SME များအတွက် ပြည်ပလုပ်သား E-9 ဗီဇာဖြင့် ပြန်လည်ခေါ်ယူနိုင်ရန် တောင်ကိုရီးယား စီစဉ်လျက်ရှိ


01 November, 2021

တောင်ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ပြည်ပလုပ်သား မရရှိသဖြင့် လူအင်အား မလုံလောက်မှု ပြင်းထန်နေသဖြင့် ပြည်ပလုပ်သားများ အားထားလုပ်ကိုင်ကြသည့် SME များ အခက်ကြုံနေကြသည်။

Korea Federation of SMEs မှ ထုတ်ပြန်သော အစီရင်ခံစာအရ အသေးစားနှင့် အလတ်စား အရွယ်အစားရှိ (SMEs)ကုန်ထုတ်လုပ်ငန်းများ၏ ၉၂.၁% သည် လုပ်သားမရသည့် ဒုက္ခကို ကြုံနေသည်။
Korea Federation of SMEs က စက်ရုံတွင်  ပြည်ပလုပ်သားများ ငှာရမ်းပြီး လုပ်ကိုင်သော SME ကုမ္ပဏီ ၇၉၂ ခုကို မေးမြန်းခဲ့သည်။
‌၆၅% က အစိုးရက ပြည်ပလုပ်သားများ တောင်ကိုရီးယားနိုင်ငံသို့ လာရောက် လုပ်ကိုင်ခြင်းကို ပိုမိုခွင့်ပြုသင့်ပြီး အနည်းဆုံး ဦးရေ ၁၀,၀၀၀ ခွင့်ပြုသင့်ကြောင်း ဖြေဆိုကြသည်။

လူလက်ဖြင့် လုပ်ကိုင်ရသော အလုပ်များ လုပ်ကိုင်ရန်အတွက် တောက်ကိုရီးယားသို့ နှစ်စဉ် ပြည်ပလုပ်သား ၄၀,၀၀၀ ဝန်းကျင် ဝင်ရောက်နေကျ ဖြစ်သည်။ ထို့အတွက် ချမှတ်ပေးထားျသာ အစီအစဉ်တစ်ခု ထားရှိသည်။
ယခုနှစ်တွင် ဩဂုတ်ကုန်အထိ E-9 non-professional employment visa ဖြင့် တောင်ကိုရီးယားသို့ ဝင်ရောက်လုပ်ကိုင်သည့် ပြည်ပလုပ်သား ၃,၄၉၆ ဦးသာ ရှိခဲ့သည်။
၂၀၁၉ ခုနှစ်ထက် ၉၁ % လျော့နည်းနေသည်။
၂၀၁၈ ခုနှစ်က ၄၀,၂၀၈ ဦး ရှိခဲ့သည်။

များစွာလျော့နည်းနေရသည်မှာ Covid-19 ကပ်ဘေးကြောင့် အဝင်တင်းကျပ်ထားခြင်းကြောင့် ဖြစ်သည်။ E-9 visa ဖြင့် ၄ နှစ် ၁၀ လ တောင်ကိုရီးယားတွင် နေထိုင်လုပ်ကိုင်ပြီးသူ အများအပြားတို့ မိခင်နိုင်ငံသို့ ပြန်သွားကြသည်။ လူလိုနေသည့်နေရာကို ပြန်ဖြည့်ရန်အတွက် ပြည်ပလုပ်သားများကို ကိုဗစ်တားမြစ်ချက်များကြောင့် ခေါ်ယူဖို့ မဖြစ်နိုင်ချေ။ 

ကပ်ရောဂါမကျရောက်ခင်က တောင်ကိုရီးယားသို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၅ ခုမှ ပြည်ပလုပ်သားများ လာရောက်လုပ်ကိုင်ခွင့် ပေးထားခဲ့သည်။ ထို ၁၅ နိုင်ငံမှာ 
ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဥဇဘက်ကစ္စတန်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကာဇက်စတန်၊ မြန်မာနှင့် အရှေ့တီမော
တို့ဖြစ်သည်။
 ယခုအခါ ၆ နိုင်ငံကိုသာ ခွင့်ပြုထားသည်။
 ထို ၆ နိုင်ငံမှာ 
 ကမ္ဘောဒီးယား၊ တရုတ်၊ အရှေ့တီမော၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်
 တို့ ဖြစ်သည်။
 တောင်ကိုရီးယားသို့ လာရောက်လုပ်ကိုင်မည့် ပြည်ပလုပ်သားတစ်ဦးသည် polymerase chain reaction (PCR) test ၄ ကြိမ် ဆေးစစ်ရန် လိုအပ်သည်။ ထို့ပြင် ၁၄ ရက် (q) ဝင်ရန်လည်း လိုအပ်သည်။
 
ယခုလို ပြည်ပလုပ်သား မရသည့် ပြဿနာ ပေါ်ပေါက်နေသဖြင့် မကျေမနပ် ပြောဆိုမှုများ ပိုများလာနေသဖြင့် တောင်ကိုရီးယား အစိုးရက ဝင်ခွင့်ပြုသည့် နိုင်ငံများ တိုးမြှင့် ပေးခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ E-9 ဗီဇာဖြင့် ပြည်ပလုပ်သားများ ခေါ်သွင်းရန်စီစဉ်နေသည်။ နိုဝင်ဘာလမှစ၍ Covid-19 နှင့် အတူနေထိုင်ခြင်း စတင်မည်ဖြစ်ရာ ထိုအစီအစဉ်နှင့် အညီ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို ယခုနှစ် မကုန်ခင် ကြေညာပေးမည်ဖြစ်သည်။
 
m.pulsenews.co.kr

Read 1667 times