အာဆီယံ ထုတ်လုပ်မှု အခြေအနေများ နိုဝင်ဘာတွင် တည်ငြိမ်လာ


02 December, 2023

အာဆီယံ ထုတ်လုပ်မှု အခြေအနေများ နိုဝင်ဘာတွင် တည်ငြိမ်လာ

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U


 

၂၀၂၃  ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


အာဆီယံ ထုတ်လုပ်မှု အခြေအနေများ နိုဝင်ဘာတွင် တည်ငြိမ်လာခြင်း


အဓိကတွေ့ ရှိချက်များ

  • အဓိကအကျဆုံး အညွှန်းကိန်း PMI ၅ဝ.ဝ သို့ တက်လှမ်းလိုက်ခြင်း 
  • ထုတ်လုပ်မှု တိုးလာမှုမှာ သုံးလအတွင်း အားအကောင်းဆုံး ဖြစ်လာသော်လည်း အော်ဒါအသစ်များမှာ ထပ်မံကျဆင်းလာခြင်း

 

 

ဒေတာကို အောက်တိုဘာ ၁၂-၂၅ ရက်များတွင် စုစည်းခဲ့သည် 


နှစ်လကြာ ဆုတ်ယုတ်လာခဲ့ပြီးနောက် အာဆီယံ ထုတ်လုပ်မှု အခြေအနေများသည် နောက်ဆုံး PMI ဒေတာအရ ဆိုပါက နိုဝင်ဘာလတွင် တည်ငြိမ်လာခဲ့သည်။ 
ယခုနှစ်၏ အစောပိုင်းလများတွင် လုပ်ငန်းအသစ်များ တိုးရလာခြင်းနှင့် လက်ကျန် အလုပ်များကို ပြီးစီးအောင် လုပ်ပေးနိုင်မှုက နိုဝင်ဘာလတွင် စက်မှု ထုတ်လုပ်မှု တိုးချဲ့နိုင်ရေးကို ပံ့ပိုးပေးခဲ့သည်။
ထို့အပြင် ထုတ်လုပ်မှု တိုးလာသည့်နှုန်းသည် သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာသည်။ 
ဒေသတဝန်းက စက်ရုံ အလုပ်နေရာများမှာမူ နှစ်လကြာ လျှော့ချခဲ့ပြီးသည့်နောက်မှာ တည်ငြိမ်လာခဲ့ပါသည်။ 

သို့သော်လည်း အော်ဒါအသစ်များ ရရှိမှုမှာ သုံးလဆက်တိုက် ကျဆင်းလာခဲ့ပြီး လက်ရှိ ဝယ်လိုအား အခြေအနေ အားပျော့မှုကို မီးမောင်းထိုးပြလိုက်သည်။ 
ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးများသည် နိုဝင်ဘာလတွင် တဟုန်ထိုး မြင့်တက်လာခဲ့လျက် ခုနစ်လအတွင်းမှာ အားအကောင်းဆုံးနှုန်း ဖြစ်လာသည်။ 
ယင်းအတောအတွင်း ထုတ်လုပ်သူတို့သည် ၎င်းတို့၏ ရောင်းဈေးများကို မြှင့်တင်ခဲ့ကြသည်။ 
အသင့်အတင့်မျှသာ အဓိကအကျဆုံး ဖြစ်သော S&P Global အာဆီယံ ထုတ်လုပ်မှု (PMI®) သည် အောက်တိုဘာလ၏ ၄၉.၆ မှနေပြီး နိုဝင်ဘာလတွင် သုံးလအမြင့်ဆုံး ဖြစ်သော ၅၀.၀ သို့ တက်လှမ်းလိုက်ခြင်းဖြင့် အာဆီယံ ထုတ်လုပ်ရေး အခြေအနေများ တည်ငြိမ်နေခဲ့ခြင်းကို ညွှန်ပြနေသည်။

 

နိုင်ငံအလိုက် ဒေတာက အာဆီယံတွင် ပါဝင်ကြသည့် ခုနစ်နိုင်ငံအနက် သုံးနိုင်ငံတွင် အခြေအနေများ တိုးတက်လာမှုကို မီးမောင်းထိုးပြနေသည်။ 

