SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်း ယခုလအတွင်း ဖွင့်မည်


05 February, 2021

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဆန်းသစ်တီထွင် အောင်မြင်နိုင်သော လုပ်ငန်းပုံစံတစ်ခု တည်ဆောက် လုပ်ဆောင်နိုင်ရန်အတွက် Business Model Development သင်တန်းကို မတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက် ဖွင့်လှစ်သွားမည် ဖြစ်သည်။


အဆိုပါသင်တန်းကို စက်မှှုဝန်ကြီးဌာနမှ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ရာတွင် အဓိက သိရှိရမည့် အချက်များကို အချိန်တိုအတွင်း သိရှိနားလည်ပြီး မိမိလုပ်ငန်း တိုးတက်ရန် စီးပွားရေးပုံစံတစ်ခုကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရန်အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

 

နိုင်ငံတကာ အသုံးပြုနေသည့် Active Learning Style နှင့် လုပ်ငန်းအတွက် လက်တွေ့ အသုံးချနိုင်မည့် အရေးပါသော Business Model ပုံစံတစ်ခု ဖြစ်လာစေရန် သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသား ၃၅ ဦး လက်ခံသင်ကြားသွားမည် ဖြစ်သည်။

 

အမေရိကန်ကို၂၀၁၉ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် လက်ဖက်အစိုကွန်တိန်နာနှစ်လုံး တင်ပို့မည်
သင်ကြားမည့် ဆရာမများမှာ ဒေါ်မေသူကျော်နှင့် ဒေါ်မူမူအေးတို့ ဖြစ်ပြီး သင်တန်းတွင် မိမိ Customer တွေက ဘယ်သူတွေ ဖြစ်မလဲ၊ သူတို့ ဝယ်ယူလာအောင် ဘာတွေ လုပ်ရမလဲ၊ ဘယ်လို ရောင်းချမလဲ စတဲ့ အခြေခံအချက်တွေ အပါအဝင် SME ချေးငွေ လျှောက်ထားရာတွင် လိုအပ်သည်များ၊ SME လုပ်ငန်းများကို အထောင်အပံ့ပေးနေတဲ့ ဝန်ဆောင်မှုများနှင့် ဝင်ငွေရနိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းတိုးတက်ရေးအတွက် နည်းဗျူဟာများ စသည်တို့ကို သင်ကြားပေးမည် ဖြစ်သည်။

 

မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်ရှိ SME ဌာနတွင် သင်တန်းပို့ချပေးမည် ဖြစ်ပြီး သင်တန်းချိန်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဖြစ်သည်။

 

အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိလိုပါက သို့မဟုတ် သင်တန်းတက်ရောက်လိုပါက ဖုန်းနံပါတ် ၀၉ ၄၃၁၀၈၄၀၂၊ ၀၉ ၇၉၈၄၇၃၄၇၂၊ ၀၉ ၇၉၅၉၅၆၈၁၄၊ ၀၉ ၃၁၅၇၉၆၇၉ နဲ့ ၀၉ ၄၂၁၀၇၂၅၉၈ တို့ကို ဆက်သွယ် မေးမြန်း စာရင်းပေးသွင်းနိုင်ပါသည်။

 

SME Development Department

Myanmar Industry Directory

Local News Tips Read 490 times