ဧပြီလတွင် မြန်မာအပါအဝင် အာဆီယံတစ်ဝန်း ကုမ္ပဏီများ ထုတ်လုပ်မှု တဟုန်ထိုး တိုးလာ


05 May, 2023

 ဧပြီလတွင် မြန်မာအပါအဝင် အာဆီယံတစ်ဝန်း ကုမ္ပဏီများ ထုတ်လုပ်မှု တဟုန်ထိုး တိုးလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၃  မေလ ၄ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
 


S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI
အာဆီယံ တစ်ဝန်းတွင် ကုမ္ပဏီများ ထုတ်လုပ်မှု တဟုန်ထိုး တိုးလာခြင်း

အဓိက တွေ့ရှိချက်များ-

 

  • အဓိကအကျဆုံး PMI အညွှန်းကိန်းသည် ခုနစ်လအတွင်း အမြင့်ဆုံးသို့ တိုးတက်သွားခြင်း
  • ၁၈ လအတွင်း ထုတ်လုပ်မှုတွင် အဟုန်အပြင်းဆုံး တိုးတက်လာခြင်း
  • ဈေးနှုန်းများ၏ ဖိအားပေးမှုများ ရှေ့ဆက် အသင့်အတင့် ဖြစ်လာခြင်း
  •  

ဒေတာကိုဧပြီလ ၁၂-၂၄ ရက်တွင် စုစည်းခဲ့သည်

 

ဒုတိယ သုံးလပတ်၏ အစပိုင်းမှာ အာဆီယံထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေအရပ်ရပ်ထဲတွင် ခိုင်မာသည့် တိုးတက်မှုကို မှတ်တမ်း တင်ဖြစ်ခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်နှစ်ရပ်စလုံး မြန်ဆန်စွာ တိုးလာမှုက ဦးမော့လာရေးကို ပံ့ပိုးပေးခဲ့သည်။
လုပ်ငန်းအသစ်များကို လေးလဆက်တိုက် တိုးရလာခဲ့ပြီး တိုးတက်လာမှု နှုန်းမှာ လွန်ခဲ့သည့် စက်တင်ဘာမှစပြီး အမြန်ဆုံး ဖြစ်လာသည်။ ထိုအချက်က ၁၈ လ အတွင်းမှာ အမြန်ဆုံး တိုးထုတ်နိုင်အောင် ထောက်ကူပေးခဲ့သည်။
နောက်ဆုံး စစ်တမ်း ဒေတာက ဈေးနှူန်းများ၏ ဖိအားပေးမှုများ ရှေ့ဆက်အရှိန်ကျလာမှုကိုပါ အချက်ပြနေသည်။ ထုတ်လုပ်သူတို့သည် ၂၉ လအတွင်းမှာ လုပ်ကိုင်မှု စရိတ်စကများ အားအပျော့ဆုံး ဦးမော့မှုကို မှတ်တမ်းတင်ခဲ့ကြသည်။
အလားတူစွာပင် ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှု အရှိန်သည်ပါ ဧပြီလတွင်သိသာစွာ အသင့်အတင့်ဖြစ်လာခဲ့သည်။

အဓိကအကျဆုံး S&P Global အာဆီယံ ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ကို ကြားနေအမှတ် ၅၀.၀ အထက်တွင် ၁၉-လ ဆက်တိုက်မှတ်တမ်း တင်လိုက်ပြီး မတ်လ၏ ၅၁.၀ မှ ဧပြီလတွင် ၅၂.၇ သို့  တက်လှမ်းလိုက်သည်။ ထိုအညွှန်းကိန်းက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစပြီး လုပ်ငန်းအခြေအနေများ အားကောင်းဆုံး တိုးတက်လာမှုကိုအချက်ပြနေသည်။

 

နိုင်ငံအလိုက် PMI ဒေတာက အာဆီယံထဲ အကျုံးဝင်ကြသည့် ခုနစ်နိုင်ငံ အနက် ငါးနိုင်ငံမှာ ဧပြီလတွင် တိုးမြှင့် ထုတ်လုပ်မှုကိုမြင်ခဲ့ရပြီး ထိုင်းနိုင်ငံ၏ ဦးမော့မှုမှာ အမြန်ဆုံးဖြစ်ပါသည်။ 
စင်စစ်တွင် ထိုင်းနိုင်ငံသည် နောက်ဆုံး စစ်တမ်းကာလလေးခုအနက် သုံးခုအတွင်း စွမ်းဆောင်ရည် အကောင်းဆုံး နိုင်ငံ ဖြစ်ခဲ့လျက် တိုးမြှင့်ထုတ်လုပ်မှုနှုန်း (၆၀.၄) သည် ယခုလမှာ စစ်တမ်း၏ သမိုင်းအတွက် မှတ်တမ်းတင်ထားသည့် အမြန်ဆုံးနှုန်း ဖြစ်လာသည်။

