ASEAN ကုန်ထုတ်လုပ်မှု PMI သည် စက်တင်ဘာတွင် ၁၁-လမြောက်အမြင့်ဆုံးသို့ တက်လှမ်းလိုက်ခြင်


03 October, 2022

ASEAN ကုန်ထုတ်လုပ်မှု PMI သည် စက်တင်ဘာတွင် ၁၁-လမြောက်အမြင့်ဆုံးသို့ တက်လှမ်းလိုက်ခြင်း

၂၀၂၂  အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


ASEAN ကုန်ထုတ်လုပ်မှု PMI သည် စက်တင်ဘာတွင် ၁၁-လမြောက်အမြင့်ဆုံးသို့ တက်လှမ်းလိုက်ခြင်း
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

 


အဓိက တွေ့ရှိချက်များ

အော်ဒါသစ်များပါ အရှိန်ကောင်းစွာဖြင့် ထုတ်လုပ်မှုရော မြင့်တက်လာခြင်း

အလုပ်နေရာများ စံချိန်တင် များလာခြင်း

သွင်းအားစု ငွေကြေးဖောင်းပွမှုမှာ ခုနစ်လတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားခြင်း

 

 

(ဒေတာများကို ဩဂုတ် ၁၂-၂၆ ရက်များတွင် စုစည်းခဲ့သည်)


.
အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းက ထုတ်လုပ်မှု အခြေအနေများသည် စက်တင်ဘာလတွင် တစ်နှစ်နီးပါးအတွင်း အမြန်ဆုံးအရှိန်ဖြင့် တိုးတက်လာခဲ့ကြောင်းကို S&P Global PMI ၏ နောက်ဆုံးဒေတာက ညွှန်ပြနေသည်။
ကုမ္ပဏီများက ထုတ်လုပ်မှုအော်ဒါအသစ်များဝယ်ယူမှုများနှင့် အလုပ်ခန့်မှုများ ပိုအရှိန်ရ မြင့်တက်လာမှုကို အချက်ပြခဲ့ကြပြီး လုပ်ငန်းများ၏ ယုံကြည်ချက်မှာမူ သမိုင်းစဉ်အရ အားကောင်းလျက် ရှိနေခဲ့သည်။
.
အဓိကအကျဆုံး PMI အညွန်းကိန်းမှာ ဩဂုတ်တွင် ၅၂.၃ ရှိခဲ့ရာမှ စက်တင်ဘာတွင် ၅၃.၅ သို့ တက်လှမ်းလိုက်ခြင်းဖြင့် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ ၁၂ လမြောက် ဆက်တိုက် တိုးတက်လာမှုကို ပြသသည်။ 
ထို့အပြင် တိုးထုတ်လုပ်မှုနှုန်းမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး အလျင်မြန်ဆုံး ဖြစ်လာပြီး ခြုံကြည့်လျှင် ခိုင်မာခဲ့ပါသည်။

 


