ဒီဇင်ဘာတွင် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ လုပ်ငန်းလည်ပတ်မှု အခြေအနေများ အဆိုးရွားဆုံး ကျဆင်း


02 January, 2024

ဒီဇင်ဘာတွင် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ လုပ်ငန်းလည်ပတ်မှု အခြေအနေများ အဆိုးရွားဆုံး ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်  ထုတ်ပြန်သည့်  S&P Global မြန်မာထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


ထုတ်လုပ်မှုနှင့်အော်ဒါအသစ်များ ကျဆင်းမှု ဒီဇင်ဘာတွင် ပိုမြန်လာခြင်း
S&P Global မြန်မာ ထုတ်လုပ်မှု PMI®

 

အဓိက တွေ့ရှိချက်များ 

• အော်ဒါအသစ်များရရှိမှု နှစ်နှစ်ကျော်အတွင်းမှာ အနက်ရှိုင်းဆုံး ကျဆင်းသွားခြင်း

• ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ စံချိန်တင် တိုးလာခြင်း

• လုံခြုံရေး စိုးရိမ်ရခြင်းများက လုပ်ငန်းများ၏ ယုံကြည်မှု အပေါ်သို့ ဖိစီးလာခြင်း

 

မြန်မာ စက်မှုထုတ်လုပ်မှု အကျဘက် ဦးတည်နေခြင်းသည်  ၂၀၂၃ ခုနှစ်အဆုံးပိုင်းတွင် ပိုဆိုးဝါးခဲ့သည်။ မကြာမီက မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပဋိပက္ခ ပြင်းထန်လာခဲ့ခြင်းက ထိရှလွယ်ပြီးသား ဝယ်လိုအား အခြေအနေကို ပို၍ ခက်ခဲလာစေခဲ့ပါသည်။ 
အကျိုးဆက်အဖြစ် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များတွင် နက်ရိုင်းသည့် ကျဆင်းမှုကို စစ်တမ်း ဖြေဆိုသူတို့က အစီရင်ခံခဲ့ကြသည်။ လုပ်ငန်းများ ပြိုလဲနေကြရသည့် လက်ရှိအချိန်မှာ ကုမ္ပဏီများက ၎င်းတို့၏ ဝယ်ယူမှုများနှင့် ဝန်ထမ်း ဦးရေများကို ထိန်းချုပ်လာနေကြရပြီး အထက်ပါ ကိစ္စနှစ်ရပ် ကျဆင်းလာခြင်း အရှိန်ရလာသည်။

ဝယ်ယူမှုများ ကျဆင်းလာခဲ့သည့်တိုင်အောင် ပစ္စည်း ပေးသွင်းရေး ကွင်းဆက်များသည် အခက်အခဲများကို ဆက်လက်ရင်ဆိုင်နေကြရသည်။ ကုန်ကြမ်း ပြတ်လပ်မှုများနှင့် ပို့ဆောင်ရေး စိန်ခေါ်မှုများကြောင့် ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များ ထပ်တိုးလာခဲ့ပြန်သည်။ 
အမှန်စင်စစ်တွင် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စတင်ခဲ့သည့် စစ်တမ်းသမိုင်းထဲတွင် အဆိုးဝါးဆုံး ပမာဏဖြင့် ဆုတ်ယုတ်လာခဲ့သည်။ 
ယင်းအတောအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများက ထုတ်လုပ်သူတို့ အကြားရှိ မျှော်မှန်းချက်များ အပေါ်မှာ လွှမ်းမိုးနေသဖြင့် စိတ်ချလက်ချဖြစ်သည့် အတိုင်းအတာ ပမာဏများသည် ဆယ်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု PMI - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြ ပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ - စတုတ္ထသုံးလပတ် တစ်ခုလုံးကဲ့သို့ပင် ကြားနေအမှတ် ၅၀.၀ ၏ အောက်မှာ မှတ်တမ်းခဲ့သည်။ 
ဒီဇင်ဘာလအတွက် နောက်ဆုံး အညွှန်းကိန်း ၄၂.၉ သည် နိုဝင်ဘာလ၏ ၄၈.၁ ထက် သိသာစွာ နိမ့်ကျနေပြီး ၂၀၂၃ ခုနှစ်တစ်နှစ်လုံးတွင် လုပ်ငန်းလည်ပတ်မှုအခြေအနေများ အဆိုးရွားဆုံး ကျဆင်းမှုကို အချက်ပြလိုက်သည်။

