မြန်မာထုတ်လုပ်မှုကဏ္ဍ လုပ်ကိုင်မှု အခြေအနေများမှာ ဆယ်လအတွင်း ပထမဆုံးအကြိမ် တိုးတက်လာ


01 March, 2023

 

မြန်မာထုတ်လုပ်မှုကဏ္ဍ လုပ်ကိုင်မှု အခြေအနေများမှာ ဆယ်လအတွင်း ပထမဆုံးအကြိမ် တိုးတက်လာ

 

၂၀၂၃ မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U


S&P Global မြန်မာ ထုတ်လုပ်မှု PMI™

လုပ်ကိုင်မှု အခြေအနေများမှာ ဆယ်လအတွင်း ပထမအကြိမ် တိုးတက်လာခြင်း

 

အဓိက တွေ့ရှိချက်များ

 

  • ထုတ်လုပ်မှု ပမာဏများ ဖေဖေါ်ဝါရီလတွင် ပိုမြန်သည့်နှုန်းဖြင့် မြင့်တက်လာခြင်း
  • ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ လုပ်ငန်းသစ်များ တိုးထုတ်လုပ်မှု အားကောင်းလာနေခြင်း
  • ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ အရှိန်ရလာနေခြင်း

 

5

ဖေဖေါ်ဝါရီလတွင် ဈေးဝယ်များဘက်မှ ဝယ်လိုအား မြင့်တက်လာ၍ ထုတ်လုပ်မှု နှင့် အော်ဒါသစ် နှစ်ရပ်လုံး အားကောင်းလာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင်းရှိ ထုတ်လုပ်ရေးလုပ်ငန်းများ တစ်ဝန်းက လုပ်ကိုင်မှု အခြေအနေများမှာ ခြုံကြည့်လျှင် ဆယ်လအတွင်း ပထမဆုံးအကြိမ် တိုးတက်လာခဲ့သည်။

သို့သော်လည်း ကုန်ကြမ်း ရှားပါးမှုများနှင့် ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများမှာ ဖေဖေါ်ဝါရီလတွင် တဟုန်ထိုး အရှိန်ရ မြင့်တက်လာခဲ့သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် အမြတ်အစွန်းကို ထိန်းသိမ်းထားရန်မိမိတို့၏ ရောင်းဈေးများကို တိုးမြှင့်ခဲ့ကြရသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ - ဖေဖေါ်ဝါရီလတွင် ၅၁.၁ တွင် မှတ်တမ်းတင်လိုက်ရာ ဇန်နဝါရီလ၏ ၄၉.၆ ထက် မြင့်တက်လာခဲ့သည်။ ရာသီအလိုက် ချိန်ညှိပေးထားသည့် အညွှန်းကိန်းသည်နှစ်လဆက်တိုက် မြင့်တက်လာခဲ့လျက် နောက်ဆုံး ကိန်းဂဏန်းမှာ လွန်ခဲ့သည့် ဧပြီလမှစပြီး အပြောင်းအလဲမရှိ အမှတ် ၅၀.၀ အထက်သို့ တက်လှမ်းလိုက်ပြီး မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အဘက်ဘက်မှ အသင့်အတင့် တိုးတက်လာမှုကို  အရိပ်လက္ခဏာပြလိုက်သည်။

PMI အညွှန်းကိန်းကို မြှင့်တင်ပေးခဲ့သည်မှာ ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ နှစ်လဆက်တိုက် တိုးလာခဲ့မှုများ ဖြစ်ပါသည်။ ထို့အပြင် နောက်ဆုံး ဦးမော့မှုများမှာ ဇန်နဝါရီလတွင် မှတ်တမ်းတင်ဖြစ်ခဲ့သည်ထက် ပိုမြန်လာခဲ့ပါသည်။


ဖြည့်စွက်ထောက်ပြရလျှင် ကုမ္ပဏီများက အလုပ်မှ နှုတ်ထွက်မှုများရှိကြောင်း အစီရင်ခံမှုများ ရှိနေသော်လည်း အလုပ်နေရာ လျှော့ချရမှု နှုန်းမှာမူ လက်ရှိ ကျဆင်းမှု ရှစ်လတာကာလအတွင်း ပြင်းထန်မှုအား အနည်းဆုံး ဖြစ်ခဲ့သည်။

