အာဆီယံ စက်မှုကဏ္ဍ၏ ထုတ်လုပ်မှုမှာ မတ်လတွင် ထပ်တိုးလာခဲ့သော်လည်း အနည်းငယ် အားပျော့ခဲ့


03 April, 2023

အာဆီယံ စက်မှုကဏ္ဍ၏ ထုတ်လုပ်မှုမှာ မတ်လတွင် ထပ်တိုးလာခဲ့သော်လည်း အနည်းငယ် အားပျော့ခဲ့

၂၀၂၃ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U


 

S&P Global အာဆီယံ ကုန်ထုတ်လုပ်မှု PMI
အာဆီယံ စက်မှုကဏ္ဍ၏ ထုတ်လုပ်မှုမှာ မတ်လတွင် ထပ်တိုးလာခဲ့သော်လည်း အနည်းငယ် အားပျော့ခဲ့ခြင်း

 

အဓိက တွေ့ရှိချက်များ-

  • ထုတ်လုပ်မှုထဲက တိုးထုတ်လုပ်မှုမှာ အားကောင်းလျက်ရှိနေခြင်း 
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များမှာ ၃၈ လအတွင်း ပထမဦးဆုံးအကြိမ် အချိန်တိုလာခဲ့ခြင်း
  • ဝန်ထမ်း အင်အား အသစ်တဖန် ကျဆင်းလာခဲ့ခြင်း

ဒေတာကို မတ်လ ၁၀-၂၇ ရက်နေ့များတွင် စုစည်းခဲ့သည်။

S&P Global မှ နောက်ဆုံး PMI ဒေတာအရ အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် ပထမ သုံးလပတ် အဆုံးပိုင်းတွင် ထုတ်လုပ်ရေး အခြေအနေများ ရှေ့ဆက် တိုးတက်လာခဲ့ခြင်းကို မှတ်တမ်း တင်ခဲ့သည်။ 

သို့သော်လည်း တိုးတက်မှု အရှိန်မှာ ဖေဖေါ်ဝါရီလထက် အားပျော့လာခဲ့ပြီး ကုမ္ပဏီများက ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ရရှိမှုနှုန်းများ.. နှေးလာကြောင်းကို ထောက်ပြလျက် ဝယ်ယူသိုလှောင်မှုများနှင့် အလုပ်နေရာ နှစ်ရပ်စလုံး ကျဆင်းသွားခဲ့ပါသည်။

သွင်းအားစုများအတွက် ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များ တိုလာခဲ့ခြင်းမှာ အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများအတွက် သုံးနှစ်ကျော် ကာလအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်လာသည်။

အဓိကအကျဆုံး S&P Gobal အာဆီယံ ထုတ်လုပ်မှု ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ကို မတ်လတွင် ၅၁.၀ မှာ မှတ်တမ်းတင်လိုက်ရာ ဖေဖေါ်ဝါရီလ၏ ၅၁.၅ ထက် နိမ့်ကျသွားသည်။ နောက်ဆုံး အညွန်းကိန်းက လုပ်ငန်း အခြေအနေများ တိုးတက်လာခဲ့သည့် လက်ရှိထြစ်စဉ်ကို ၁၈ လဆက်တိုက်သို့ ဆွဲဆန့် ပေးလိုက်သော်လည်း ဒသမဂဏန်းမျှ ဖြစ်ခဲ့သော ဖေဖေါ်ဝါရီလ၏ တိုးတက်မှုနှုန်းထက် အားပျော့နေကြောင်းကို ညွှန်ပြနေသည်။

 

ဒေတာကို နိုင်ငံအလိုက် ခွဲခြမ်းကြည့်လျှင် အာဆီယံထဲ အကျုံးဝင်သည့် ခုနစ်နိုင်ငံ အနက် လေးနိုင်ငံတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်း တွေ့ နိုင်ပြီး မြန်မာနိုင်ငံသည် ၃၂ လအတွင်းမှာ ပထမဦးဆုံး အကြိမ် တိုးထုတ်လုပ်ရာတွင် ထိပ်ဆုံးမှ ဦးဆောင်လာခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ တိုးတက်လာမှုမှာ ပြင်းထန်ခဲ့ပြီး သက်ဆိုင်ရာ PMI သည် မတ်လတွင် စံချိန်တင် ၅၅.၅ သို့ တက်လှမ်းလိုက်သည်။

ထိုင်းနိုင်ငံသည် PMI သုံးလအတွင်း အနိမ့်ဆုံး ၅၃.၁ သို့ နိမ့်ကျသွားလျက် ဒုတိယနေရာသို့ ဆင်းပေးလိုက်ရသည်။ သို့သော်လည်း တိုးမြှင့်ထုတ်လုပ်မှုနှုန်းမှာမူ ခြုံကြည့်လျှင် ခိုင်မာလျက် ရှိနေပါသေးသည်။