စက်မှုကဏ္ဍ၏ စွမ်းဆောင်ရည် ဆိုးဝါးလာခြင်းက အော်ဒါအသစ်များနှင့် ထုတ်လုပ်မှုတွင် ပြင်းထန်သည့် ကျဆင်းမှုများကို ထင်ဟပ်နေပါသည်။ ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းများသည် ဆယ်ဂဏန်းနီးပါး နိမ့်ဆင်းသွားခဲ့ရာ ကြားနေအမှတ် ၅၀.၀ ၏ အောက်ဘက်သို့ နောက်ထပ် လျှောဆင်းသွားသည့်အတွက် အညွှန်းကိန်း အသီးသီးအတွက် ၂၈ လနှင့် ၁၂ လအတွင်းမှာ အနက်ရှိုင်းဆုံး ကျဆင်းမှု ဖြစ်လာသည်။

အော်ဒါအသစ်များ အကျဘက် ဦးတည်မှုအတွက် အကြောင်းရင်းမှာ ဝယ်လိုအားအခြေအနေများ လတ်တလော ပျက်ပြားမှုဖြစ်ခဲ့ပြီး နောက်ဆုံးအချိန်မှာ လက်နက်ကိုင် ပဋိပက္ခများ ရှေ့ဆက် ပြင်းထန်လာခဲ့မှုကြောင့် ပိုဆိုးဝါးလာခဲ့သည်။ 

စစ်တမ်းတွင် ပါဝင်ဖြေဆိုကြသည့် ထုတ်လုပ်သူတို့က ဖောက်သည်များ ရင်ဆိုင်နေရသည့် ဘဏ္ဍာရေး အကျပ်အတည်းများ အတွက်ကြောင့် ရောင်းရမှုများ နည်းလာခဲ့ကြောင်း ပြောပြကြသည်။

ဝယ်လိုအား အခြေအနေများ အားပျော့လာမှုနှင့်အတူ သွင်းအားစုများဖြစ်သည့် ပစ္စည်းများ၊ လျှပ်စစ်နှင့် လောင်စာ ပြတ်တောက်မှုများ ပေါင်းဆုံမိခြင်းက ကုမ္ပဏီများအား ၎င်းတို့၏ ထုတ်လုပ်မှု ကို ဒီဇင်ဘာတွင် လျှော့ချစေခဲ့သည်။ လွန်ခဲ့သည့် လေးလကတည်းကစ၍ ယခုအချိန်အထိ လတိုင်းတွင် ကျဆင်းမှုကို မှတ်တမ်းတင်ဖြစ်ခဲ့သည်။

 

လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ ကျဆင်းလာသည်နှင့်အမျှ ကုမ္ပဏီများသည် ဒီဇင်ဘာလတွင် ထည့်ကုန် ဝယ်ယူမှုများကို လျှော့ချခဲ့ကြပြီး အလုပ်အကိုင်နေရာများကို တဟုန်ထိုး အရှိန်မြင့် ဖြတ်တောက်ခဲ့ကြသည်။ 

ကုမ္ပဏီများက ဝယ်ယူရေး လုပ်ငန်းများ၏ အရှိန်ကို လျှော့ချခဲ့ကြသည်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစပြီး အားအကောင်းဆုံးနှုန်း ဖြစ်လာချိန်တွင် အလုပ်နေရာ ဖြတ်တောက်မှုများမှာ နှစ်နှစ်ကျော်အတွင်းမှာ အထင်ရှားဆုံး ဖြစ်လာသည်။

ကုမ္ပဏီများသည် ထုတ်လုပ်မှုကို ပံ့ပိုးပေးရန် ဝယ်ယူ ဖြည့်တင်းခြင်းအစား မိမိတို့၏ လက်ထဲရှိ သိုလှောင်ကုန်များကို အစားထိုး သုံးလာခဲ့ကြသည်။ သို့ဖြစ်ရာ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများမှာ ဒီဇင်ဘာလတွင် သိသာစွာ လျော့ကျလာခဲ့ကြသည်။

ပစ္စည်းများနှင့် လောင်စာ ပြတ်လပ်မှုများအပြင် လျှပ်စစ် ပြတ်တောက်မှုများက မပြီးပြတ်ဘဲ ကျန်‌နေသည့် အလုပ်အကြွေးများသည် ယခုနှစ်၏ နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလတွင် မြင့်မားသည့်နှုန်းဖြင့် ထပ်မံ မြင့်တက်လာသည်။

 ထို့အပြင် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်ကို အခိုင်မာဆုံး ဆုတ်ယုတ်မှုအဖြစ် စံချိန်တင်လိုက်ခြင်းက လုပ်ငန်းများ၏ လုပ်ကိုင်နိုင်စွမ်းကို နောက်ထပ် ကျပ်တည်းလာစေခဲ့သည်။

ဈေးနှုန်းများနှင့် ပတ်သက်ပြီး ပြောရလျှင် ပစ္စည်းများ၊ လောင်စာနှင့် ပေးသွင်းသူတို့၏ ဈေးနှုန်းများ မြင့်တက်လာခဲ့မှုကြောင့် လည်းကောင်း၊ ကန်ဒေါ်လာ ကျပ်ငွေ လဲလှယ်မှုနှုန်း ပိုဆိုးလာခြင်း ကြောင့် လည်းကောင်း၊ စရိတ်စကဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှာ ဒီဇင်ဘာလတွင် ပိုပြင်းထန်လာခဲ့သည်။ 
ကုမ္ပဏီများသည် သွင်းအားစုအတွက် ကုန်ကျမှုများ မြင့်တက်လာမှုကို တုန့်ပြန်လျက် မိမိတို့၏ ရောင်းဈေးများကို တိုးမြှင့်ခဲ့ကြသည်။

