SME Member Card အကြောင်း


21 December, 2020

SME Card ဆိုတာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ထုတ်ပေးတဲ့ အသိအမှတ်ပြု ကတ်တစ်ခုဖြစ်ပါတယ်။

SME Card ရဲ့ သက်တမ်းက ၂ နှစ်ဖြစ်ပြီး https://msmewebportal.gov.mm/login မှတဆင့် လျောက်ထားနိုင်ပါတယ်။
Smart Card အဖြစ် ပြန်လည်ရရှိမှာ ဖြစ်ပြီးတော့ Approved ရဖို့ ကြာချိန်က အနည်းဆုံး တစ်ပတ်လောက်တော့ ကြာပါတယ်။
SME အဖြစ် သတ်မှတ်ထားတဲ့ လုပ်ငန်းတွေလျှောက်ထားနိုင်ပါတယ်။
လျှောက်ထားမည့် လုပ်ငန်းရှင်က အသေးစားလုပ်ငန်း (သို့မဟုတ်) အလတ်စားလုပ်ငန်း (သို့မဟုတ်) အသေးစားနှင့်အလတ်စား (၂)မျိုးလုံးကို လုပ်ကိုင်တဲ့ နိုင်ငံသားရာနှုန်းပြည့် ပိုင်ဆိုင်တဲ့လုပ်ငန်းအမျိုးအစား လုပ်ဆောင်သောသူ ဖြစ်ရပါမယ်။

၀န်ထမ်းဦးရေသတ်မှတ်ရာမှာ ဖြည့်စွက်တဲ့ဝန်ထမ်းဦးရေက အမြဲတမ်းဝန်ထမ်းဦးရေ ဖြစ်ရပါမယ်။

(SME) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်လျှင် သက်ဆိုင်ရာ ခွင့်ပြုချက်၊ လုပ်ငန်းလိုင်စင်၊ ခွင့်ပြုချက် (သို့မဟုတ်) မှတ်ပုံတင်လက်မှတ် တင်ပြရပါမယ်။

လုပ်ငန်းလိုင်စင်လျှောက်ထားရန် မလိုတဲ့ SME လုပ်ငန်းများဆိုလျှင်
●ပတ်ဝန်းကျင်နေထိုင်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိခြင်း၊
●သဘာဝပတ်ဝန်းကျင်နှင့်လူမှုစီးပွားပတ်ဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ခြင်း၊
●ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်း၊
●မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊
●လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှု မရှိခြင်း
စတဲ့အချက်နဲ့ ကိုက်ညီသူတွေ လျှောက်ထားလို့ရပါတယ်။

လျှောက်ထားဖို့အတွက် လိုအပ်တာတွေက ..

● လျှောက်လွှာပုံစံ
● မှတ်ပုံတင်မိတ္တူ
● လျှောက်မည့်သူ၏ လိုင်စင်ဓာတ်ပုံ
● လုပ်ငန်းလိုင်စင်/ အထောက်အထား မိတ္တူ စတာတွေ လိုပါတယ်။

ကုန်ကျစရိတ်အနေနဲ့
အသေးစားလုပ်ငန်း - ၅,၀၀၀ ကျပ်
အလတ်စားလုပ်ငန်း - ၁၀,၀၀၀ ကျပ် ကို MPU Card နဲ့ပဲ
တစ်ခါတည်း ပေးသွင်းနိုင်ပါတယ်။

SME Card ရှိထားမယ်ဆိုရင် ....
ဘဏ်ချေးငွေဆိုင်ရာတွေ လျှောက်တဲ့အခါမှာ အသုံးဝင်မှာ ဖြစ်ပါတယ်။

အဲ့ဒါအပြင် SME အသင်းဝင်တစ်ယောက်ပါ ဖြစ်မယ့်အတွက်…
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသအသီးသီးက SME ဌာနတွေ ပူးပေါင်းဆောင်ရွက်တဲ့ Project တွေမှာလည်း SME အသင်းဝင်တစ်ယောက်အနေနဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

 

Banking & Loan Tips Read 511 times