ဖိလစ်ပိုင်နိုင်ငံတွင်ပါ မသိမသာ ကျဆင်းမှုကို အစီရင်ခံကြပြီး. PMI အညွှန်းကိန်းမှာ ၅၂.၅ တွင် ရှိနေလျက် ခုနစ်လအတွင်းမှာ အားအပျော့ဆုံး ဦးမော့မူ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်သူတို့က ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ တိုးတက်လာမှုကို ထောက်ပြခဲ့ကြသော်လည်း မသိမသာမျှသာ အားကောင်းခဲ့ပြီး အသင့်အတင့် ဖြစ်လျက် PMI အညွှန်းကိန်းမှာ ခြောက်လအတွင်း အမြင့်ဆုံး ၅၁.၉ တွင် ရှိနေသည်။

စင်ကာပူနှင့် မလေးရှား နှစ်နိုင်ငံစလုံးတို့သည် မတ်လတွင် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်း အခြေအနေများ ဆုတ်ယုတ်လာမှုကို ထောက်ပြခဲ့ကြသည်။ 

ထို့အပြင် စင်ကာပူနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်သူတို့က ဖေဖေါ်ဝါရီတွင် မြင်ခဲ့ရသည်ထက် ပိုအားကောင်းသော ကျဆင်းမှု (PMI ၄၈.၉) ကို အစီရင်ခံခဲ့ကြသည်။ 

မလေးရှားနိုင်ငံတွင် ပြောင်းပြန်ဖြစ်ခဲ့ပြီး ကျဆင်းမှု (၄၈,၈) သည် လွန်ခဲ့သောနှစ် စက်တင်ဘာတွင် စတင်ခဲ့သည့် လက်ရှိ ကျဆင်းမှု အစဉ်တွင် အားအပျော့ဆုံး ဖြစ်လာသည်။

မတ်လတွင် အဆိုးဝါးဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့သည်မှာ ဗီယက်နမ် ဖြစ်ပြီး PMI မှာ ၄၇.၇ တွင် ရှိနေခဲ့သည်။ ဗီယက်နမ် ထုတ်လုပ်ရေး ကဏ္ဍက လုပ်ငန်း အခြေအနေများ ဆိုးဝါးလာခြင်းကို မှတ်တမ်းတင်ခဲ့သည်မှာ စစ်တမ်း၏ လွန်ခဲ့သော ငါးလအတွင်း လေးလမြောက် ဖြစ်လာသည်။

အာဆီယံ PMI သည် ဆယ့်ရှစ်လမြောက် ဆက်တိုက် တိုးတက်မှုနယ်ပယ်တွင် ရှိနေလျက် အညွန်းကိန်း ၅၁.၀ မှာ ထိုကာလအတွက် ပျမ်းမျှထက် နိမ့်ကျနေပါသည်။

မည်သို့ပင်ဖြစ်စေ တိုးထုတ်လုပ်မှုနှုန်းမှာ ဖေဖေါ်ဝါရီလထက် အားပျော့လာခဲ့သည့် တိုင်အောင် ထုတ်လုပ်မှုသည် မတ်လတွင် အားကောင်းလျက် ရှိနေခဲ့သည်။ အကျိုးဆက်အဖြစ် ကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ယူရေး လုပ်ငန်းများကို တိုးမြှင့်ပြုလုပ်ခဲ့ကြခြင်းဖြင့် သွင်းအားစု ဝယ်ယူမှု တိုးမြှင့်လာခဲ့သည့် လက်ရှိကာလကို ၁၈ လသို့ ဆွဲဆန့်ပေးလိုက်သည်။ လက်တွေ့တွင် လက်ရှိ တိုးမြှင့်မှ အရှိန်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် တွေ့မြင်လာရသည့် တိုးထုတ်လုပ်မှုမှစပြီး စံချိန်တင် ဖြစ်လာသည်။

လုပ်ငန်းအသစ် မှာယူမှုများသည်ပါ နောက်ဆုံး စစ်တမ်းလအတွင်း မြင့်မားလာခဲ့သည်။ သို့သော်လည်း တိုးထုတ်လုပ်မှု နှုန်းမှာမူ ဒသမဂဏန်းမျှသာ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်လျောက် မြင်ခဲ့ရသည့်နှုန်း အများစုထက် နှေးခဲ့ပါသည်။

ယင်းတချိန်တည်းတွင် လက်ကျန် အလုပ်များမှာ ခြောက်လဆက်တိုက် ကျဆင်းလာခဲ့သည်။ အလုပ်နေရာများ အသစ်တဖန် လျော့နည်းလာမှု၊ ဒသမဂ္ဂဏန်းမျှ ဖြစ်ခဲ့သည့် တိုင်အောင် ကျဆင်းလာခဲ့မှု ဖြစ်သည်။ ကုမ္ပဏီများက ဝန်ထမ်းဦးရေကို ဖြတ်တောက်ခဲ့ကြသည်မှာ စစ်တမ်း၏ နောက်ဆုံး ငါးလကာလတွင် သုံးလမြောက် ဖြစ်လာသည်။

