်ခုလုံးရဲ့ အခြေအနေကို ဇန်နဝါရီလထဲတွင် ရှေ့ဆက် ဆိုးဝါးလာစေခဲ့ပါတယ်။
ဈေးနှုန်းများရဲ့ဖိအားပေးမှုက ဝယ်ယူမှုများကို ကန့်သတ်ခဲ့ချိန်မှာ မီးပြတ်တောက်မှုများနှင့် ကုန်ကြမ်း ရှားပါးမှုများက လက်ကျန် အလုပ်များ တဟုန်ထိုး တိုးလာမှုကို ဆိုလိုပါတယ်။ ထို့အပြင် ထုတ်လုပ်ရေး ကုမ္ပဏီများတစ်ဝန်းတွင် အလုပ်နေရာများ ပြင်းပြင်းထန်ထန်ကျဆင်းသွားခဲ့ရာ နောက်ဆုံး
အလုပ်နေရာ လျှော့ချ ဖြတ်တောက်ခံရမှုနှုန်းမှာ ဒီဇင်ဘာလထက် မြန်လာပါတယ်။
"ဈေးဝယ်များ တက်ကြွလာခြင်းက ဆက်ရှိနေသေးတဲ့ အကျဘက် ဦးမော့မှုကို အားပျော့လာစေခဲ့ပေမဲ့၊ ပစ္စည်းပေးသွင်းရေး ဆိုင်ရာ စိန်ခေါ်မှုများနှင့် ငွေကြေးဖောင်းပွမှုတို့က ထုတ်လုပ်မှုတိုးရေးကို ဟန့်တားခဲ့ကြပါတယ်။
အဲဒါအပြင် စီးပွားရေး လုပ်ငန်းများရဲ့ယုံကြည်မှုမှာ ခြောက်လအတွင်း အနိမ့်ဆုံးသို့ နိမ့်ကျသွားခဲ့ပြီး တိုးထုတ်ရေးမျှော်လင့်ချက်များမှာ အဓိကအားဖြင့် အားပျော့လာပါတယ်။"

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Industry Reviews Read 245 times