အားအကောင်းဆုံး တိုးမြှင့်ထုတ်လုပ်မှုကို မှတ်တမ်းတင်ခဲ့သည်မှာ ဖိလစ်ပိုင် ထုတ်လုပ်သူများ ဖြစ်ကြပြီး နှစ်လဆက်တိုက် ရှိပြီ ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် အဓိကအကျဆုံး အညွှန်းကိန်းကို ကိုးလအတွင်း အမြင့်ဆုံး ၅၂.၇ တွင် မှတ်တမ်းတင်ခဲ့သဖြင့် ခိုင်မာသည့် တိုးမြှင့်ထုတ်လုပ်မှု ဖြစ်သည်။


အင်ဒိုနီးရှားနှင့် စင်ကာပူ နှစ်နိုင်ငံစလုံးမှာ ထုတ်လုပ်မှု အခြေအနေများသည် နိုဝင်ဘာလတွင် တူညီသော အသင့်အတင့်နှုန်းဖြစ်သည့် (၅၁.၇) သို့ တိုးတက်လာခဲ့သည်။ 

ယခုလအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံတဝန်း တိုးမြှင့်ထုတ်လုပ်မှုနှုန်းသည် မြန်ဆန်လာသည်။

စင်ကာပူ စက်ရုံများကမူ သုံးလအတွင်းမှာ ပထမအကြိမ် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်ပြီး ဇွန်လနောက်ပိုင်း အထင်ရှားဆုံး တိုးတက်မှု ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု လုပ်ငန်း အခြေအနေများ ပိုမြန်ဆန်စွာ ကျဆင်းလာခဲ့သည်ကို မှတ်တမ်း တင်ဖြစ်ခဲ့သော်လည်း ခြုံကြည့်လျှင် (PMI ၄၈.၁) အသင့်အတင့်မျှ ဖြစ်ခဲ့သည်။

မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ဆယ့်ငါးလ ဆက်တိုက် အကျဘက်တွင် ရှိနေပါသည်။ အဓိကအကျဆုံး အညွှန်းကိန်းမှာ ခုနစ်လအတွင်း အမြင့်ဆုံးဖြစ်သော ၄၇.၉ သို့ မြင့်တက်သွားသော်လည်း ခြုံပြောရလျှင် အခြေအနေများ အခိုင်အမာ ဆုတ်ယုတ်နေမှုကို အချက်ပြနေသည်။ 

ထိုင်းနိုင်ငံ၏ အဓိကအကျဆုံး အညွှန်းကိန်း (၄၇.၆) သည် နိုဝင်ဘာလတွင် မြင့်တက်လာခဲ့ခြင်း ဖြစ်သော်လည်း လည်ပတ်မှု အခြေအနေများ လေးလဆက်တိုက် ကျဆင်းလာမှုကို မီးမောင်းထိုးပြနေသည်။

ဗီယက်နမ်နိုင်ငံမှာ အဓိကအကျဆုံး အညွှန်းကိန်းသည် နိုဝင်ဘာလတွင် ငါးလအတွင်း အနိမ့်ဆုံး ၄၇.၃ သို့ အားပျော့သွားခဲ့ခြင်းဖြင့် ထုတ်လုပ်မှု ကဏ္ဍတစ်ဝန်း ကျဆင်းမှုမှာ အရှိန်ပိုရလာခဲ့ပါသည်။

 

ခြုံပြောရလျှင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတဝန်းက လည်ပတ်မှု အခြေအနေများသည် နိုဝင်ဘာလတွင် မပြောင်းမလဲ ရှိနေခဲ့ခြင်းဖြင့် နှစ်လကြာခဲ့သည့် ကျဆင်းမှု ကာလကို အဆုံးသတ်ပစ်လိုက်သည်။

အာဆီယံ၏ အဓိက PMI အညွှန်းကိန်း၏ ဦးမော့မှုအတွက် အဓိကတွန်းအားမှာ နိုဝင်ဘာလတွင် စက်မှု ထုတ်လုပ်မှု အားကောင်းစွာ တိုးလာမှု ဖြစ်ပါသည်။ 

အာဆီယံ ကုန်စည် ထုတ်လုပ်သူတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှစပြီး မိမိတို့၏ ထုတ်လုပ်မှု ပမာဏများကို လစဉ် တိုးချဲ့နိုင်ခဲ့ပြီး နောက်ဆုံး တိုးမြှင့်ထုတ်လုပ်မှုမှာ သုံးလအတွင်း အားအကောင်းဆုံး ဖြစ်လာသည်။ 