ဝန်ထမ်း ဦးရေမှာ ဖေဖေါ်ဝါရီလတွင် ဒသမဂဏန်းမျှသာ ကျဆင်းလာခဲ့ပြီး အချို့ကုမ္ပဏီများက အော်ဒါအသစ်များ တိုးရလာမှုကို ဖြည့်ဆည်းပေးရန် ဝန်ထမ်း ငှားရမ်းမှုများကို တိုးမြှင့် ပြုလုပ်လာခဲ့ကြသည်။ 

ထို့အပြင် အော်ဒါမှာယူမှု ပမာဏ တိုးလာမှုကြောင့် ဖေဖေါ်ဝါရီလတွင် ဝယ်ယူမှုများ ဒုတိယလမြောက် မြင့်တက်လာခဲ့ပြီး တိုးတက်လာသည့် နှုန်းမှာ ယခင်လထက် ပိုမြန်လာခဲ့ပါသည်။

မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ အဘက်ဘက်မှ အသင့်အတင့် တိုးတက်လာခဲ့သည့် တိုင်အောင် ပစ္စည်းပေးသွင်းမှု ဆိုင်ရာ အခက်အခဲများက တိုးထုတ်လုပ်မှု အရှိန်ကို ဆက်ပြီး နောက်ပြန် ဆွဲနေခဲ့ပါသည်။ ကုန်ကြမ်း ရှားပါးမှုများ၊ လျှပ်စစ်မီး ပြတ်တောက်မှုများ နှင့် အလုပ်သမားဦးရေ နည်းလာမှုတို့မှာ မြန်မာနိုင်ငံတွင်း ကုမ္ပဏီများထံတွင် မပြီးပြတ်သေးသည့် လက်ကျန် အလုပ်များ၏ ပမာဏ တဟုန်ထိုး တိုးလာခြင်း၏ အကြောင်းရင်းများ ဖြစ်ခဲ့ကြောင်း စစ်တမ်းဖြေဆိုကြသူတို့က ထည့်သွင်းဖေါ်ပြကြသည်။ 

ထို့အပြင် လက်ကျန်စာရင်းများ တိုးလာမှုမှာ မှတ်တမ်းထဲတွင် အမြန်ဆုံး တစ်ခုဖြစ်လာခြင်းက ကုန်ထုတ်စွမ်းအားပေါ်တွင် ဖိအားပေးမှုများ ထပ်တိုးလာမှု ရှိနေကြောင်းကို ထောက်ပြနေလျက် အောာ်ဒါအသစ်များ ရရှိမှု ဆက်လက်ပြီး အားကောင်းစွာ တိုးလာလျှင် ဆက်တိုးလာမည် ဖြစ်သည်။ 

သို့ဖြစ်၍ သိုလှောင်ထားသည့်ကုန်များကို မှီခိုရမှု ဆက်အားကောင်းနေလျက် စစ်တမ်း၏ နောက်ဆုံးလတွင် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး ကုန်ပစ္စည်း နှစ်ခုစလုံး၏ လက်ကျန် စာရင်းများမှာ အဟုန်ပြင်းစွာ ကုန်ခမ်းလာခဲ့ပြီး ၁၁-လ အတွင်းမှာ အပြင်းထန်ဆုံး ကျဆင်းမှုကို မှတ်တမ်း တင်ခဲ့ပါသည်။

ထို့အပြင် ပစ္စည်းပေးသွင်းမှု ဆိုင်ရာ အခက်အခဲများကို ပစ္စည်းပေးသွင်းရန် ပျမ်းမျှ ကြာမြင့်ချိန်များ သိသာစွာ တိုးလာမှုထဲတွင်ပါ တွေ့ရှိနိုင်ပါသည်။ ဖေဖေါ်ဝါရီလ၏ ကြန့်ကြာမှုဖြစ်ရပ်များမှာ ၂၀၂၂ ခုနှစ်၏ ပျမ်းမျှနှင့်စာလျှင် အားနည်းခဲ့သော်လည်း ကုန်ကြမ်းရှားပါးမှုများကြောင့် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်မှုများကို ဆုတ်ယုတ်လာစေခဲ့သည့်အတွက် ခြုံပြောရလျှင် ပြင်းထန်လျက် ရှိနေဆဲ ဖြစ်ပါသည်။