မြန်မာနိုင်ငံ တစ်ဝန်းက ကုန်စည် ထုတ်လုပ်သူတို့သည်လည်း အလားတူစွာ ဧပြီလတွင် လုပ်ငန်း အခြေအနေများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ကြသည်။ 
၅၇.၄ မှာ ပြလာသည့်သက်ဆိုင်ရာ အဓိကအကျဆုံး အညွှန်းကိန်းမှာ စစ်တမ်းတွင်နှစ်လဆက်တိုက် အမြင့်ဆုံး စံချိန်ကို တင်နိုင်ခဲ့သည်။ 

အင်ဒိုနီးရှား နိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍထဲက အခြေအနေများ ဧပြီလတွင် အနည်းငယ် တိုးတက်လာခြင်းကို တွေ့မြင်နိုင်ပါသည်။ နောက်ဆုံး ဖြစ်သော PMI အညွှန်းကိန်း (၅၂.၇) မှာ လက်ရှိအစဉ်ကို လ ၂၀ ဆက်တိုက်ဆီသို့ ဆွဲဆန့်ပေးလိုက်ပြီး နောက်ဆုံး အညွှန်းကိန်း၏ တန်ဖိုးမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာမှစပြီး မှတ်တမ်းတင်ခဲ့သည့် အထဲက အမြင့်ဆုံး ဖြစ်လာပါသည်။

စင်ကာပူနိုင်ငံတွင် အဓိကအကျဆုံး PMI အညွှန်းကိန်းသည် သုံးလအတွင်း ပထမဦးဆုံးအကြိမ် ကြားနေအမှတ်၅၀.၀ ၏ အထက်တွင် မှတ်တမ်းတင်ဖြစ်သည်။
၅၁.၉ မှာ ရှိနေသော အညွှန်းကိန်းက နှစ်လကြာ ကျဆင်းမှု၏ နောက်မှာ ထုတ်လုပ်ရေး ကဏ္ဍ တစ်ဝန်းက အခြေအနေ တိုးတက်လာမှုကို အချက်ပြနေသည်။ 
ဖိလစ်ပိုင် ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဧပြီလတွင် တိုးထုတ်လုပ်မှုကို အစီရင်ခံခဲ့ကြရာ ဆယ့်ငါးလဆက်တိုက် ဖြစ်လာသည်။ သို့သော်လည်း တိုးချဲ့ထုတ်လုပ်နိုင်ခဲ့သည့်နှုန်း (၅၁.၄) မှာမူ ဇန်နဝါရီလမှစပြီး ရှစ်လအတွင်းမှာ အနည်းဆုံးသို့ အားပျော့သွားခဲ့သည်။

အခြေအနေများ ဆိုးဝါးလာနေကြောင်း မှတ်တမ်းတင်ခဲ့ကြသည့် နိုင်ငံများမှာ မလေးရှားနှင့် ဗီယက်နမ် နှစ်နိုင်ငံဖြစ်သည်။ 

မလေးရှား နိုင်ငံ ကျဆင်းမှု နှုန်းမှာ မတ်လ၏ (PMI ၄၈.၈) အတိုင်း မပြောင်းမလဲ ရှိနေခဲ့ပြီး ခြုံပြောရလျှင်အသင့်အတင့် ဖြစ်ခဲ့ပါသည်။

 ယင်းအတောအတွင်းမှာ ဗီယက်နမ်သည် နှစ်လဆက်တိုက် အနိမ့်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။ ထို့အပြင် ဗီယက်နမ် ထုတ်လုပ်သူတို့သည် စက်မှုကဏ္ဍထဲက အခြေအနေများမှာ ပိုလျင်မြန်စွာ ဆုတ်ယုတ်လာနေကြောင်းကို မှတ်တမ်းတင်ခဲ့ကြပြီး အဓိကအကျဆုံး အညွှန်းကိန်း၏ တန်ဖိုး (၄၆.၇) မှာ လေးလအတွင်း အနိမ့်ဆုံး ဖြစ်လာသည်။


အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ တစ်ရပ်လုံးသည် ဧပြီလတွင် အသင့်အတင့် တိုးတက်လာခဲ့လျက် အဓိကအကျဆုံး အညွှန်းကိန်းသည် ခုနစ်လအတွင်း အမြင့်ဆုံး ဖြစ်လာသည်။ PMI အညွှန်းကိန်းကို အရှိန်မြှင့် တွန်းတင်ပေးခဲ့ကြသည်မှာ အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု တိုးလာမှုအပြင် ထုတ်လုပ်မှုအကြို လက်ကျန် စာရင်းများ ခြောက်လ ဆက်တိုက် ကျဆင်းလာခဲ့မှု နောက်မှာ အသစ်တဖန်တိုးလာမှုဖြစ်ပါသည်။
အာဆီယံတစ်ဝန်းရှိ ကုန်စည်ထုတ်လုပ်သူတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှစပြီး ထုတ်လုပ်မှု ပမာဏများကို လစဉ်လတိုင်း တိုးမြှင့်ခဲ့ကြသည်။ ထို့အပြင်၊ တိုးမြှင့်ထုတ်လုပ်မှု အရှိန်မှာ တစ်နှစ်ခွဲအတွင်း အဟုန်အပြင်းဆုံး ဖြစ်ခဲ့သည်။ ဝယ်လိုအား အခြေအနေများပိုကောင်းလာခြင်းက ထုတ်လုပ်မှုကို ရှေ့ဆက်တိုးချဲ့နိုင်အောင် ထောက်ကူခဲ့သည်ဟု စစ်တမ်း ဖြေကြားသူ အများစုတို့က ဆိုကြသည်။ 


အာဆီယံထုတ်လုပ်ရေး ကုမ္ပဏီများ ရရှိလာကြသည့် အော်ဒါများ တိုးလာသည်မှာ ဧပြီလတွင် လေးလဆက်တိုက် ဖြစ်ပါသည်။ ထို့အပြင် တိုးရလာမှု အရှိန်မှာလွန်ခဲ့သည့် စက်တင်ဘာမှစပြီး အမြန်ဆုံး ဖြစ်လာပါသည်။
အရောင်းသွက်လာခြင်းနှင့် ထုတ်လုပ်မှု တိုးလာမှု ပေါင်းစုံမိခြင်းက ကုမ္ပဏီများအား ၎င်းတို့၏ ဝယ်ယူရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာစေခဲ့သည်။ သွင်းအားစုဝယ်ယူမှုများသည် ခုနစ်လအတွင်းမှာ အမြင့်ဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။ ထို့အပြင် ထုတ်လုပ်သူတို့သည် ၎င်းတို့၏ လက်ကျန်စာရင်းများကိုပါဖြည့်ဆည်းပေးနိုင်ခဲ့ကြသည်။ ထုတ်လုပ်မှုအကြို သိုလှောင်ထားမှုများသည်ဧပြီလတွင် အသင့်အတင့် တိုးလာခဲ့ရာ ခြောက်လကြာခဲ့သည့် ကျဆင်းမှုအစဉ်ကို အဆုံး သတ်ပစ်နိုင်ခဲ့သည်။ အလားတူစွာပင် ထုတ်လုပ်မှုအပြီး သိုလှောင်ထားမှုများသည် နှစ်လကြာ ကုန်ခမ်းလာမှုနောက်မှာ တိုးလာခဲ့ပြန်သည်။
ကုမ္ပဏီများသည် လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ တိုးတိုးလာနေခြင်းကို ယေဘုယျအားဖြင့် ဖြည့်ဆည်း ပေးနိုင်ကြသည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် သွင်းကုန်များအတွက် ပေးသွင်းမှု ကြာမြင့်ချိန်များ တိုးတက်လာမှုကြောင့် ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနစ် အောက်တိုဘာမှစလျက် လက်ကျန် အလုပ်များ လစဉ်ကျဆင်းလာခဲ့သည်မှာ ယခုအထိပင်ဖြစ်သည်။ 

 


