အာဆီယံ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် တိုးမြှင့်ထုတ်လုပ်မှု နှေးလာ


02 December, 2022

အာဆီယံ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် တိုးမြှင့်ထုတ်လုပ်မှု နှေးလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂  ဒီဇင်ဘာလ ၁  ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


အာဆီယံ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် တိုးမြှင့်ထုတ်လုပ်မှု နှေးလာခြင်း 


အဓိက တွေ့ရှိချက်များ -

  • ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သည့် ပထမဦးဆုံး ကျဆင်းမှုအစဉ်ထဲတွင် ဦးမော့လာခြင်းမှာ ရှစ်လအတွင်း အညင်သာဆုံး ဖြစ်ခြင်း
  • အလုပ်နေရာများမှာ ဇွန်လမှစပြီး ပထမအကြိမ် ကျဆင်းလာခြင်း
  • ဈေးနှုန်း ဖိအားပေးမှုများမှာ ဆက်အားပျော့လာနေခြင်း

 

(ဒေတာကို နိုဝင်ဘာ ၁၁-၂၄ ရက်နေ့များတွင် စုစည်းခဲ့သည်)

နိုဝင်ဘာလတွင် အာဆီယံ ထုတ်လုပ်မှု ကဏ္ဍ တစ်ဝန်းတွင် တိုးထုတ်လုပ်မှုသည် ထပ်မံနှေးလာခဲ့ပြီး နောက်ဆုံး PMI ဒေတာက လုပ်ကိုင်မှု အခြေအနေများ အသင့်အတင့်မျှသာ တိုးတက်လာကြောင်းကို ပြသနေသည်။ 
အကျဘက်သို့ ဦးတည်မှုမှာ ထုတ်လုပ်မှုတွင် တိုးတက်မှု အားပျော့လာမှုကို ထင်ဟပ်နေပြီး စက်ရုံ အော်ဒါများမှာ ၁၄ လအတွင်း ပထမဆုံးအကြိမ် ကျဆင်းလာခဲ့သည်။ 
တစ်ချိန်တည်းမှာ ကုမ္ပဏီများသည် ဝယ်ယူရေး လုပ်ငန်းများ မြင့်တက်မှု အားပျော့လာကြောင်း မှတ်တမ်းတင်ခဲ့ကြပြီး ဝန်ထမ်း ဦးရေမှာ ဇွန်လမှစပြီး ပထမဆုံးအကြိမ် ကျဆင်းသွားသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ဝယ်လိုအား ပျော့လာနေသည့် အခြေအနေက ဈေးနှုန်းများ၏ ဖိအားပေးမှုများကို လျော့နည်းလာစေခဲ့သည်။ သမိုင်းစဉ် ဒေတာနှင့် ဆက်စပ်ပြောရလျှင် မြင့်တက်လျက် ရှိနေသေးသော်လည်း ထုတ်လုပ်မှု စရိတ်စကများ ၂၂ လအတွင်းမှာ အနိမ့်ဆုံး ဖြစ်လာသည်။ စက်ရုံ ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုနှုန်မှာ  ၁၀ လအတွင်းမှာ အနိမ့်ဆုံး ဖြစ်လာသည်။

အဓိကအကျဆုံး PMI ကို နိုဝင်ဘာလတွင် ၅၀.၇ မှာ မှတ်တမ်းတင်ခဲ့ရာ အောက်တိုဘာလ၏ ၅၁.၆ မှ ကျဆင်းသွားပါသည်။ နောက်ဆုံး အညွန်းကိန်းသည် အရေးကြီးသည့် တိုးတက်မှု သို့မဟုတ် ကျဆင်းမှု အပြောင်းအလဲမရှိ‌ေသာ ကြားနေအမှတ် ၅၀.၀ ၏ အထက်တွင် ရှိနေပြီး အာဆီယံ ထုတ်လုပ်မှုကဏ္ဍ အခြေအနေ ၁၀ လမြောက် တိုးတက်လာခြင်းကို ညွန်ပြနေသော်လည်း တိုးတက်မှုနှုန်းမှာမူ ယင်းကာလအတွင်း အနှေးဆုံး ဖြစ်လာပြီး ဒသမဂဏန်းမျှသာ ရှိခဲ့ပါသည်။

