အာဆီယံ ထုတ်လုပ်မှုကဏ္ဍ ဒီဇင်ဘာလတွင် အကျနယ်ပယ်ထဲသို့ ပြန်ဆင်းသွား


02 January, 2024

အာဆီယံ ထုတ်လုပ်မှုကဏ္ဍ ဒီဇင်ဘာလတွင် အကျနယ်ပယ်ထဲသို့ ပြန်ဆင်းသွား
TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

 

 

၂၀၂၄  ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


အာဆီယံ ထုတ်လုပ်မှု ကဏ္ဍသည် ဒီဇင်ဘာလတွင် အကျနယ်ပယ်ထဲသို့ ပြန်ဆင်းသွားခြင်း

S&P Global  အာဆီယံ ထုတ်လုပ်မှု PMI®

အဓိကတွေ့ ရှိချက်များ

• အာဆီယံ ထုတ်လုပ်မှု PMI သည် ၄၉.၇ သို့ လျှောဆင်းသွားခြင်း 
• အော်ဒါအသစ်များ ရရှိခြင်း ၂၈ လအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းသွားခြင်း 
• ထုတ်လုပ်မှု ကြီးထွားလာမှု အရှိန် ကျဆုံးလာခြင်း

 

(ဒေတာကို ဒီဇင်ဘာ ၀၆-၁၈ ရက်တွင် စုစည်းခဲ့သည်)

PMI ဒေတာအရဆိုပါက အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် အားပျော့သည့် အနေအထားဖြင့် ယခုနှစ်ကို အဆုံးသတ်လိုက်သည်။ 
အဓိက အညွှန်းကိန်းသည် ဒီဇင်ဘာလအထိ လေးလအတွင်းမှာ သုံးလတွင် အကျဘက် နယ်ပယ်ထဲသို့ လျှောဆင်းသွားခဲ့ပါသည်။ 
လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာမှုအတွက် အဓိကမှာ အော်ဒါအသစ်များ ရရှိခြင်း ကျဆင်းမှု မြန်လာခြင်း ဖြစ်သည်။ အလုပ်အသစ်များ ရရှိမှု ကျဆင်းလာသည်မှာ ဒီဇင်ဘာလတွင် လေးလမြောက် ဆက်တိုက် ဖြစ်လာလျက် ထိုအချက်က ထုတ်လုပ်မှု တိုးမြှင့်မရအောင် ဖိစီးထားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အလုပ်သမားများ ငှားရမ်းမှု ပြန်လည်တက်လာခြင်းမှာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍအတွက် အားအရစရာ အချက်ဖြစ်သည်။ အလုပ်သမား ဦးရေမှာ လေးလအတွင်း ပထမဆုံးအကြိမ် တိုးလာခဲ့ခြင်း ဖြစ်သော်လည်း မသိမသာမျှသာ တိုးခဲ့သည်။

အဓိကအကျဆုံး S&P Global အာဆီယံ ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း(PMI®) သည် နိုဝင်ဘာလ၏ ၅၀.၀ မှ ဒီဇင်ဘာလတွင် ၄၉.၇ သို့ ကျဆင်းသွားလျက် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ လွန်ခဲ့သည့် လေးလအတွင်း တတိယအကြိမ်မြောက် ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။ သို့သော်လည်း ကျဆင်းခဲ့သည့် နှုန်းမှာမူ ဒသမဂဏန်းမျှသာ ဖြစ်ခဲ့သည်။

 

လက်ရှိဒေတာအရ အာဆီယံ ခုနစ်နိုင်ငံအနက် လေးနိုင်ငံက ထုတ်လုပ်မှု အခြေအနေများ အားပျော့လာသည်။ 

မြန်မာနိုင်ငံသည် ဒီဇင်ဘာလ၏ အဆင့်သတ်မှတ်ရေး ဇယားထဲတွင် အောက်ဆုံးမှာ ရှိနေခဲ့ပြီး ကိန်းဂဏန်းအရ အထင်ရှားဆုံး ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ သက်ဆိုင်ရာ အဓိကအကျဆုံး အညွှန်းကိန်းသည် ဒီဇင်ဘာလတွင် တစ်နှစ်အတွက် အနိမ့်ဆုံး ၄၂.၉ သို့ နိမ့်ဆင်းသွားသည်။

ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍ အခြေအနေများ ဆိုးဝါးလာခဲ့ပြီး လွန်ခဲ့သည့် ငါးလအတွင်း လစဉ် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ကြသည်။
 အဓိကအကျဆုံး အညွှန်းကိန်း၄၅.၁ တွင် ရှိနေခြင်းသည် ပြင်းထန်သည့် ဆုတ်ယုတ်မှုနှုန်းကို အချက်ပြလိုက်ပြီး သုံးနှစ်ခွဲအတွင်းမှာ အမြန်ဆုံး ဖြစ်လာသည်။

မလေးရှားနိုင်ငံသည်လည်း ၎င်း၏ ကုန်စည် ထုတ်လုပ်ရေး ကဏ္ဍ အခြေအနေ ကျဆင်းလာခဲ့ကြောင်းကို ဒီဇင်ဘာလတွင် အစီရင်ခံခဲ့သည်။ သက်ဆိုင်ရာ PMI အညွှန်းကိန်း၏ တန်ဖိုး ၄၇.၉ မှာ နိုဝင်ဘာလအတိုင်း မပြောင်းမလဲ ရှိနေပြီး လက်ရှိ အကျဘက် အစဉ်ကို ၁၆ လတာသို့ ဆွဲဆန့်ပေးလိုက်သည်။ 

 ဗီယက်နမ်တွင် ကျဆင်းမှုမှာ အသင့်အတင့် ဖြစ်လာလျက် PMI သည် ဒီဇင်ဘာလတွင် ၄၈.၉ သို့ မြင့်တက်သွားသည်။

လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်း အစီရင်ခံခဲ့ကြသည့် နိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်လုပ်မှု တိုးလာသည့် နှုန်းမှာ အနှေးဆုံး ဖြစ်ခဲ့သည်။ သက်ဆိုင်ရာ PMI သည် သုံးလအတွင်း အနိမ့်ဆုံး ၅၁.၅ သို့ လျှောဆင်းသွားခဲ့ရာ ခြုံကြည့်လျှင် အသင့်အတင့် ဖြစ်သော တိုးတက်မှုနှုန်းကို ညွှန်ပြနေသည်။

ကျန်ရှိနေသည့် နှစ်နိုင်ငံ ဖြစ်ကြသော စင်ကာပူ (၅၂.၀) နှင့် အင်ဒိုနီးရှား (၅၂.၂) နိုင်ငံတို့ရှိ ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းမှာ အလားတူ တိုးထုတ်လုပ်မှု နှုန်းများကို တွေ့မြင်ခဲ့ရသည်။ ထို့အပြင် ၎င်းနှစ်နိုင်ငံတို့၏ တိုးမြှင့်ထုတ်လုပ်မှု နှုန်းအသီးသီးမှာ ခြောက်လနှင့် သုံးလအတွင်း အားအကောင်းဆုံး ဖြစ်ခဲ့သည်။

ဒေသတစ်ဝန်းတွင် ဈေးဝယ်များဘက်မှ ဝယ်လိုအား ဒီဇင်ဘာလတွင် ရှေ့ဆက် ဆုတ်ယုတ်လာခဲ့ခြင်းမှာ အာဆီယံ ထုတ်လုပ်ရေး ဆိုင်ရာ အဓိကအကျဆုံး PMI အညွှန်းကိန်း အပေါ်သို့ ဖိစီးခဲ့သည်။ 
ဒေသတစ်ဝန်းမှာ အလုပ် အသစ် ရရှိမှုသည် ယခုအထိ လွန်ခဲ့သည့် လေးလအတွင်း လစဉ်လတိုင်း ကျဆင်းလာခဲ့သည်။ အသင့်အတင့် ဖြစ်ခဲ့သော်လည်း ကျဆင်းမှု အရှိန်မှာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှစပြီး အမြန်ဆုံး ဖြစ်လာသည်။ 

