SME လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ သင်တန်းတွေ အခမဲ့ပို့ချမည်


25 February, 2019

ဒေသတွင်း ထုတ်ကုန်တွေရဲ့နည်းပညာပိုင်းမှာ နိုင်ငံတကာအထိ  ထိုးဖောက်ယှဉ်ပြိုင်နိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာပိုင်းနဲ့ business plan လုပ်ဆောင်မှုတွေ အားနည်းနေတာကြောင့် စက်မှုဝန်ကြီးဌာနနဲ့  ပူးပေါင်းပြီး   SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သင်တန်းတွေ  အခမဲ့ပို့ချပေးမယ်လို့ SME Business Institute (SMEBi)  မှ Founder ဦးစိုးဟိန်း က ပြောပါတယ်။

ဒီသင်တန်းတွေ ပေးတာအပြင် Ooredoo business ကနေပြီးတော့မှ သူတို့ရဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ ပူးပေါင်းပါဝင်လာတယ်၊ ဒီ SME လုပ်ငန်းတွေ နိုင်ငံတကာကို ဘယ်လိုထိုးဖောက်မလဲဆိုတဲ့ ပညာရပ်တွေကို သင်ပေးမယ်၊ အူရီဒူးနဲ့  စက်မှုဝန်ကြီးဌာနကလဲ ပူးပေါင်းကူညီပေးမှာမို့   ပိုမိုကောင်းမွန်လာလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းရှိ    SME လုပ်ငန်းရှင်ပေါင်း ၂ဝဝဝ ကို ၂၀၁၉ မှ ၂၀၂၁ နှစ်နှစ်တာကာလအတွင်း  SME လုပ်ငန်းတွေ    ဖွံ့ဖြိုးတိုးတက်ဖို့    အခမဲ့သင်တန်းပေးတာတွေကို   စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက်   ၂၀၁၉   ဖေဖော်ဝါရီ ၁၈ မှာ စက်မှုဝန်ကြီးဌာနနဲ့   SME Business Institute  တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့  သိရပါတယ်။

သည်သင်တန်းတွေကို SME Business Institute(SMEBi) သင်တန်းကျောင်းတွေမှာ စတင်ပို့ချမှာဖြစ်ပြီး စက်မှုဝန်ကြီးဌာနအောက်ရှိ SME ရုံးခွဲတွေမှာလည်း သင်တန်းကျောင်းက ဆရာတွေလွှတ်ပြီး သင်တန်းတွေ ပို့ချပေးသွားမယ်လို့   သိရပါတယ်။

မြန်မာနိုင်ငံမှာ SME Busi-ness Institute(SMEBi) သင်တန်းကျောင်းပေါင်း ခုနစ်ခုအထိရှိပြီး ၂၀၁၅   ခုနှစ်ကတည်းက   SME အသင်းဝင်ထားတဲ့ လုပ်ငန်းရှင်တွေကို   အခမဲ့သင်တန်းတွေပေးခဲ့ပြီး   သင်တန်းသားပေါင်း    ၁၀၂၀   ဦးအထိ   ပို့ချပေးနိုင်ခဲ့တယ်လို့     သိရပါတယ်။ ထို့ပြင်  မြန်မာနိုင်ငံရဲ့အဓိကမြို့တွေဖြစ်တဲ့ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊   ပဲခူး၊   နေပြည်တော်နဲ့  ဘားအံမြို့တွေမှာလည်း ကျောင်းခွဲတွေ  ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။

အခြားစိတ်ဝင်စားတဲ့လုပ်ငန်းရှင်ဦးရေ ၄ဝဝဝ ခန့်အထိကိုလည်း သင်တန်းတွေပို့ချပေးပြီး ယခုနှစ်နှစ်အတွင်းပေးမယ့် အခမဲ့သင်တန်းမှာလည်း  SME အသင်းဝင်ထားတဲ့ လုပ်ငန်းရှင်များကိုသာ အခမဲ့သင်ကြားပေးမှာဖြစ်ပြီး အခြားစိတ်ဝင်စားတဲ့စီးပွားရေးလုပ်ငန်းရှင်များကိုတော့ ငွေကြေးနဲ့သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

Kumudra

Tips Read 586 times