တောင်ကိုရီးယား စက်မှုကဏ္ဍ လက်နက် ထုတ်လုပ်မှု အရှိန်တင်


31 May, 2023

တောင်ကိုရီးယား စက်မှုကဏ္ဍ လက်နက် ထုတ်လုပ်မှု အရှိန်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တောင်ကိုရီးယားသည် ပိုလန်နှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁၃.၇ ဘီလျံတန်ဖိုးရှိ သဘောတူညီမှုကို ရရှိခဲ့သည်။ တောင်ကိုရီးယား အစိုးရ၏ တန်ဖိုးပမာဏ အကြီးမားဆုံး သဘောတူညီချက်ဖြစ်သည်။
နှစ်နိုင်ငံမှ စစ်လက်နက်ပစ္စည်း ကုမ္ပဏီများက စက်ဘက်သုံး စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ ထူထောင်ပြီး စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းလိုနေသည့် ဥရောပသို့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များ ရောင်းချမည် ဖြစ်သည်။

တောင်ကိုးရီးယားက အရည်အသွေးမြင့်မားသည့် လက်နက်များကို အခြားနိုင်ငံများထက် ပိုမိုမြန်ဆန်စွာဖြင့် ပေးအပ်နိုင်စွမ်းရှိပြီး ပိုလန်နိုင်ငံက ထုတ်လုပ်နိုင်စွမ်းနှင့် ဥရောပသို့ ရောင်းချနိုင်စွမ်း ရှိသည်။

တောင်ကိုးရီးယားနှင့် ပိုလန်အရာရှိများက ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ယူကရိန်းစစ်ပွဲကို ပြီးဆုံးသွားသည့်နောက်ပိုင်းအထိ  ဥရောပလက်နက်ဈေးကွက်ကို ဆက်လက်ကြီးစိုးထားနိုင်မည်ဟု ပြောကြားသည်။ 

တောင်ကိုရီးယား၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် ယခင်နှစ်က ဒေါ်လာ ၇ ဒသမ ၂၅ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၇ ဘီလီယံကျော်သို့ ခုန်တက်သွားခဲ့သည်။

ချက်သမ္မတနိုင်ငံ၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ ဖင်လန်၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် အခြားနိုင်ငံများက ဥရောပမှာသာ ကာကွယ်ရေးစစ်လက်နက်ပစ္စည်းများကို ဝယ်ယူဖို့ စိတ်ကူးနေကြတယ်။ အခုတော့ တောင်ကိုရီးယား ကုမ္ပဏီတွေထံမှ ဈေးလည်း သက်သာ၊ ပစ္စည်းတွေလည်း မြန်မြန်ရတယ် ဆိုတာ လူတွေ ပိုသိလာကြပြီ" ဟု တောင်ကိုရီးယားမှ Hanwha Aerospace ၏ ဒါရိုက်တာ Oh Kyeahwan က ပြောကြားသည်။

 

Hanwha Aerospace သည် ကမ္ဘာလုံးဆိုင်ရာ ဟော့ဝစ်ဇာ ဈေးကွက်တွင် ဈေးကွက်ဝေစု ၅၅% ကို ပိုင်ဆိုင်ထားသည်။ ပိုလန်တွင် ပါဝင်လုပ်ကိုင်သည့်အခါ ဈေးကွက်ဝေစု ၆၈% အထိ မြင့်တက်လာမည် ဖြစ်သည်။

သဘောတူညီချက်အရ တောင်ကိုရီးယားမှ ကုမ္ပဏီစုနှင့် ပိုလန်ကုမ္ပဏီများသည် ပိုလန်တွင် လက်နက်များ ထုတ်လုပ်ခြင်း၊ တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ ဥရောပနိုင်ငံများသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းတို့ လုပ်ကိုင်မည် ဖြစ်သည်။

တောင်ကိုရီးယား လက်နက်များကို ထုတ်လုပ်ခွင့်လိုင်စင်ဖြင့် ပိုလန်ရှိစက်ရုံများတွင် ၂၀၂၆ ခုနှစ်မှာ စတင်ထုတ်လုပ်မည်။ တင့်ကား  ၅၀၀ ၊ ဟော့ဝစ်ဇာ ၃၀၀ ထုတ်လုပ်မည်။

တောင်ကိုရီးယားမှ Hanwha Aerospace စက်ရုံတွင် ကြီးမားသော ရိုဘော့ ၆ ခုနှင့် လုပ်သား ၁၅၀ ကျော်တို့သည် ၄၇ တန် K9 ဟော့ဝစ်ဇာများကို ပိုလန်အတွက် ထုတ်လုပ်နေကြသည်။

အမှာစာကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ထုတ်လုပ်ရေး လိုင်းများ ထပ်တိုးသည်။ လုပ်သား ၅၀ ခန့် ထပ်တိုးခန့်သည်။ ဂဟေဆော်သည့်အလုပ် ၇၀% ခန့်ကို ရိုဘော့များက လုပ်ကိုင်သည်။ 
လောလောဆယ်တွင် တစ်ရက် ၈ နာရီ လုပ်ကိုင်သည်။ လိုအပ်လာလျှင် တစ်ရက် ၂၄ နာရီ လုပ်ကိုင်နိုင်သည်။ 

 

တောင်ကိုရီးယားသည် အမှာစာများကို မြန်မြန်ဆန်ဆန် ထုတ်လုပ်သည်။ ပိုလန်မှ အမှာစာအတွက် K2 ၁၀ စီးနှင့် K9 ၂၄ စီးတို့ကို ပထမအသုတ်အဖြစ် ပိုလန်သို့ ဒီဇင်ဘာလတွင် ပေးပို့ခဲ့ပြီးပြီ ဖြစ်သည်။  လပိုင်းအတွင်း စတင်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဟန်ဂေရီသည် ဂျာမနီထံ Leopard တင့်ကား ၂၈ စီးကို ၂၀၁၈ ခုနှစ်တွင် မှာကြားထားရာ ယခုအထိ တစ်စီးမှ မရသေးချေ။

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Global News Read 263 times