မြန်မာနိုင်ငံ ထုတ်လုပ်မှုကဏ္ဍ  အော်ဒါအသစ်များ ရရှိမှု လျင်မြန်စွာ ကျဆင်းလာချိန်မှာ ထုတ်လုပ်မှု ထိုးက


03 January, 2023

 

၂၀၂၃ ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 


S&P Global မြန်မာ ထုတ်လုပ်မှု PMI™

 

မြန်မာနိုင်ငံ ထုတ်လုပ်မှုကဏ္ဍ  အော်ဒါအသစ်များ ရရှိမှု လျင်မြန်စွာ ကျဆင်းလာချိန်မှာ ထုတ်လုပ်မှု ထိုးကျလာ


 

အဓိက တွေ့ရှိချက်များ

 

  • ထုတ်လုပ်မှုမှာ ၁၆ လအတွင်း အမြန်ဆုံး လျော့ကျသွားခြင်း
  • အော်ဒါ ဝင်လာမှုများ တဟုန်ထိုး ကျဆင်းသွားခြင်း
  • သွင်းအားစု ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ အတော်အသင့် ရှိနေခြင်း

 


နောက်ဆုံး PMI™ ဒေတာအရ မြန်မာနိုင်ငံတစ်ဝန်းက ထုတ်လုပ်ရေး အခြေအနေများသည် ဒီဇင်ဘာလတွင် ဆက်လက် ဆုတ်ယုတ်လာခဲ့သည်။ 

ဝယ်လိုအား အခြေအနေများ ဆုတ်ယုတ်လာနေခြင်းက ထုတ်လုပ်မှုကိုရော စက်ရုံအော်ဒါများကိုပါ ဖိစီးနေခဲ့ရာ နှစ်ခုစလုံး နိုဝင်ဘာလထက် အရှိန်ရကျဆင်းလာခဲ့သည်။ 

ထို့အပြင် ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းရှိ ကုမ္ပဏီများက ကုန်ကျစရိတ်များကို လျှော့ချရန် ကြိုးပမ်းနေကြရာ လက်ကျန်သိုလှောင်ကုန်များ ကုန်ခမ်းလာနေခြင်းကို မြင်တွေ့ခဲ့ရသည်။ 

ထို့ကြောင့် ဝယ်ယူရေး လုပ်ငန်းများနှင့် ဝန်ထမ်းဦးရေ ကျဆင်းလာခဲ့ကြောင်း အစီရင်ခံကြပါသည်။

သို့သော် သတင်းကောင်းအချို့ကို ဖေါ်ပြရလျှင် မကြာသေးမီက ဝယ်လိုအား ကျဆင်းလာခဲ့မှုကြောင့် ဈေးနှုန်းများ၏ ဖိအားပေးမှုများသည် တတိယသုံးလပတ်မှစပြီး သိသိသာသာ ပြောင်းလဲလာခဲ့ပါသည်။ ထို့အပြင် အချို့သော ကုမ္ပဏီများသည် ငွေကြေးလဲလှယ်မှုနှုန်း ပိုကောင်းလာခြင်းကို အကြောင်းပြုပြီး အကျိုးအမြတ်  ထုတ်ယူနိုင်ခဲ့ကြသောကြောင့် ကုန်ကျမှု စရိတ်စကများနှင့် စက်ရုံများ၏ ရောင်းဈေးများမှာ အသင့်အတင့်မျှသာ မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာလတွင် အစီရင်ခံကြသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI™ - ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ - 

နိုဝင်ဘာလတွင် ၄၄.၆ ရှိခဲ့ရာမှ ဒီဇင်ဘာလတွင် ၄၂.၁ သို့ ကျဆင်းသွားခဲ့သည်။ 

ထုတ်လုပ်မှုကဏ္ဍ၏အခြေအနေမှာ ၂၈-လမြောက် ဆက်တိုက် ဆုတ်ယုတ်လာခဲ့ရာ ယခုနှစ်အစောပိုင်း ဧပြီလအတွင်း ခဏတဖြုတ်ဖြစ်ခဲ့သော မဝံ့မရဲ တိုးထုတ်လုပ်မှုကို ချေဖျက်လိုက်သည်။