မည်သို့ပင်ဖြစ်စေ အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများက ဝန်ထမ်းဦးရေကို လျှော့ချခဲ့ရကြောင်းကို အစီရင်ခံလာကြသည်မှာ နှစ်လ ဆက်တိုက် ဖြစ်သည်။ သို့သော်လည်း လက်ကျန်အလုပ်များ၏ ကုန်ခမ်းမှုနှင့် အလုပ်နေရာ ဖြတ်တောက်ခံရမှု နှစ်ရပ်စလုံး၏ နှုန်းမှာမူဒသမဂဏန်းမျှသာ ရှိခဲ့ပါသည်။


ဈေးနှုန်းများ၏ ဖိအားပေးမှုများမှာ ဧပြီလတွင် အားပျော့လာခဲ့သည်။ စရိတ်စကများ၏ ဝန်ထုပ်ဝန်ပိုးများမှာ ၂၉ လအတွင်း အားအပျော့ဆုံး နှုန်းဖြင့် တိုးလာခဲ့ပြီး စစ်တမ်းသမိုင်းတွင် မြင်ခဲ့ရသည်ထက် အားပျော့နေခဲ့သည်။ 
ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုမှာ ခြောက်လ ဆက်တိုက် အသင့်အတင့် ရှိနေခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်မှစပြီး ရောင်းဈေးများ၏ အားအပျော့ဆုံး ဦးမော့လာမှုကိုညွှန်ပြနေသည်။
အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍတစ်ခုလုံးထဲက လာမည့် ၁၂-လအတွက် မျှော်မှန်းချက်မှာ ဧပြီလတွင် အားကောင်းလာခဲ့ပြီး အကောင်းမြင်စိတ်သည် ခြောက်လအတွင်း အမြင့်ဆုံးသို့ တက်လှမ်းလိုက်သည်။ ယင်းမျှော်လင့်ချက်များမှာ မကြာခဏဆိုသလို လာမည့် လများအတွင်း စီးပွားရေး အခြေအနေ တိုးတက်လာမည် ဟူသော မျှော်လင့်ချက်များမှ ပေါ်ထွန်းလာခြင်း ဖြစ်ပါသည်။

 

သုံးသပ်ချက်


အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူMaryam Baluch ပြောကြားသွားသည်မှာ-

“အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် ဧပြီလတွင် လုပ်ကိုင်မှု အခြေအနေများ ပိုအားကောင်းစွာ တိုးတက်လာကြောင်း မှတ်တမ်း တင်ခဲ့သည်။ ကုမ္ပဏီများက လုပ်ငန်းအသစ်များကိုရှေ့ဆက်တိုးရခဲ့ကြောင်း အစီရင်ခံခဲ့ကြရာ ထိုအချက်က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ထုတ်လုပ်မှု ပမာဏများကို အားအကောင်းဆုံး တိုးလာအောင်မောင်းနှင်ပေးခဲ့ပါသည်။
“ဈေးနှုန်း ဖိအားပေးမှုများမှာ ရှေ့ဆက် အသင့်အတင့် ဖြစ်လာခဲ့ပြီး သွင်းအားစု စရိတ်စကများနှင့် ရောင်းဈေးများမှာ ၎င်းတို့၏ သက်ဆိုင်ရာ ပျမ်းမျှထက် အားပျော့သည့် နှုန်းများဖြင့် မြင့်တက်လာခဲ့ကြသည်။ ထို့အပြင် COVID-19 စတင်ချိန်မှစပြီး ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် သိသိသာသာ ဆုတ်ယုတ်လာမှုကို မြင်ခဲ့ရသည့် နောက်မှာ သွင်းကုန်များ အတွက် ပစ္စည်းပေးသွင်းရန် ကြာမြင့်ချိန်များမှာ ဧပြီလတွင် နှစ်လဆက်တိုက် ပိုကောင်းလာခဲ့ပါတယ်။
“အနာဂတ်ဆီကို လှမ်းမျှော်ကြည့်ကြရာတွင် ဒေသတစ်ဝန်းရှိထုတ်လုပ်သူများသည် အများအားဖြင့် အကောင်းမြင်နေကြပြီး၊ ၎င်းတို့၏ အကောင်းမြင်မှု အဆင့်အတန်းမှာ ဧပြီလတွင် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်လာပါသည်။ ထုတ်လုပ်သူတို့သည် နိုင်ငံတကာ စီးပွားရေး အခြေအနေများ ရှေ့ဆက်ကောင်းမွန်လာမည်ဟု မျှော်လင့်မြဲ မျှော်လင့်နေကြပါသည်။”



 

Industry Reviews Read 227 times