.
အာဆီယံအဖွဲ့ထဲ အကျုံးဝင်သည့် ၇ နိုင်ငံအနက်  ၅ နိုင်ငံက စက်တင်ဘာလတွင် ၎င်းတို့၏ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ တိုးတက်လာခဲ့ကြောင်းကို မှတ်တမ်းတင်ခဲ့ကြသည်။ 
.
စင်ကာပူဆိုလျှင် လွန်ခဲ့သည့် ဆယ်လအတွင်း မြင်တွေ့ ခဲ့ရသည့်အတိုင်း အားအကောင်းဆုံး (PMI ၅၈.၅ ဖြင့်) လုပ်ကိုင်မှ အခြေအနေများ တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ရာ ဩဂုတ်လတွင် မြင်ခဲ့ရသည်ထက် မြင့်လာပါသည်။ 
.
ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှု PMI မှာမူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည့် ဒေတာစုစည်းမှုအတွင်းမှာ အမြင့်ဆုံးအဆင့် (၅၅.၇)ကို ပြသသည်။
.
အင်ဒိုနီးရှားနိုင်ငံက ၎င်း၏ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေ (၅၃.၇)မှာ ရှစ်လအတွင်း အားအကောင်းဆုံး တိုးတက်လာကြောင်း မှတ်တမ်းတင်လိုက်သည်။
.
ဖိလစ်ပိုင်နိုင်ငံတွင် အဓိကအကျဆုံး PMI အညွန်းကိန်းမှာ သုံးလအတွင်း အမြင့်ဆုံး (၅၂.၉) သို့ တက်လှမ်းလိုက်ပြီး ခိုင်မာသည့် တိုးတက်မှုနှုန်းကို ပြသခဲ့သည်။
.
ဗီယက်နမ်နိုင်ငံတွင်မူ ထုတ်လုပ်မှု အခြေအနေများ အသင့်အတင့် တိုးတက်လာခဲ့ပြီး ဩဂုတ်တွင် မြင်ခဲ့ရသည့် နှုန်း (၅၂.၅) အတိုင်း ရှိခဲ့ပါသည်။
.
မြန်မာနှင့် မလေးရှားတို့က အထွေထွေအစဉ်နှင့် ဆန့်ကျင်လျက် ထုတ်လုပ်မှု အခြေအနေများ စက်တင်ဘာလတွင် ဆုတ်ယုတ်လာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ကြသည်။
.
မြန်မာနိုင်ငံ၏ အဓိကအကျဆုံး PMI အညွန်းကိန်းသည် ၁၂ လမြောက် အနိမ့်ဆုံးသို့ ထိုးဆင်းသွားခဲ့ရာ ကုန်စည်များ ထုတ်လုပ်ရေး ကဏ္ဍအခြေအနေ အဟုန်ပြင်းစွာ (၄၃.၁) ကျဆင်းလာမှုနှင့် တပြေးညီရှိခဲ့ပါသည်။
.
အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍတဝန်းမှာ တတိယသုံးလပတ် အဆုံးပိုင်းတွင် ထုတ်လုပ်မှုနှင့် လုပ်ငန်းအသစ်များ တဟုန်ထိုး တိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစပြီး ပြန်ဦးမော့လာခဲ့သည့် နောက်ပိုင်းတွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး အရှိန်ကောင်းသည့် တိုးတက်မှုကို မှတ်တမ်းတင်လိုက်ကြသည်။
.
ဝယ်လိုအား အခြေအနေများ ကောင်းလာခဲ့ပြီး ထုတ်လုပ်ရေးကို တိုးချဲ့ရန် လုပ်ကိုင်နေကြရခြင်းကြောင့် ကုမ္ပဏီများက ခန့်ထားသည့် ဝန်ထမ်းဦးရေကို သုံးလဆက်တိုက် တိုးခန့်ခဲ့ကြရသည်။ အလုပ်နေရာသစ် ဖန်တီးမှုနှုန်းမှာ အသင့်အတင့်မျှသာ ရှိခဲ့သော်လည်း စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှစပြီး အမြန်ဆုံး ဖြစ်လာပါသည်။
.
ဤအတောအတွင်း ဝယ်ယူမှုများ စက်တင်ဘာလတွင် မကြုံစဖူး နှုန်းဖြင့် မြင့်တက်လာခဲ့သည် ။သို့သော်လည်း သိုလှောင်ထားသည့် ဝယ်ကုန်များ၏ လက်ကျန်စာရင်းမှာမူ ဒသမဂဏန်းမျှသာ တိုးလာခဲ့ပြီး ဩဂုတ်လအတိုင်း ဆက်ရှိနေပါသည်။ သိုလှောင်ထားသည့် ကုန်ချောများ၏ လက်ကျန်စာရင်းမှာမူ လွန်ခဲ့သည့် ဆယ်နှစ်တွင် စတင်ခဲ့သည့် စစ်တမ်းအတွင်း အနက်ရှိုင်းဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့သည်

ဤအတောအတွင်း ပစ္စည်းပေးသွင်းသူတို့၏ ပျမ်းမျှ ပေးသွင်းချိန်များမှာ ဒေသတစ်ဝန်း  ယခုလတွင် ဆက်ပြီး တိုးလာခဲ့သည်။ ဤလတွင် ပစ္စည်းပေးသွင်းမှုပြီးဆုံးရန် ကြာမြင့်ချိန်နှုန်းများမှာ မြင့်တက်လာသော်လည်း ခြုံလေ့လာကြည့်လျှင် အသင့်အတင့်ရှိခဲ့ပြီး နှစ်ဆန်းပိုင်းတွင် မြင်ခဲ့ရသည့် နှုန်းများနှင့်စာလျှင် အားနည်းလာပါသည်။