အော်ဒါအသစ်များ နည်းလာခြင်း၊ ကုန်ကြမ်းပစ္စည်းများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများ၏ ရလဒ်အဖြစ် စက်မှု ထုတ်လုပ်မှု ကျဆင်းလာမှုမှာ ပိုမြန်လာခဲ့သည်။ ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းမှာ ကျဆင်းမှု နယ်ပယ်တွင် ရှိနေသေးလျက် ၁၆ လအတွင်းမှာ အနိမ့်ဆုံး ဖြစ်လာသည်။ 

ထို့အပြင် ဈေးဝယ်များ အကြားရှိ ဘဏ္ဍာရေးဆိုင်ရာ စိုးရိမ်မှုများက ဝယ်လိုအားအပေါ် အနုတ်လက္ခဏာ သက်ရောက်မှု ရှိခဲ့သည့်အတွက် စက်ရုံအော်ဒါများ ရရှိမှု ပိုနည်းလာခဲ့ရသည်။

ထုတ်လုပ်ရေး လိုအပ်ချက်များ ကျဆင်းလာမှု၏ ရလဒ်အဖြစ် ထုတ်လုပ်မှု စရိတ်စကများကို ဖြတ်တောက်ရန် ကြိုးပမ်းမှုများကြောင့် ဒီဇင်ဘာဒေတာက ဝယ်ယူရေး လုပ်ငန်းများ ပိုပြီးပြင်းထန်စွာ လျော့နည်းလာမှုကို ညွှန်ပြနေသည်။ ကျဆင်းမှု အရှိန်မှာ သုံးလအတွင်းတွင် အမြန်ဆုံး ဖြစ်လာသည်။


 

စက်ရုံအော်ဒါများ ဆက်လက် ကျဆင်းလာမှု၏ ရလဒ်အဖြစ် ဝန်ထမ်းအရေအတွက် ဖြတ်တောက်ခံရမှုများနှင့် မိမိတို့ဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်မှုများကို ကျယ်ပြန့်စွာ အစီရင်ခံနေကြချိန်မှာ အလုပ်နေရာများသည်ပါ လျော့နည်းလာခဲ့သည်။ ထို့အပြင် နောက်ဆုံးလတွင် အလုပ်နေရာ ဖြတ်တောက်ခံရမှုမှာ ခြောက်လကြာ လက်ရှိကျဆင်းမှုအစဉ်ထဲတွင် အမြန်ဆုံး ဖြစ်လာခဲ့သည်။ သို့သော်လည်းစစ်တမ်းတွင်  ပါဝင်ဖြေဆိုခဲ့ကြသူ ၉၀% နီးပါးတို့ကမူ ဝန်ထမ်းဦးရေ မပြောင်းလဲခဲ့ဟု အစီရင်ခံခဲ့ကြသည်။

ထုတ်လုပ်ရေးကဏ္ဍ၏ ထုတ်လုပ်မှု ထပ်ပြီး ကျဆင်းခဲ့ရသည်မှာ အဓိကအားဖြင့် ဝယ်လိုအား လိုက်မလာမှုကြောင့် ဖြစ်ခဲ့သော်လည်း ထိုအချက်ကပင် ဈေးနှုန်းများ၏ ဖိအားပေးမှုများကို နောက်ဆုံးလများအတွင်းမှာ ကျဆင်းလာစေရန် ထောက်ကူခဲ့သည်။

ထည့်ကုန်စရိတ်များအတွက်ရော ရောင်းဈေးများအတွက်ပါ ငွေကြေးဖောင်းပွမှု စံချိန်တင် မြင့်တက်နေခဲ့သည့် တတိယ သုံးလပတ် နောက်ပိုင်းလများအတွင်းမှာ ကိန်းဂဏန်းများမှာ သိသိသာသာ အားပျော့လာခဲ့သည်။ 

သို့သော် ပစ္စည်းများ ရှားပါးမှုနှင့် ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများမှာ ထည့်ကုန်စရိတ်များကို တွန်းတင်ပေးနေသည့် ဖိအားပေးမှု ဖြစ်လာပါသည်။

