နေရာတိုင်းမှာ ဆိုလာပါဝါ


16 June, 2022

နေရာတိုင်းမှာ ဆိုလာပါဝါ

ပါးလွှာပြီး ကွေးညွှတ်နိုင်တဲ့ အော်ဂဲနစ် ဆိုလာဆဲလ်တွေကို အမြောက်အမြား ထုတ်လုပ်ပြီး အဆောက်အဦအတွင်းသုံး အီလက်ထရွန်းနစ် စမတ်ကိရိယာတွေအတွက် စွမ်းအင်ယူဖို့ သုံးစွဲနိုင်ကြတော့မှာ ဖြစ်ပါတယ်။

ပလတ်စတစ်အပျော့ပြားပေါ်မှာဖြစ်ဖြစ်၊ အခြားကွေးညွှတ်နိုင်တဲ့ အပြားပေါ်မှာဖြစ်ဖြစ် ဆိုလာဆဲလ်အလွှာကို ပုံနှိပ်ပေးပြီး ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
အော်ဂဲနစ် ဆိုလာဆဲလ်က သာမန်ဆီလီကွန်အခြေပြု ဆိုလာဆဲလ်ထက် ထုတ်လုပ်စရိတ် ထက်ဝက်သက်သာတယ်။ အလေးချိန် အဆ ၁၀၀ ပိုပေါ့ပါးတယ်လို့ ထုတ်လုပ်သူတို့က ပြောကြားပါတယ်။
ဆီလီကွန်ဆဲလ်ထက် အားသာချက်က အဆောက်အဦအတွင်းမှာလည်း ထုတ်ပေးတဲ့အားက အဆောက်အဦပြင်ပ နေရောင်အောက်မှာ ထုတ်ပေးတဲ့အတိုင်း လျော့ကျခြင်းမရှိဘဲ ထုတ်ပေးနိုင်စွမ်း ရှိနေတာ ဖြစ်ပါတယ်။
ကြိုးမဲ့စပီကာများ၊ remote control များ၊ စင်စာများကို ဘက်ထရီ မလိုဘဲ အော်ဂဲနစ် ဆိုလာဆဲလ်ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အော်ဂဲနစ် ဆိုလာဆဲလ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီများထဲမှာ ဂျာမန် လုပ်ငန်းသစ် Heliatek က ယခုနှစ်အတွင်းမှာ အမြောက်အမြားထုတ်လုပ်မှုညစတင်တော့မယ်လို့ ဆိုပါတယ်။
ဂျပန်မှ Ricoh ကတော့ အတော်အသင့် အရေအတွက် ပမာဏကို ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ထုတ်လုပ်ဖို့ လျာထားပါတယ်။

လက်တွေ့ကျကျ သုံးလို့ရတဲ့ အော်ဂဲနစ်ဆိုဆဲလ်တွေ ၂၀၁၀ နောက်ပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အလင်းကို လျှပ်စစ်ဖြစ်သွားအောင် ပြောင်းလဲပေးတာ ဆီလီကွန်ဆဲလ်ရဲ့ တစ်ဝက်ကိုတောင် မမီဘူး။ ဒီတော့ ပါဝါနည်းနည်းပါပါးပဲ လိုအပ်တဲ့ကိရိယာတွေအတွက်ပဲ အဆင်ပြေပါတယ်။
ယခုအခါ ကောင်းသည်ထက် ပိုကောင်းအောင် ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး အ‌မြောက်အမြား ထုတ်လုပ်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာပါတယ်။
Heliatek က တစ်နည်းကို အကြမ်းအားဖြင့် စတုရန်းမီတာ ၆၀၀,၀၀၀ ထုတ်လုပ်ပါမယ်။ ၂၀၂၃နှင့် ၂၀၂၄ ခုနှစ်မှာ တိုးမြှင့်ထုတ်လုပ်ပါမယ်။ တစ်နှစ်ကို စတုရန်းမီတာ ၁.၁ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

‌အလေးချိန် စီးတဲ့ စီလီကွန်အခြေပြု ဆိုလာပြားများ တပ်ဆင်ဖို့ အဆင်မပြေတဲ့ မျက်နှာပြင်တွေမှာ အော်ဂဲနစ်ဆဲလ်ကို အပေါ်ယံအလွှာအဖြစ် ကပ်ပေးထားပြီး သုံးစွဲနိုင်မယ်လို့ Heliatek က ဆိုပါတယ်။
အော်ဂဲနစ် ဆိုလာဆဲလ်က သက်တမ်း ၁၀ နှစ် ခံပါတယ်။ စစချင်းမှာ ရောင်းဈေးက ဆီလီကွန်ဆဲလ်ထက် ပိုဈေးကြီးနေဦးမှာ ဖြစ်ပါတယ်။ အ‌မြောက်အမြား ထုတ်လုပ်ရောင်းချနိုင်တာနဲ့အမျှ ကုန်ကျစရိတ် သက်သာလာပြီး ခေါက်ချိုး သက်သာတဲ့အထိ အလားအလာရှိတယ်လို့ Heliatek က ဆိုပါတယ်။

လက်ရှိထုတ်လုပ်တဲ့ အော်ဂဲနစ်ဆဲလ်က တစ်စတုရန်းမီတာကို ၂ ကီလိုဂရမ် လေးပါတယ်။ နောက်နှစ်မှာ ၁ ကီလိုဂရမ်အောက် အလေးချိန်ဖြင့် ထုတ်လုပ်နိုင်မယ်လို့ Heliatek က ဆိုပါတယ်။
ဘရာဇီးနိုင်ငံမှ Sunew က ကားခေါင်မိုးပေါ် အုပ်တဲ့ အော်ဂဲနစ်ဆဲလ် ထုတ်လုပ်ပါတယ်။ ယခုအချိန်အထိ စတုရန်းမီတာ ၁၀,၀၀၀ ကျော် ထုတ်လုပ်ပြီးပါပြီ။ 


ဂျပန်မှ အီလက်ထရွန်းနစ်ကုမ္ပဏီ Ricoh က နောက်နှစ်မှာ ၁၀၀ စတုရန်းမီတာ ထုတ်လုပ်ပါမယ်။ အီလက်ထရွန်းနစ် စမတ်ကိရိယာ အသေးစားတွေအတွက်ဖြစ်ပြီး ခုရေ ၅၀,၀၀၀ စာအတွက် ဖြစ်ပါတယ်။

#MyanmarIndustryGuide

Energy News Read 290 times