ဝယ်လိုအား အခြေအနေများမှာ နိုင်ငံတကာ ဈေးကွက်များတွင်ပါ အားပျော့နေခဲ့ပြီး ပြည်ပတင်ပို့ရေး လုပ်ငန်းသစ်များသည်လည်း ဒီဇင်ဘာလတွင် ထပ်မံကျဆင်းလာခဲ့သည်။ အကျိုးဆက်အဖြစ် စက်ရုံ ထုတ်လုပ်မှု ကြီးထွားခြင်း အားပျော့လာခဲ့ပြီး လက်ရှိ ဦးမော့နေခြင်းသည် ၂၇-လကြာ တိုးမြှင့်ထုတ်လုပ်နေသည့် ကာလတလျှောက် အနှေးဆုံး ဖြစ်လာသည်။

ဝယ်လိုအား ပြန်အားပျော့သွားခဲ့သည့်တိုင်အောင် ကုမ္ပဏီများသည် မိမိတို့၏ ဝယ်ယူရေး လုပ်ငန်းများကို နှစ်လဆက်တိုက် တိုးမြှင့်ခဲ့ကြသည်။ သို့သော်လည်း မသိမသာမျှသာ တိုးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။ ဝယ်ယူမှုများ တိုးခြင်းမှာ အကယ်စင်စစ် ထုတ်လုပ်မှုအကြို ထည့်ကုန်များ သိုလှောင်ထားမှုမှာ လျော့နည်းကုန်ခမ်းနေခဲ့သည်ကို ပြန်ဖြည့်ထည့်ပေးခြင်းသာ ဖြစ်သည်။ သုံးလကြာ လက်ကျန် ကုန်ခမ်းနေသည်ကို အဆုံးသတ်လိုက်ပါသည်။

တစ်တချိန်တည်းမှာပင် ထုတ်လုပ်မှုကဏ္ဍထဲမှာ အလုပ်အကိုင်နေရာများကို ပြန်လည် တိုးခန့်လာခဲ့ကြရာ ကုမ္ပဏီများက မိမိတို့၏ ဝန်ထမ်း ဦးရေကို တိုးချဲ့လာကြသည်မှာ လေးလအတွင်းတွင် ပထမဆုံးအကြိမ် ဖြစ်လာပါသည်။ အလုပ်နေရာသစ် ဖန်တီးပေးခဲ့သည့် နှုန်းမှာမူ ခြုံကြည့်လျှင် မသိမသာသော်လည်း ၁၄ လအတွင်းမှာ အထင်ရှားဆုံး ဖြစ်လာပါသည်။

လက်ကျန် အလုပ်များ၏စာရင်းများ ခြောက်လ ဆက်တိုက် ကုန်ခမ်းလာမှုကို ကြည့်ခြင်းအားဖြင့် စက်မှုကဏ္ဍ တစ်ဝန်းတွင် ထုတ်လုပ်မှု စွမ်းအားများ ပိုလျှံနေသည့် လက္ခဏာများကို တွေ့မြင်နိုင်သည်။ ကျဆင်းမှုနှုန်းသည် ခြုံပြောရလျှင် ဒသမဂဏန်းမျှ ရှိခဲ့ပြီး အားအပျော့ဆုံး ဖြစ်ပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထည့်ကုန်များအတွက် ကုန်ကျစရိတ်များရော ထုတ်လုပ်မှု စရိတ်စကများပါ ဒီဇင်ဘာလတွင် မြင့်တက်လာခဲ့သည်။ သို့သော်လည်း ထည့်ကုန် ဈေးနှုန်းများ၏ ငွေကြေး ဖောင်းပွလာမှုသည် ရှစ်လအတွင်း အမြင့်ဆုံး ဖြစ်လာချိန်မှာ ရောင်းဈေးများ တိုးလာခြင်းမှာမူ အသင့်အတင့်သာ ရှိခဲ့ပြီး နိုဝင်ဘာလနှင့် စာလျှင် မပြောင်းလဲခဲ့ပါ။ မည်သို့ပင် ဖြစ်စေကာမူ ယင်းနှစ်ခုစလုံးအတွက် ဈေးနှုန်းများ၏ ငွေကြေး ဖောင်းပွမှုနှုန်းများသည် အားပျော့လျက် ရှိနေပါသည်။