စက်ရုံများ၏ ထုတ်လုပ်မှု တိုးလာမှုကို အဓိကအားဖြင့် ပံ့ပိုးပေးခဲ့သည်မှာ ၂၀၂၃ ခုနှစ်၏ ပထမ ခြောက်လပိုင်းအတွင်း မပြီးပြတ်သဖြင့် စုပုံလာခဲ့သည့် လက်ကျန် အော်ဒါများကို ပြီးပြတ်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းကို ဒေတာက ထောက်ပြနေသည်။

မည်သို့ပင်ဖြစ်စေ ဝယ်လိုအား အခြေအနေများသည် ဒေသတဝန်းမှာ ဆက်လက် အားပျော့လာခဲ့သည်။ 
စက်ရုံများ ရရှိခဲ့ကြသည့် စုစုပေါင်း အော်ဒါများသည် သုံးလဆက်တိုက် မသိမသာ ကျဆင်းလာခဲ့လျက် ပြည်ပမှ လာသည့် လုပ်ငန်းအသစ် များသည်လည်း ထပ်မံကျဆင်းလာခဲ့သော်လည်း နှုန်းမှာမူ အောက်တိုဘာလထက် နှေးလာပါသည်။ 

ဝယ်လိုအား အခြေအနေများ အားပျော့လာခြင်းက အာဆီယံ ထုတ်လုပ်သူတို့သည် ၎င်းတို့၏ ဝယ်ယူရေး လုပ်ကိုင်မှုများကို နိုဝင်ဘာလတွင် အဓိကအားဖြင့် အတိုးအလျော့ မပြုခဲ့ကြချေ။ မပြောင်းမလဲ ဆက်ရှိနေသည်။

ကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ကုန်များကို အားကိုးလျက် ထုတ်လုပ်မှု အခိုင်အမာ တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့ကြသည်။ 

ထုတ်လုပ်မှုအကြို ကုန်လက်ကျန် စာရင်းများမှာ သုံးလဆက်တိုက် ကျဆင်းလာခဲ့သော်လည်း နှုန်းမှာ အားပျော့လာခဲ့ပါသည်။ 
ယင်းအတောအတွင်းမှာ သိုလှောင်ထားသည့် ကုန်ချောများမှာမူ လက်ရှိ ကျဆင်းမှု ခုနစ်လ အစဉ်ထဲတွင် အားအကောင်းဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့သည်။

ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်မှာ နိုဝင်ဘာလတွင် ဆယ်လအတွင်း ပထမဦးဆုံးအကြိမ် ဆုတ်ယုတ်လာခဲ့ပါသည်။ သို့သော်လည်း ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များမှာမူ အနည်းငယ်မျှသာ တိုးလာခဲ့လျက် သမိုင်းစဉ် ဒေတာနှင့် နှိုင်းယှဉ်ကြည့်လျှင် အားပျော့ခဲ့ပါသည်။

အော်ဒါအသစ်များ ထပ်မံရရှိခြင်း လျော့နည်းလာခြင်းကြောင့်  ထုတ်လုပ်သူတို့သည် သူတို့လက်ထဲ (မပြီးစီးဘဲ) ကျန်ရစ်နေခဲ့သည့် အလုပ်ပမာဏများကို ပြီးစီးအောင် လုပ်နိုင်သွားစေခဲ့ပါသည်။
မပြီးပြတ်သေးသည့် လက်ကျန် အလုပ်များမှာ ယခုဆိုလျှင် ငါးလဆက်တိုက် လျော့ကျလာခဲ့ခြင်း ဖြစ်ပြီး ထုတ်လုပ်မှု စွမ်းအားများအပေါ် သို့ ဖိအားပေးမှု နည်းလာခြင်းကို အချက်ပြနေပါသည်။

သို့သော်လည်း ကုမ္ပဏီများသည် မိမိတို့၏ အလုပ်သမား ဦးရေကို ထိန်းသိမ်းထားရန် ကြိုးပမ်းခဲ့ကြသည်။ အကျိုးဆက်အဖြစ် နှစ်လဆက်တိုက် အနည်းအကျဉ်း ကျဆင်းခဲ့သည့် ဝန်ထမ်း ပမာဏမှာ နိုဝင်ဘာလတွင် မပြောင်းလဲခဲ့ပါ။

