COVID-19 အလွန်ကာလများ၌ SMEsများ၏ ရှင်သန်ရေးမဟာဗျူဟာများ ဆွေးနွေးပွဲ


18 September, 2020

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) သည် “ SME စကား၀ိုင်း - COVID 19 ကာလအတွင်း သင့်စီးပွားရေးကို မြှင့်တင်လိုက်ပါ “ ဟူသောခေါင်းစဉ်ဖြင့် online ဆွေးနွေးပွဲ (ပထမနေ့) ကို စက်တင်ဘာလ ၁၄ ရက်နေ့တွင်ကျင်းပခဲ့ပြီးဖြစ်ပါသည်။

ဆွေးနွေးပွဲ (ဒုတိယ)နေ့ကို စက်တင်ဘာ ၂၁ ရက်တွင် နံနက် ၁၀ နာရီ မှ ၁၁ နာရီ အတွင်း Zoom application မှတဆင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

 အဆိုပါ Online ဆွေးနွေးပွဲသည် COVID 19 ကြောင့် စီးပွားရေးကျဆင်းမှုများကို ရေရှည်ပြန်လည်ကုစားနိုင်ရေး အစီအမံများ ၊ စီးပွားရေးမဟာဗျူဟာများ နှင့် SME လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များ နှင့်ပတ်သက်သော အသုံး၀င်မည့် သတင်းအချက်အလက်များကို ပေးစွမ်းသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲပထမနေ့တွင် “ COVID-19 အလွန်ကာလများ၌ SMEsများ၏ ရှင်သန်ရေးမဟာဗျူဟာများ “ ကို ၀ါရင့် SMEs များမှ ဆွေးနွေးခဲ့ပြီး ဒုတိယနေ့တွင် “ JICA ၏ SME နှစ်ဆင့်ချေးငွေအကြောင်း ( JICA SME Two-Step Loan) နှင့် လျှောက်ထားရမည့်လုပ်ငန်းစဥ်များ” အကြောင်းကို မိတ်ဆက်ရှင်းလင်းသွားမည်ဖြစ်သည်။

 

သို့ပါ၍ တက်ရောက်လိုသည့် လူကြီးမင်းများအနေဖြင့် အောက်ဖော်ပြပါ link သို့ ၀င်ရောက်၍ စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

>> Click Here <<

Local News Tips Events & Exhibition Read 1087 times