ပိုပြီး အပြုသဘောဆောင်သည့် သတင်းကို ဖေါ်ပြရလျှင် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် ပစ္စည်း ပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစပြီး ပထမအကြိမ် အချိန် တိုတောင်းလာခဲ့ပါသည်။ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲက ဖိအားပေးမှုများမှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အားပျော့လာနေသည်။ လုပ်ငန်းစဉ်များနှင့် ထောက်ပံ့ပို့ဆောင်မှုများ ပိုကောင်းလာခဲ့ပြီး အချို့သော နေရာများတွင် ဝယ်လိုအား .အားပျော့လာခဲ့မှုက ပစ္စည်းပေးသွင်းသူတို့အား ပစ္စည်းပေးသွင်းမှုကို အချိန်မီ လုပ်ဆောင်ပေးရန် ကူညီပေးခဲ့သည်။

ရှေ့ဆက် ဖေါ်ပြရပါက ပေးသွင်းမှု ကြာမြင့်ချိန်များ ပိုကောင်းလာခြင်းနှင့် ဝယ်လိုအား အခြေအနေများ အနည်းငယ် အားပျော့လာမှုက ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ လျော့နည်းလာစေရန် ပံ့ပိုးပေးခဲ့သည်။ သွင်းအားစု ကုန်ကျစရိတ်များမှာ ၂၈ လအတွင်း အနှေးဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့သည်။ အလားတူစွာပင် ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှု နှုန်းသည်ပါ ငါးလဆက်တိုက် အားပျော့လာခဲ့ပြီး ၁၆-လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။ သို့သော်လည်း ကုန်ကျစရိတ်များရော၊ ရောင်းဈေးများပါ ခြုံပြောရလျှင် ပြင်းထန်သည့် နှုန်းများဖြင့် မြင့်တက်သွားကြသည်။

လက်ကျန်စာရင်းများကို လေ့လာကြည့်လျှင် အာဆီယံ ဒေသတစ်ဝန်းရှိ ထုတ်လုပ်သူတို့သည် ထုတ်လုပ်မှု အကြိုနှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ကုန် နှစ်မျိုးစလုံး၏ လက်ကျန်စာရင်းများ ရှေ့ဆက် ကျဆင်းလာခဲ့ကြောင်း အစီရင်ခံကြသည်။ မည်သို့ပင်ဖြစ်စေ ကုန်ခမ်းမှု နှုန်းမှာမူ ကြည့်လျှင် အသင့်အတင့် ဖြစ်ခဲ့ပါသည်။

ဒေသတစ်ဝန်းတွင် မသိမသာ အရှိန်ကျလာမှ လက္ခဏာများ မြင်နေရသည့် တိုင်အောင် ကုန်စည် ထုတ်လုပ်သူတို့သည် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး မြင့်မားစွာ အကောင်းမြင်နေကြသည်။ အကောင်းမြင်စိတ်မှာ ငါးလအတွင်း အမြင့်ဆုံးသို့ တိုးမြင့်သွားပါသည်။ . သို့သော်လည်း ယုံကြည်စိတ်မှာ သမိုင်းစဉ် ဒေတာနှင့် ဆက်စပ်ကြည့်လျှင် အနည်းငယ် အားပျော့နေသည်။

 

သုံးသပ်ချက်

အာဆီယံ ကုန်ထုတ်လုပ်မှ PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-

"ပထမသုံးလပတ် ကုန်ဆုံးချိန်မှာ လုပ်ငန်း အခြေအနေတွေ တိုးတက်လာနေတာကို အာဆီယံ ထုတ်လုပ်ရေးကဏ္ဍက ဆက်ပြီး အစီရင်ခံပါတယ်။ ဒေသတစ်ဝန်းမှာ ထုတ်လုပ်မှုနဲ့ ဝယ်ယူရေး လုပ်ငန်းများ တိုးတက်လာပုံဟာ အားကောင်းပြီး သမိုင်းစဉ်အရ အရှိန်မြင့်မားနေပါတယ်။

“ဒါပေမဲ့ အနာဂတ် တိုးထုတ်လုပ်မှုကို ကန့်သတ်ပစ်နိုင်ကြတဲ့ စိုးရိမ်စရာ အချက်တွေ ရုပ်လုံးပေါ်လာ‌နေတာကိုလည်း မြင်ရနိုင်ပါတယ်။ အော်ဒါ ရရှိမှ ကျဆင်းလာနေပြီး အလုပ်နေရာများ အသစ်တဖန် လျော့နည်းလာမှုမှာ ဒသမဂဏန်းမျှ ဖြစ်ခဲ့ပေမဲ့ ဝယ်လိုအား အခြေအနေများ မသိမသာ အားပျော့လာနေကာ ထုတ်လုပ်သူတွေ ပိုပြီး သတိထား လုပ်ကိုင်နေရတာကို ထောက်ပြနေပါတယ်။

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒေသတစ်ဝန်းမှာ အကောင်းမြင်စိတ်ဟာ အားကောင်းစွာ ဦးမော့နေပြီး ငွေကြေးဖောင်းပွမှုနှင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက် ဖိအားပေးမှုများဟာ အားပျော့လာနေကြတာမို့ စက်မှု ကဏ္ဍ ပြန်နာလန်ထူလာဖို့အတွက် နိမိတ်ကောင်း ဖြစ်ပါတယ်။”
 

Industry Reviews Read 273 times