အနာဂတ်ဆီသို့ လှမ်းမျှော်ကြည့်လျှင် မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့ အကြားမှာ အကောင်း မြင်မှု ပမာဏများ အားပျော့လာခဲ့သည်။ စိတ်ချလက်ချဖြစ်မှု အတိုင်းအတာမှာ ဆယ်လအတွင်း အနိမ့်ဆုံးတွင် ရှိခဲ့သည်။ နိုင်ငံရေး မတည်ငြိမ်မှုနှင့် တိုးလာနေသည့် မရေမရာ ဖြစ်လာနေခြင်းက ပါဝင်ဖြေဆို သူတို့၏ မျှော်မှန်းချက်များကို ထိုးနှက်ခဲ့သည်။


သုံးသပ်ချက်

မြန်မာကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ ပါရဂူ  Maryam Baluch က ပြောကြားသွားသည်မှာ-

"စစ်တပ်နဲ့တော်လှန်ရေး အင်အားစုများ အကြား လက်နက်ကိုင် ပဋိပက္ခများ လတ်တလော အရှိန်မြင့်လာမှုက စီးပွားရေးကို ထိပါးလာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေး ကဏ္ဍဟာ ၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ ထိုးကျသွားပါတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်များဟာ ဒီဇင်ဘာလမှာ တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး အဓိကအကျဆုံး PMI အညွှန်းကိန်းကို တစ်နှစ်အတွင်း အနိမ့်ဆုံးမှာ မှတ်တမ်း တင်ခဲ့တယ်။

"ပဋိပက္ခ ကြီးထွားလာနေတာရဲ့ ရလဒ်အဖြစ် ကုန်သွယ်ရေး လမ်းကြောင်းများကိုပါ သက်ရောက်မှု ရှိလာတယ်။ ဒါ့အပြင် လုပ်ငန်းများဟာ သွင်းကုန် လိုင်စင်များ ရယူဖို့ လုံးပမ်းနေကြရတဲ့အပြင် ကုန်ကြမ်းပစ္စည်းများ ရှားပါးမြဲ ရှားပါးနေတာကို တင်ပြနေကြတယ်။ ထည့်ကုန် ပေးသွင်းရေး ပျမ်းမျှ ကြာမြင့်ချိန်များ တိုးလာခဲ့ခြင်းဟာ မှတ်တမ်းထဲမှာ အများဆုံး ဖြစ်လာခဲ့လို့ နောက်ဆုံးရ PMI ဒေတာက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြိုလဲမှု ပြင်းထန်ခဲ့ပုံကို ဖေါ်ပြနေပါတယ်။ အဲဒါ့အပြင် ဈေးနှုန်းများရဲ့ ဖိအားပေးမှုတွေဟာလည်း စစ်တမ်းရဲ့ အရှိန်မြင့်လာခဲ့ပါတယ်။

"မြန်မာနိုင်ငံတွင်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများဟာ သေရေးရှင်ရေး အခြေအနေမျိုးထဲတွင် လုပ်ကိုင်နေကြရတာ ဖြစ်ပြီး ပဋိပက္ခဟာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့လာနေတဲ့အတွက် စိန်ခေါ်မှုများကို တိုးပြီး ရင်ဆိုင်နေကြရပါတယ်။ ခြုံကြည့်မယ်ဆိုလျှင် ကုမ္ပဏီများ ဟာ ရှင်သန်ဖို့ ဦးစားပေး လုံးပမ်းနေကြရလို့ အနာဂတ် လုပ်ငန်းများဆိုင်ရာ မျှော်မှန်း ချက်များဟာ မှေးမှိန်နေပါတယ်။ ပြီးတော့၊ နိုင်ငံရေး မတည်ငြိမ်မှုဟာ မကြုံစဖူး ကြီးထွားလာနေချိန်မှာ ပထဝီနိုင်ငံရေး အဆက်အသွယ်များဟာ၊ အထူးသဖြင့် တရုတ် ပြည်မကြီးနဲ့ အဆက်အသွယ်ဟာ ၂၀၂၄ ခုနှစ်ထဲ ခြေလှမ်း စလှမ်းဝင်ချိန်မှာ တစ်စိတ်တစ်ဒေသအားဖြင့် မြန်မာနိုင်ငံရဲ့ လမ်းကြောင်းကို ဆုံးဖြတ်ပေးကြပါလိမ့်မယ်။"
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Industry Reviews Read 232 times