အနာဂတ်ဆီသို့ လှမ်းမျှော်ကြည့်ရာတွင် အာဆီယံ ထုတ်လုပ်သူတို့အကြား လာမည့် ၁၂-လအတွက် လုပ်ငန်းများ၏ ယုံကြည်မှုဆိုင်ရာ မျှော်မှန်းချက်မှာ ဒီဇင်ဘာလတွင် အားပျော့သွားသည်။ ထို့ထက်ပိုပြောရလျှင် သက်ဆိုင်ရာ အညွှန်းကိန်းကို စစ်တမ်း ပျမ်းမျှ၏ အောက်တွင် မှတ်တမ်းတင်ခဲ့သည်မှာ ဆယ့်လေးလ ဆက်တိုက် ရှိလာပြီ ဖြစ်သည်။

 

သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှုPMI ဒေတာကို သုံးသပ်ပြီး S&P Global Market Intelligence မှ စီးပွားရေး ပ့ရဂူ  Maryam Baluch ပြောကြားသည်မှာ -

“အာဆီယံ ထုတ်လုပ်ရေးကဏ္ဍဟာ နောက်ဆုံးလများ အတွင်းမှာ အားပျော့လာခဲ့ပြီး အဓိကအကျဆုံး PMI အညွှန်းကိန်းမှာ ဒီဇင်ဘာလတွင် အကျဘက် နယ်ပယ်ထဲသို့ ပြန်လျှောဆင်းသွားခဲ့တယ်။ အဲဒီလို ဆုတ်ယုတ်လာမှုအတွက် အဓိက တွန်းအားက အော်ဒါအသစ်များ ရရှိခြင်း ကျဆင်းလာမှု နက်ရှိုင်းလာနေခြင်းဖြစ်ပြီး အဘက်ဘက်မှ ဝယ်လိုအား အခြေအနေများ အားပျော့လာနေတာကို ထောက်ပြနေပါတယ်။ အလုပ်အသစ်များ ရရှိမှု ကျဆင်းလာတာ အသင့်အတင့် ဖြစ်ခဲ့ပေမဲ့ နှစ်နှစ်ခွဲနီးပါး အတွင်းမှာ အထင်ရှားဆုံး ဖြစ်နေပါတယ်။ အလုပ် အသစ်များ ရရှိမှု ပုံမှန် ကျဆင်းလာနေခြင်းက ထုတ်လုပ်မှု တိုးချဲ့ရေးကို နှေးလာစေနေပြီး ထုတ်လုပ်မှုဟာ ဒသမဂဏန်းမျှသာ တိုးမြင့်လာခဲ့ပါတယ်။ ၂၇ လအတွင်းမှာ အားအပျော့ဆုံး နှုန်းဖြစ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အပြုသဘော သတင်းအဖြစ် ကုမ္ပဏီများဟာ သူတို့ရဲ့ ဝန်ထမ်း ဦးရေကိုရော ဝယ်ယူမှုများကိုပါ မသိမသာ တိုးချဲ့ဖို့ စဉ်းစားနေကြတာကို ဖေါ်ပြပေးချင်ပါတယ်။

“မကြာမီက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍရဲ့ ကျဆင်းမှုဟာ ခြုံကြည့်လျှင် အသင့်အတင့်သာ ဖြစ်ပေမဲ့၊ ဝယ်လိုအား အခြေအနေများ အားပျော့လာနေကြောင်း လက္ခဏာများ တိုးမြင်လာရမှုက ၂၀၂၄ ခုနှစ်ဆီသို့ ရှေ့ရှုရာတွင် ထုတ်လုပ်မှုထဲမှာ ဖြတ်တောက်မှု အသစ်များကို မြင်တွေ့လာရမှာ စိုးရပါတယ်။ ဒေသတဝန်း ထုတ်လုပ်သူများက လာမယ့်နှစ်ထဲမှာ ထုတ်လုပ်မှု တိုးလာရေးကို ပံ့ပိုးပေးနိုင်ဖို့အတွက် အော်ဒါအသစ်များ တိုးပြီးရလာမှာကို မျှော်လင့်လျက် ရှိနေကြမှာပါ။”

 

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

Industry Reviews Read 264 times