စစ်တမ်းထဲ အကျုံးဝင်သည့် ၇ နိုင်ငံအနက် ၄ နိုင်ငံက နိုဝင်ဘာလတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်ကောင်းမွန်လာကြောင်းကို အစီရင်ခံခဲ့ကြချိန်မှာ ၃ နိုင်ငံတို့က ဆုတ်ယုတ်လာမှုကို မှတ်တမ်းတင်ခဲ့ကြသည်။

 

စင်ကာပူသည်. ထိပ်ဆုံးမှာ ရှိမြဲရှိနေပြီး အဓိကအကျဆုံး PMI အညွန်းကိန်းမှာ (အောက်တိုဘာ အတိုင်း မပြောင်းလဲဘဲ) ၅၆.၀ တွင် ရှိပါသည်။ ထင်ရှားသည့် အဆင့်ဖြစ်သော်လည်း တိုးတက်မှု နှုန်းမှာ ယခုနှစ် စောစောပိုင်းတွင် မြင်ခဲ့ရသည်ထက် အားပျော့နေပါသည်။ 
 
ဖိလစ်ပိုင်၏ ထုတ်လုပ်မှ ကဏ္ဍတစ်ဝန်းတွင်လည်း အခြေအနေများ တိုးတက်လာခဲ့ပြီး နောက်ဆုံး PMI အညွန်းကိန်း ၅၂.၇ မှာ အောက်တိုဘာလတွင် မြင်ခဲ့ရသည်ထက် အနည်းငယ် ပိုမြင့်သော၊ အားကောင်းသော ဦးမော့မှု ဖြစ်လာသည်။

ထိုင်း(၅၁.၁) နှင့် အင်ဒိုနီးရှား (၅၀.၃) နိုင်ငံများမှာ ၎င်းတို့၏ ထုတ်လုပ်မှု ကဏ္ဍ တိုးတက်လာကြောင်းကို အစီရင်ခံခဲ့ကြသည့် နောက်ထပ်နိုင်ငံနှစ်ခု ဖြစ်သည်။ သို့သော်လည်း နှစ်နိုင်ငံစလုံးက နှစ်လဆက်တိုက် အရှိန်ကျလာမှုကို အစီရင်ခံခဲ့ကြပြီး မှတ်တမ်းတင်ခဲ့ကြသည့် အဓိကအကျဆုံး အညွန်းကိန်းမှာ ဇွန်လမှစပြီး အနိမ့်ဆုံး ဖြစ်လာသည်။

မလေးရှား နိုင်ငံတစ်ဝန်းတွင် ထုတ်လုပ်မှု အခြေအနေများသည် နိုဝင်ဘာလမှာ တတိယမြောက်လအဖြစ် ဆုတ်ယုတ်လာခဲ့သည်။ ထို့အပြင် အဓိကအကျဆုံး အညွန်းကိန်း ၄၇.၉ မှာ ၁၅ လ အတွင်း အနိမ့်ဆုံးသို့ နိမ့်ဆင်းသွားခဲ့သည်။ 

ဗီယက်နမ်သည်လည်း  ထုတ်လုပ်မှု အခြေအနေ ကျဆင်းလာခဲ့ခြင်းကို မှတ်တမ်းတင်ခဲ့သည်။ ၄၇.၄ တွင် ရှိနေသည့် ဗီယက်နမ်၏ PMI အညွန်းကိန်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစပြီး ကြားနေအမှတ် ၅၀.၀ ၏ အောက်သို့ ထိုးဆင်းသွားခဲ့ခြင်းဖြင့် ခိုင်မာသည့် ဆုတ်ယုတ်မှုနှုန်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းသည် ခြုံပြောရလျှင် အားအပျော့ဆုံး စွမ်းဆောင်ရည်ကို မှတ်တမ်းတင်ခဲ့သည်။ မေလတွင် စတင်ခဲ့သည့် လက်ရှိ ကျဆင်းမှုအစဉ်တွင် ထုတ်လုပ်မှု အခြေအနေများ ဆုတ်ယုတ်လာမှု (PMI ၄၄.၆ တွင်ရှိ) ဒုတိယအပြင်းထန်ဆုံး ဖြစ်လာခြင်းမှာ မှတ်သားရမည့်အချက် ဖြစ်ပါသည်။

