တောင်ကိုရီးယား စီးပွားရေး ကျဆင်းနေချိန်  ပို့ကုန်လုပ်ငန်းရှင်များကို ထောက်ပံ့ရန် မူဝါဒ ပြောင်းလဲကျင့


26 January, 2023

တောင်ကိုရီးယား စီးပွားရေး ကျဆင်းနေချိန်  ပို့ကုန်လုပ်ငန်းရှင်များကို ထောက်ပံ့ရန် မူဝါဒ ပြောင်းလဲကျင့်သုံး 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 
နှစ်နှစ်ခွဲကာလအတွင်း စီးပွားရ ကျုံ့ခြင်း ပထမဆုံအကြိမ် ကြုံရသဖြင့် တောင်ကိုရီးယားအစိုးရသည် ပို့ကုန်လုပ်ငန်းရှင်များအား ခိုင်မာသော ပံ့ပိုးကူညီမှုများ ပေးအပ်မည်ဟု ကတိပြုခဲ့ပါသည်။ အဓိကအားဖြင့် ပို့ကုန်များ လျော့ကျမှုကြောင့်ဖြစ်ပြီး စီးပွားရေး ဆုတ်ယုတ်နေခြင်း ဖြစ်နေနိုင်သဖြင့် ယခုလို ကုန်လုပ်ငန်းရှင်များကို ထောက်ပံ့ရန် မူဝါဒ ပြောင်းလဲကျင့်သုံးခြင်း ဖြစ်ပါသည်။

ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ခြင်းကြောင့် တောင်ကိုရီးယား စီးပွားရေးလည်း ကျဆင်းနေရသည်ကို နှေးသွားအောင် ယခု သုံးလပတ်တွင် လုပ်ဆောင်ဖို့ ဖြစ်နိုင်ကြောင်း၊ စီးပွားရေး ကျုံ့နေသည်ကို ကြီးထွားသည့်အဖြစ်သို့ ပြန်ရောက်စေနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Choo Kyung-ho က ပြောကြားခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင်များကို ထောက်ကူသည့် မူဝါဒကို ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခွန် လျော့ပေါ့ပေးခြင်း၊ ဌာနဆိုင်ရာ အုပ်ချုပ်စီမံရေးဖြင့် အကူအညီပေးခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဝန်ကြီးက ကတိကဝတ် ပြုပါသည်။

ဗဟိုဘဏ်၏ ခန့်မှန်းချက်အရ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ယခင်သုံးလပတ်ထက် အောက်တိုဘာလမှ ဒီဇင်ဘာလ သုံးလပတ်အတွင်း ၀.၄% ကျဆင်းသွားသည်။ 
အစိုးရသည် ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်အသက်ဝင်လာစေရန် မူဝါဒဆိုင်ရာ အရင်းအမြစ်များကို အာရုံစိုက်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ ဖြေလျော့ပေးခြင်း၊ အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပေးဆောင်ခြင်းစသည်တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း  Choo က ပြောကြားခဲ့သည်။

Click Here > DM Trading

၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်နောက်ပိုင်း GDP ပထမဆုံးအကြိမ်  ကျဆင်းခဲ့သည်။ ပို့ကုန် ၅.၈% ကျဆင်းသည်။ တစ်ကိုယ်ရေသုံးစွဲမှု ၀.၄% ကျဆင်းသည်။ အစိုးရ အသုံးစရိတ် ၃.၂% မြင့်တက်သည်။

ယခု ပထမသုံးလပတ်တွင်လည်း ဆက်လက် အားနည်းနေသည့် လက္ခဏာများ ရှိနေသည်။အိမ်ခြံမြေဈေးကွက် ကျဆင်းမှုက ပိုနက်ရှိုင်းလာပါသည်။

အနည်းဆုံး ၃ လပတ် ကျုံ့ခြင်း နှစ်ကြိမ် ဆက်တိုက် ဖြစ်ပေါ်ခဲ့လျှင် စီးပွားရေးပညာရှင်များသည် စီးပွားရေးကျဆင်းသည်ဟု သတ်မှတ်ကြသည်။
 အကယ်၍ ပထမ၃ လပတ် GDP ကျဆင်းခဲ့လျှင် ၃ လပတ် ကျုံ့ခြင်း နှစ်ကြိမ် ဆက်တိုက်ဖြစ်သွားမည်ဖြစ်ပြီး ယခင် စတုတ္ထ ၃ လပတ်ကတည်းက  စီးပွားရေးကျဆင်းနေခဲ့ခြင်း ဖြစ်မည်။ 
 နိုင်ငံသည် စီးပွားရေး ဆုတ်ယုတ်ကျဆင်းသွားခြင်း ရှိမရှိ ဆုံးဖြတ်ရန် စောနေသေးသည်ဟု ကိုရီးယားဘဏ် အုပ်ချုပ်ရေးမှူး Rhee Chang-yong က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ နယ်နိမိတ်မျဉ်းပေါ်မှာ ရှိနေတဲ့အတွက် ဖေဖော်ဝါရီလမှာ အသေးစိတ် အချက်အလက်တွေ ရလာတဲ့အခါကျမှ ကြည့်ကြရမယ်"ဟု ၎င်းကဆိုသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Global News Read 253 times