မြန်မာထုတ်လုပ်မှုကဏ္ဍ  ထုတ်လုပ်ရေး အခြေအနေများ စံချိန်တင်နှုန်းဖြင့် တိုးတက်လာခြင်း


02 May, 2023

မြန်မာထုတ်လုပ်မှုကဏ္ဍ  ထုတ်လုပ်ရေး အခြေအနေများ စံချိန်တင်နှုန်းဖြင့် တိုးတက်လာခြင်း

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

၂၀၂၃ မေလ ၂  ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
 


 

ထုတ်လုပ်ရေး အခြေအနေများ စံချိန်တင်နှုန်းဖြင့် တိုးတက်လာခြင်း

အဓိက တွေ့ရှိချက်များ

 

  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ စစ်တမ်းကာလအတွင်း အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်လာခြင်း
  • အလုပ်အကိုင် နေရာအရေအတွက်များ ဆယ်လအတွင်း ပထမဦးဆုံး တိုးလာခဲ့ခြင်း
  • စစ်တမ်း စတင်ချိန်မှစပြီး ဝယ်ယူမှုများ အားအကောင်းဆုံး မြင့်တက်လာခြင်း

 

 

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းများက ဒုတိယသုံးလပတ် အစတွင် ထုတ်လုပ်ရေး အခြေအနေများ ဆက်တိုးတက်လာနေသည့် လက္ခဏာများကို ပြသသည်။ 
ထုတ်လုပ်မှုရော စက်ရုံ အော်ဒါအသစ်များပါ စံချိန်တင် အားအကောင်းဆုံး အရှိန်ဖြင့် မြင့်တက်လာခဲ့ကြသည်။ ထို့အပြင် လုပ်ငန်းဆိုင်ရာ မြင့်မားသည့် ဝယ်လိုအား တောင်းဆိုမှုများကြောင့် ထုတ်လုပ်သူတို့သည် ဆယ်လအတွင်း ပထမဦးဆုံးအကြိမ် အလုပ်အကိုင်နေရာများကို လူတိုးခန့်ခဲ့ကြရပြီး ဝယ်ယူမှုများကို စံချိန်တင်နှုန်းဖြင့် တိုးမြှင့်လုပ်ကိုင်ခဲ့ကြရသည်။

ထုတ်လုပ်မှုအပြီးတွင် လက်ကျန်စာရင်းများမှာ စစ်တမ်းအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခြင်းကို ကြည့်ခြင်းအားဖြင့် ကုမ္ပဏီများသည် အော်ဒါများကို ဖြည့်ဆည်းပေးရန် အသစ်ဝယ်ယူဖြည့်တင်းခြင်းထက် လက်ထဲ ရှိနေဆဲ သိုလှောင်ကုန်များကို အသုံးများခဲ့ကြသည်။ 

ထို့အပြင် ဈေးနှုန်းများ၏ ဖိအားပေးမှုများမှာ ၂၀၂၂ ခုနှစ်တွင် မြင်ခဲ့ရသည့် အမြင့်ဆုံးနှုန်းမှ ကျဆင်းလာခဲ့သော်လည်း ပြင်းထန်လျက် ရှိနေသေးပါသည်။
အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI™  - ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ - ဖေဖေါ်ဝါရီလမှစပြီး ကြားနေအမှတ် ၅၀.၀ အထက်မှာ နှစ်လဆက်တိုက် မှတ်တမ်းတင်လိုက်ပြီး မတ်လတွင်  ၅၅.၅ ရှိခဲ့ရာမှ ဧပြီလတွင်  ၅၇.၄ သို့ မြင့်တက်လာခဲ့သည်။ 

ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေမှာ ဈေးဝယ်များဘက်မှ ဝယ်လိုအားကို ဗဟိုပြုခဲ့ရာ ထုတ်လုပ်မှု၊ ဝယ်ယူမှုနှင့် အလုပ်အကိုင်နေရာ အရေအတွက်တို့ကို မြှင့်တင်ပေးခဲ့ပါသည်။
စက်မှု ထုတ်လုပ်မှုနှင့် လုပ်ငန်းအသစ် ပမာဏများ တိုးလာသည့် နှုန်းမှာ ဧပြီလတွင် ပိုမြန်လာခဲ့သည်။ စင်စစ်တွင် နောက်ဆုံး ဦးမော့မှုများမှာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ဒီဇင်ဘာမှစပြီး မှတ်တမ်းတင်ခဲ့သည့် အမြန်ဆုံး နှုန်းများ ဖြစ်ပါသည်။

 

 

 