နိုဝင်ဘာလတွင် ဝယ်လိုအားအခြေအနေများ ပို၍အားပျော့လာခြင်းက အာဆီယံထုတ်လုပ်ရေး PMI အညွန်းကိန်း ပို၍နိမ့်ကျလာစေရန် တစ်စိတ်တစ်ပိုင်း တွန်းအားပေးခဲ့ပါသည်။  ထိုအချက်ကြောင့် စက်ရုံအော်ဒါများနှင့် အလုပ်နေရာများ အသစ်တဖန် ကျဆင်းလာခဲ့ပါသည်။သွင်းအားစုများ၏ လက်ကျန်စာရင်း ရှေ့ဆက် ကျဆင်းလာမှုကပါ PMI အညွှန်းကိန်းအပေါ်သို့ ဖိစီးခဲ့ပါသည်

တစ်ချိန်တည်းမှာ ထုတ်လုပ်မှုသည် ကြီးထွားရေး နယ်မြေထဲတွင် ကျန်ရှိနေချိန်မှာ တိုးလာမှုအရှိန်သည် နှစ်လဆက်တိုက် အားပျော့လာခဲ့သည်။ ထို့အပြင် နောက်ဆုံး ဦးမော့လာမှုသည် မတ်လမှစပြီး အားအပျော့ဆုံး ဖြစ်ပါသည်။

ထုတ်လုပ်မှုတွင် မြင်ရသည့် အလားအလာနှင့်အညီ ဝယ်ယူမှုများ တိုးလာမှုမှာ ပိုနှေးလာခဲ့သည်။ ဝယ်ယူမှုထဲက နောက်ဆုံး ဦးမော့ခဲ့ဖူးသည်မှာ ၁၄ လ ကြာလာပြီဖြစ်သည့် လက်ရှိ တိုးထုတ်လုပ်မှ အစဉ်ထဲတွင် အားအပျော့ဆုံး ဖြစ်လာပြီး ခြုံကြည့်လျှင် အသင့်အတင့်မျှ ဖြစ်ခဲ့သည်။

အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများ၏ မပြီးဘဲ လက်ထဲ ကျန်ရစ်ခဲ့သည့် လုပ်ငန်း ပမာဏများသည် ငါးလအတွင်း လေးကြိမ်မြောက် ကျဆင်းလာခဲ့ပြီး နောက်ဆုံး လျော့ကျမှုမှာ ၂၀၂၀ စက်တင်ဘာမှစပြီး အမြန်ဆုံးဖြစ်လာလျက် ခြုံပြောရလျှင် ခိုင်မာခဲ့ပါသည်။


ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်မှာ နောက်ဆုံးစစ်တမ်းကာလတွင် ထပ်မံ ဆိုးဝါးလာခဲ့ပြီး သွင်းအားစုများအတွက် အပြီးပေးသွင်းရန် ပျမ်းမျှကြာမြင့်ချိန်များမှာ ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီမှစပြီး အဆက်မပြတ် တိုးလာခဲ့ပါသည်။ သို့သော်လည်း ပေးသွင်းမှု ကြာမြင့်ချိန်များ ဆိုးဝါးလာခဲ့သည့် နှုန်းမှာမူ အောက်တိုဘာ နောက်ပိုင်းတွင် အားပျော့လာခဲ့ပြီး ကြန့်ကြာမှု ကိစ္စများမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှစပြီး အနည်းဆုံး ဖြစ်ခဲ့ပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် နိုဝင်ဘာလတွင် အာဆီယံ ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းက စရိတ်စကများ၏ ဖိအားပေးမှုများမှာ ကုန်ကြမ်းများနှင့် စွမ်းအင် ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် မြင့်မားလျက် ရှိနေကြပါသေးသည်။ သို့သော်လည်း သွင်းအားစုအတွက် စရိတ်စကများ၏ ငွေကြေးဖောင်းပွမှု နှုန်းမှာမူ နောက်ဆုံး သုံးလပတ်၏ အလယ်ပိုင်းတွင် အားပျော့လာခဲ့သည်။ ပျမ်းမျှ ကုန်ကျမှ ဝန်ထုပ်ဝန်ပိုးများမှာ ၂၂ လ အတွင်းမှာ အနှေးဆုံးနှုန်းဖြင့် တိုးလာခဲ့ချိန်တွင် အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ရောင်းဈေးများ မြင့်တက်လာမှုမှာ ဇန်နဝါရီလမှစပြီး အားအပျော့ဆုံး ဖြစ်လာသည်။