ထို့အပြင် မကြာသေးမီက ဝယ်လိုအား ကောင်းလာခြင်းနှင့် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် ဆက်လက် ဆုတ်ယုတ်လာမှုတို့က ကုန်ကျစရိတ်များကို မြင့်တက်လာစေခဲ့သည်။ ထည့်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှု အရှိန်မှာ ငါးလအတွင်း အမြင့်ဆုံးသို့ မြင့်တက်သွားခဲ့ရာ ကုမ္ပဏီများသည် အမြတ်အစွန်းများကို ထိန်းထားရန် မိမိတို့၏ ရောင်းဈေးများကို ပိုမြန်သည့် နှုန်းဖြင့် တိုးမြှင့်ခဲ့ကြရသည်။

စရိတ်စကများ နောက်ဆုံး တိုးလာမှုကို အဓိကအားဖြင့် ငွေလဲနှုန်း အခြေမသာခြင်းနှင့် ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာမှုဖြင့် ဆက်စပ် ဖေါ်ပြကြသည်။

ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းမှာ ထုတ်လုပ်မှု တိုးလာခဲ့သည့်တိုင်အောင် မျှော်မှန်းချက်များမှာ ကြားနေသဘော ဆောင်နေပြီး ကုမ္ပဏီများက လာမည့် ၁၂ လ အတွင်းမှာ ထုတ်လုပ်မှု ပြောင်းလဲမည် မဟုတ်ဟု ခန့်မှန်းကြရာ အကောင်းမြင်မှုမှာ ခုနစ်လအတွင်း အနိမ့်ဆုံးသို့ နိမ့်ကျသွားသည်။


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-

"ဖေဖေါ်ဝါရီ ဒေတာက နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံထုတ် ကုန်စည်များအတွက် ဝယ်လိုအား ပြန်အားကောင်းလာခဲ့မှုကို စစ်တမ်းနောက်ဆုံးလအထိ ဆွဲဆန့်ပေးလိုက်မှုကို ပြသနေပြီး ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ပိုမြန်တဲ့ နှုန်းဖြင့် တိုးလာခဲ့မှုကြောင့် ဖြစ်ခဲ့ပါတယ်။ အဲဒါရဲ့ရလဒ်အဖြစ် အဓိကအကျဆုံး အညွှန်းကိန်းကို အရေးကြီးတဲ့ အမှတ် ၅၀.၀ အထက်သို့ ဆယ်လအတွင်းမှာ ပထမအကြိမ် ပြန်ဆွဲတင်နိုင်ခဲ့ပြီး ထုတ်လုပ်ရေး ကဏ္ဍအခြေအနေ အသင့်အတင့် တိုးတက်လာမှုကို အချက်ပြလိုက်ပါတယ်။

အားကောင်းလာနေတဲ့ ဝယ်လိုအားကို ဖြည့်တင်းပေးဖို့ ဝယ်ယူမှုများကိုလည်း တိုးလာခဲ့ကြချိန်မှာ အလုပ်နေရာများ လျော့နည်းလာမှုမှာ ရှစ်လကြာခဲ့တဲ့ လက်ရှိကျဆင်းမှု အစဉ်ထဲမှာ အားအပျော့ဆုံး နှုန်း ဖြစ်လာပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ပစ္စည်းပေးသွင်းမှု ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသေးရာ ကုမ္ပဏီများရဲ့ ကုန်ထုတ်စွမ်းအားက ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပါ။ ဝယ်ယူမှုများ တိုးလာခဲ့ပေမဲ့ လက်ကျန် အလုပ်များကတော့ ဖေဖေါ်ဝါရီလထဲတွင် အလျင်အမြန် တိုးလာခဲ့ပါတယ်။”

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Industry Reviews Read 403 times