ဈေးနှုန်းများ၏ ဖိအားပေးမှုများမှာ နိုဝင်ဘာလတွင် ပြန်တိုးလာခဲ့ပြီး ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများသည် ဧပြီလမှစပြီး အားအကောင်းဆုံးနှုန်းဖြင့် တိုးလာခဲ့လျက် ခြုံကြည့်လျှင် ပြင်းထန်ခဲ့ပါသည်။ 

ယင်းအတောအတွင်း ကုမ္ပဏီများသည် ၎င်းတို့၏ ရောင်းဈေးများကို အသင့်အတင့်သာ တိုးမြှင့်ခဒ့ကြပါသည်။ 

အမှုနးနှစ်မျိုးစလုံးမှာ သမိုင်းစဉ်ထဲတွင် အားပျော့လျက် အသင့်အတင့်သာ တိုးမြှင့်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ငွေကြေးဖောင်းပွမှု ကျန်ရှိနေပါသည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ အနာဂတ် းအလားအလာ‌အပေါ်  စိတ်ချယုံကြည်ခြင်းသည် နိုဝင်ဘာလတွင် ပိုကောင်းလာခဲ့ပြီး ယေဘုယျအားဖြင့် ကုမ္ပဏီများက လာမည့် ၁၂ လအတွင်းမှာ ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်လင့်ကြသည်။ သို့သော်လည်း ဝယ်လိုအားအခြေအနေများ အားပျော့လာမှုကြောင့် ယင်းယုံကြည်မှုမှာ စစ်တမ်း၏ ပျမ်းမျှထက် အားလျော့နေပါသည်။


သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

၂၀၂၃ ခုနှစ် ကုန်ဆုံးဖို့ တစ်လပဲ လိုတော့တဲ့ နိုဝင်ဘာလမှာ အော်ဒါအသစ်များ သုံးလဆက်တိုက် ကျဆင်းလာခဲ့ခြင်းက အာဆီယံ ထုတ်ကုန်များအတွက် လက်ရှိ ဝယ်လိုအား အခြေအနေများ ရှေ့ဆက် အားပျော့လာမှုကို အချက်ပြနေပါတယ်။
 ဒါပေမဲ့ ယခုနှစ် အစောပိုင်း လများအတွင်း မပြီးပြတ်သေးသည့် လက်ကျန် အလုပ်များ စုပုံလာခဲ့ခြင်းကြောင့် အာဆီယံ ထုတ်လုပ်သူတို့ရဲ့ ထုတ်လုပ်မှုများကို ဆက်ပြီး တိုးနိုင်အောင် ပံ့ပိုးခဲ့ပါတယ်။ ဒီအတောအတွင်းမှာ သိုလှောင်ထားတဲ့ ကုန်စည်များမှာ ဆက်လက်ပြီး ကုန်ခမ်းလာ‌ေစခဲ့ခြင်းဖြင့် ထုတ်လုပ်မှု ပမာဏများကို တစိတ်တဒေသအားဖြင့် ပံ့ပိုးပေးခဲ့တာပါ။

“တကယ်လို့များ ဈေးဝယ်များဘက်မှ ဝယ်လိုအားဟာ ဆက်အားပျော့လာမယ်ဆိုလျှင် လာမယ့် လများအတွင်းမှာ အာဆီယံ ထုတ်လုပ်မှုကဏ္ဍရဲ့ စွမ်းဆောင်နိုင်ရည်ကို ဆုံးဖြတ်ပေးမယ့် အချက်ဖြစ်လာပါမယ်။ 
အဲဒါ့အပြင် လာမယ့် တစ်နှစ်ကာလအတွက် လုပ်ငန်းများရဲ့ ယုံကြည်မှုဟာ သမိုင်းလာ အချက်များနှင့်အညီ ဒေသတစ်ဝန်းမှာ အားပျော့လျက် ရှိနေသေးပါတယ်။ အပြုသဘော ဆောင်နေတဲ့ အချက်ကို ပြောရရင် ဈေးနှုန်းများရဲ့ ဖိအားပေးမှုများဟာ ယှဉ်ကြည့်ပါက အားပျော့လျက် ရှိနေတာမို့ အဲဒီအချက်က လာမယ့် လများအတွင်းမှာ တိုးထုတ်လုပ်နိုင်ရေးကို ပံ့ပိုးပေးနိုင်ပါလိမ့်မယ်။

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Industry Reviews Read 134 times