လာမည့် ၁၂-လအတွက် လုပ်ငန်းများ၏ မျှော်မှန်းချက်များမှာ နှစ်များစွာအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည့် အောက်တိုဘာလထက် အားပျော့သွားလျက် ဖေဖေါ်ဝါရီမှစပြီး ၎င်း၏ အညွန်းကိန်းမှာ ရေရှည်ပျမ်းမျှအောက်ကို ညွန်ပြ၍ အနိမ့်ဆုံး ဖြစ်လာသည်။


သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

"အာဆီယံ ထုတ်လုပ်မှု ကဏ္ဍက နိုဝင်ဘာလမှာ တိုးထုတ်လုပ်မှု နှစ်လဆက်တိုက် နှေးလာနေကြောင်း အစီရင်ခံထားတယ်။ ဖောက်သည်များရဲ့ လှုပ်ရှားမှ ကျဆင်းလာနေခြင်းရဲ့ ရလဒ်အဖြစ် စက်ရုံအော်ဒါများ ကျဆင်းလာနေချိန်တွင် နောက်ဆုံး ဦးမော့မှုမှာ ဒသမဂဏန်းမျှ ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီများက အလုပ်သမား ဦးရေ ကျဆင်းလာမှုကို ဇွန်လမှစပြီး ပထမအကြိမ် ပြသနေချိန်တွင် ဝယ်လိုအား အားပျော့လာနေခြင်းကြောင့် ထည့်ကုန်များ သိုလှောင်မှု ကျဆင်းလာခဲ့သည်မှာ ဒုတိယလ ဖြစ်လာခဲ့ပါတယ်။

"ဒေသတစ်ဝန်းတွင် ဝယ်လိုအား ပျော့လာနေတဲ့ အခြေအနေက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်လာစေခဲ့သော်လည်း နိုင်ငံသုံးငွေ ကန်ဒေါ်လာနှင့် ငွေလဲနှုန်း ကျလာနေပြီး ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနေခြင်းက ဈေးနှုန်းများကို တွန်းတင်ပေးသလို ရှိနေပါတယ်။ အဲဒါရဲ့ ရလဒ်အဖြစ် ဒေသတွင်းရှိ ဗဟိုဘဏ် တော်တော်များများက အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တွင် တွေ့မြင်ခဲ့ကြရသလို၊ ငွေကြေးမူဝါဒကို ပိုပြီးတင်းကျပ်ချမှတ်လာကြမယ်လို့ မျှော်လင့်ရပါတယ်။

"ငွေကြေးဖောင်းပွမှ မြင့်တက်နေပြီး ဘဏ္ဍာရေးတင်းကျပ်လာနေမှုက ဝယ်လိုအားအပေါ်သို့ဆက်လက်၍ ကန့်သတ်တင်းကျပ်ချက်များ ဖိစီးနေချိန်မှာ ဒေသတစ်ဝန်းက အရှိန်ကျလာမှုကြောင့် လာမယ့်လများအတွင်းမှာ ထုတ်လုပ်မှုကဏ္ဍဟာ အကျဘက်ကို ကျဆင်းသွားမယ့် အန္တရာယ်ရှိနေပါတယ်”

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 351 times