မြန်မာနိုင်ငံထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းဆိုင်ရာ နောက်ဆုံး စစ်တမ်း ဒေတာက နောက်ဆုံး သုံးလပတ်တွင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်ထဲက ဖိအားပေးမှုများ အနည်းငယ် အားပျော့လာမှုကိုပါ ထောက်ပြနေသည်။ သို့သော်လည်း ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များ တိုးလာသည့် နှုန်းမှာမူ နိုဝင်ဘာလမှစပြီး မသိမသာ ပိုဆုတ်ယုတ်လာခဲ့ပါသည်။

ခြုံပြောရလျှင် နောက်ဆုံး စစ်တမ်း ရလဒ်များက ရေးခြယ်ပြထားသည့် မှောင်မည်းနေသောကားချပ်ပုံမှာ အနာဂတ် မျှော်မှန်းချက် အားနည်းလာမှုထဲတွင် ရောင်ပြန်ဟပ်နေသည်။

မြန်မာနိုင်ငံတွင်း ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းတွင် လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ နိုဝင်ဘာလနှင့်စာလျှင် ဒသမဂဏန်းမျှ တိုးတက်လာခဲ့သော်လည်း စစ်တမ်း၏ သမိုင်းစဉ်ပျမ်းမျှနှုန်းများနှင့် လည်းကောင်း၊ ခြုံကြည့်လျှင်လည်းကောင်း အားနည်းလျက် ရှိနေပါသည်။

ပါဝင်ဖြေခဲ့ကြသူ အများစု (၉၈%) တို့က လာမည့် တစ်နှစ်အတွင်းမှာ ထုတ်လုပ်မှုပြောင်းလဲလာမည် မဟုတ်ဟု ခန့်မှန်းနေကြချိန်မှာ တိုးတက်လာမည်ဟု တွက်ဆသူ ၂% ခန့်မျှသာ ရှိနေခြင်းကြောင့် ထိုသို့ဖြစ်ရပါသည်။


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ-

"နောက်ဆုံး PMI ဒေတာက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှု ကဏ္ဍတစ်ဝန်းမှာ ထပ်ပြီး ကျဆင်းလာမှုကို ဖေါ်ပြနေပါတယ်။ ဝယ်လိုအား နှင့် ကုန်ကြမ်းပစ္စည်းဆိုင်ရာ အားပျော့မှုများက စွမ်းဆောင်နိုင်စွမ်းအပေါ် ကြီးမားစွာ ဖိစီးနေကြတယ်။ လုပ်ကိုင်မှု အခြေအနေများက ၁၅ လအတွင်းမှာ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာခဲ့ကြတယ်။

"နောက်ဆုံး သုံးလပတ်တွင် ဈေးနှုန်းများရဲ့ ဖိအားပေးမှုများ သိသာစွာ ကျဆင်းလာခြင်းမှာ သတင်းကောင်း ဖြစ်သော်လည်း ထိုသို့ ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းရင်းမှာ ဝယ်လိုအား ကျဆင်းလာမှုနှင့် ထည့်ကုန် ဝယ်ယူမှုများကို ကြီးမားစွာ ဖြတ်တောက်ခဲ့ရမှုကြောင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များရဲ့ အခြေအနေ မသိမသာ သက်သာလာခဲ့လို့ပါ။

"သို့ဖြစ်၍ ထုတ်လုပ်ရေး ကုမ္ပဏီများဟာ လည်ပတ်ရေး လိုအပ်ချက်များ ကျဆင်းလာသည်နှင့်အမျှ ဝန်ထမ်းဦးရေကို ဆက်ဖြတ်တောက်လာခဲ့ကြတယ်။ 

လာမည့် ၁၂-လ အတွက် ရည်မှန်းချက်များနှင့် ပတ်သက်ပြီးပြောရပါက လုပ်ငန်းများ၏ ယုံကြည်မှုမှာ များစွာမှ အားနည်းနေခဲ့ပြီး သမိုင်းစဉ် ဒေတာနှင့် ဆက်စပ်ကြည့်လျှင် အားပျော့လာခဲ့ပါတယ်။"

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Industry Reviews Read 2397 times