နောက်ဆုံး စစ်တမ်း ဒေတာအရ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ ဆက်ပြီး အားပျော့လာခဲ့ပါသည်။ သွင်းအားစု၏ ပျမ်းမျှ ကုန်ကျစရိတ်များမှာ တစ်နှစ်အတွင်း အနည်းဆုံး ပူးတွဲနှုန်းဖြင့် (ဖေဖေါ်ဝါရီလနှင့် တူညီလျက်) မြင့်လာခဲ့ချိန်မှာ ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုမှာမူ ခုနစ်လအတွင်း အနိမ့်ဆုံး ဖြစ်လာသည်။ မည်သို့ပင်ဖြစ်စေ တိုးတက်မှုနှုန်းမှာ သမိုင်းစဉ် စံနှုန်းများအရ အားကောင်းသည့်နှုန်းအဖြစ် ကျန်ရစ်ပါသည်။

လာမည့် ၁၂-လအတွက် မျှော်လင့်ချက်နှင့် ပတ်သက်ပြီး အာဆီယံ ထုတ်လုပ်သူတို့သည် စက်တင်ဘာလတွင် အကောင်းမြင်ကြသည်။ ခြုံပြောရလျှင် အကောင်းမြင်မှု အဆင့်အတန်းမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံး ယုံကြည်မှုကို ပြသခဲ့သည့် ဩဂုတ်လအတိုင်း မပြောင်းမလဲရှိနေပါသည်။


သုံးသပ်ချက်


အာဆီယံ ထုတ်လုပ်မှ PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး Annabel Fiddes ပြောကြားသွားသည်မှာ -

“အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းက လုပ်ကိုင်မှု အခြေအနေများမှာ အော်ဒါအသစ်များနှင့် ထုတ်လုပ်မှုထဲက အားကောင်းတဲ့ တိုးတက်မှုများကြောင့် စက်တင်ဘာလတွင် တစ်နှစ်နီးပါး ကာလအတွင်း အမြန်ဆုံးနှုန်းဖြင့် တိုးတက်လာခဲ့ပါတယ်။ အဲဒါရဲ့ ကျေးဇူးကြောင့် ကုမ္ပဏီများရဲ့ အနာဂတ် မျှော်လင့်ချက် အားကောင်းလာခဲ့ပြီး အလုပ်နေရာများနှင့် သွင်းအားစု ဝယ်ယူမှုများကို မကြုံစဖူး တိုးမြှင့် လုပ်ကိုင်လာခဲ့ကြပါတယ်။

"စက်တင်ဘာလကုန်ပိုင်းတွင် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ မသိမသာ အားပျော့လာတယ်လို့ ထင်မှတ်ရပြီး ထုတ်လုပ်သူတို့ရဲ့ ကုန်ကျစရိတ်များမှာ တစ်နှစ်အတွင်း ပူးတွဲအနှေးဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့မှုမှာ အားရစရာ ကောင်းခဲ့ကာ စက်ရုံများရဲ့ ရောင်းဈေးများမှာ ဖေဖေါ်ဝါရီလမှစပြီး အားအပျော့ဆုံး အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့ကြပါတယ်။

“ဒါပေမဲ့ နိုင်ငံတကာ စီးပွားရေး တိုးတက်မှုမှာ နှေးလာနေပြီး ဘဏ္ဍာရေး အခြေအနေ ကျပ်တည်းလာနေကာ ငွေကြေးဖောင်းငွေမှ နှုန်းမှာ ကမ္ဘာနှင့်အဝန်း အားကောင်းနေခြင်းက လာမည့်လများရဲ့ အလားအလာအပေါ် ဖိစီးပါလိမ့်မယ်။ အာဆီယံထုတ်လုပ်ရေးကဏ္ဍရဲ့ ပြည်ပတင်ပို့ရေး အော်ဒါသစ်များဆိုင်ရာ အညွှန်ကိန်းခွဲမှာ စက်တင်ဘာလတွင် အနုတ်လက္ခဏာ နယ်မြေထဲ ရှိနေခြင်းမှာ မှတ်သားရမယ့် အချက်ဖြစ်ပါတယ်။”

#MyanmarIndustriesGuide
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
 

Industry Reviews Read 263 times