အဓိကအကျဆုံး အညွှန်းကိန်းကို အရေးကြီးသည့် အမှတ် ၅၀.၀ အထက်သို့ ရှေ့ဆက် တွန်းတင်ပေးခဲ့သည်မှာ ဝန်ထမ်းဦးရေ တိုးလာမှု ဖြစ်ပါသည်။ အသင့်အတင့် တိုးလာမှုဖြစ်ခဲ့သော်လည်း ဧပြီလသည် ၂၀၂၂ ဇွန်လနောက်ပိုင်းတွင်  အလုပ်အကိုင်နေရာ ဖန်တီးပေးသည့် ပထမဆုံးလ ဖြစ်လာသည်။ ကုမ္ပဏီများသည် အလုပ်အသစ်များနှင့် ဝယ်လိုအား တောင်းဆိုမှုများ တိုးလာမှုကို ဖြည့်တင်းပေးရန်အတွက် ၎င်းတို့၏ ဝန်ထမ်းဦးရေကို တိုးချဲ့ရန် စိတ်ထက်သန်ခဲ့ကြသည်။
အလားတူစွာပင်ထုတ်လုပ်ရေးကုမ္ပဏီများသည် ဧပြီလတွင် ၎င်းတို့၏ ဝယ်ယူရေး လုပ်ငန်းများကိုပါ တိုးပြုလုပ်ခဲ့ကြရာ လေးလဆက်တိုက် တိုးတက်မှု ဖြစ်လာသည်။ ထို့အပြင် ဝယ်ယူမှုများမှာ စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။
ဝယ်လိုအား အခြေအနေများ တိုးတက်လာခြင်းက လက်ကျန်စာရင်းများ နည်းနေခြင်း၊ ပစ္စည်းပေးသွင်းသူတို့၏ ပစ္စည်းပေးသွင်းမှု ကြာမြင့်ခြင်းများကြောင့် ကြိုကြိုတင်တင် ပိုမိုဝယ်ယူထားခြင်းများကြောင့် ဝယ်လိုအား တိုးလာမှုကို ဆိုလိုပါသည်။ သိုလှောင်ထားသည့် ကုန်ချောများ ကုန်ခမ်းလာမှုမှာ သိသာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် မှတ်တမ်းထဲတွင် အမြန်ဆုံး ဖြစ်လာသည်။ ထို့အပြင် စစ်တမ်း၏ နောက်ဆုံး နှစ်လအတွင်းမှာ အားပျော့လာခဲ့သည့် ပစ္စည်းပေးသွင်းမှု ပျမ်းမျှကြာမြင့်ချိန်များသည် ဧပြီလတွင် ပိုကြာခဲ့ပြီး ခုနစ်လအတွင်း ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် အကြီးမားဆုံး ဆုတ်ယုတ်လာမှုကို အချက်ပြနေပါသည်။
လျှပ်စစ် ပြတ်တောက်မှုများ၊ ကုန်ကြမ်း ရှားပါးမှုများနှင့် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ပိုတိုးလာမှုက စက်မှုကဏ္ဍကို နောက်ပြန်ဆွဲနေခြင်း ဆက်ဆွဲနေခဲ့ကြရာ ဧပြီလတွင် မပြီးစီးသေးသည့် လက်ကျန် အလုပ်များ ထပ်တိုးလာခဲ့သည်။ ထို့အပြင် မကြာခင်က ဝယ်လိုအား ပြန်ဦးမော့လာမှုက ကုန်ထုတ်စွမ်းအား အပေါ်  ဖိအားပေးမှုများကို မြှင့်ပေးခဲ့ရာ မပြီးဘဲကျန်ရစ်သည့် အလုပ် ပမာဏများ တိုးလာခဲ့သည်မှာ ယခုနှစ်တွင် ယနေ့အထိ အမြန်ဆုံးနှုန်း ဖြစ်လာသည်။

ဈေးနှုန်းများကို ကြည့်မည်ဆိုလျှင် သွင်းအားစု ကုန်ကျစရိတ်နှင့် ရောင်းဈေး နှစ်ရပ်စလုံးတို့၏ ငွေကြေးဖောင်းပွမှုမှာ မတ်လထက် မသိမသာ အားပျော့လာလျက် လွန်ခဲ့သည့်နှစ်၏ သက်ဆိုင်ရာ ပျမ်းမျှနှုန်းများထက် အားပျော့နေခဲ့ကာ တိုးထုတ်လုပ်မှုနှုန်းမှာမူ အခိုင်အမာ မြင့်နေခဲ့ပြီး သမိုင်းစဉ်အရ မြင့်မားလျက် ရှိနေပါသည်။

ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုများအပေါ် အဓိက လွှမ်းမိုးခဲ့ကြသည်မှာ ကုန်ကြမ်းဈေးနှုန်းများ ကြီးမြင့်လာမှုနှင့် ပို့ဆောင်ရေး စရိတ်စကများ တိုးလာမှု ဖြစ်ပါသည်။
အနာဂတ်ဆီ မျှော်ကြည့်လျှင် ထုတ်လုပ်သူတို့အကြားရှိ အကောင်းမြင်စိတ်မှာ သမိုင်းစဉ်အရ အားပျော့နေခဲ့သော်လည်း တစ်နှစ်အတွင်းမှာ မှတ်တမ်းတင်နိုင်ခဲ့သည့် အကောင်းဆုံး တစ်ခုဖြစ်ပါသည်။ 
အော်ဒါများနှင့် ထုတ်လုပ်မှု တိုးလာမည့် မျှော်လင့်ချက်များက ယုံကြည်မှုကိုပံ့ပိုးပေးခဲ့ပါသည်။ သို့သော်လည်း စစ်တမ်းမှာ ပါဝင်ဖြေခဲ့ကြသူ အများစု (၉၆%) တို့က လာမည့် ၁၂ လအတွင်းမှာ ထုတ်လုပ်မှု ပြောင်းလဲမည်မဟုတ်ဟု မျှော်လင့်ထားကြသည်။


သုံးသပ်ချက်

 

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-

"နောက်ဆုံး သုံးနှစ်အတွင်း အများဆုံး မြင်တွေ့ခဲ့ရသည့် ဆက်တိုက် ကျဆင်းလာမှု အစဉ်ကို စွန့်ခွာလျက် ဖေဖေါ်ဝါရီလမှစပြီး ကိန်းဂဏန်းများက မြန်မာစက်မှုကဏ္ဍဟာ ဦးမော့လာနေတာကို အချက်ပြလိုက်ပြီး လုပ်ကိုင်မှုအခြေအနေများ တိုးတက်လာနေတာကို လစဉ် တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဓိကအကျဆုံး PMI အညွှန်းကိန်းဟာ ဧပြီလမှာ စံချိန်တင်အမြင့်ဆုံးအဖြစ် နှစ်လဆက်တိုက် မှတ်တမ်းတင်ခဲ့ကာ သုံးနှစ်ကျော်အတွင်း အမှတ် ၅၀.ဝ အထက်မှာ သုံးလဆက်တိုက် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ စစ်တမ်းထဲ ပါဝင်ဖြေဆိုကြသူတို့ရဲ့ အဆိုအရ၊ အော်ဒါအသစ်များ ရရှိမှု တဟုန်ထိုး မြင့်မားလာမှုကြောင့် ကုမ္ပဏီများအနေနဲ့ ၎င်းတို့ရဲ့ ထုတ်လုပ်မှုများကို တိုးမြှင့်စေခဲ့ပါတယ်။ ဒါ့အပြင် အလုပ်အကိုင် နေရာများမှာ ဆယ်လအတွင်း ပထမအကြိမ် မြင့်တက်လာခဲ့ပါတယ်။
“တိုးထုတ်လုပ်မှုဆီ ပြန်လည်ဦးမော့လာမှု အားကောင်းနေချိန်မှာစက်မှုကဏ္ဍဟာ အနှောင့်အယှက်များ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ထုတ်လုပ်သူတို့က လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနဲ့ လောင်စာဆီ ဈေးမြင့်တက်လာမှုကို ယခင်အတိုင်း ဆက်လက် အစီရင်ခံကြပါတယ်။
ဒီအချက်တွေရဲ့ သက်ရောက်မှုတွေကို ပစ္စည်းပေးသွင်းသူတို့ရဲ့ စွမ်းဆောင်မှုများ ဆုတ်ယုတ်လာမှု၊ လက်ကျန်စာရင်းများ သိသိသာသာ မြင့်တက်လာမှုနဲ့ ငွေကြေးဖောင်းပွမှုနှုန်းများ အဆမတန် မြင့်မားနေမှုများထဲမှာ တွေ့မြင်နိုင်ပါတယ်။ ခြုံပြောရရင် ဘယ်လိုပဲဖြစ်ဖြစ်၊ စက်မှုကဏ္ဍဟာနာလန်ထူရေး လမ်းကြောင်းပေါ်ကို ရောက်နေပုံရပြီး ကုမ္ပဏီတွေဟာ
တိုးရလာနေတဲ့ အော်ဒါများကို အားကိုးရင်း အနာဂတ်မှာ ထုတ်လုပ်မှု တိုးချဲ့နိုင်ရေးကို ပံ့ပိုးပေးဖို့ ကြိုးစားနေကြပါတယ်။”

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Industry Reviews Read 223 times