​​​​​​​SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ


25 September, 2017

SME လုပ်ငန်းများအား ချေးငွေထောက်ပံ့မှုများရရှိရေးညှိနှိုင်းဆောင်ရန်

SMEလုပ်ငန်းများ၏ Statisticများရရှိရေးနှင့် မူဝါဒတိုးတတ်စေရန်

ပြည်တွင်းSMEများအား နိုင်ငံတကာစီးပွားရေးလုပ်ငန်းနှင့်ချိတ်ဆက်နိုင်ရေးဆောင်ရွက်ရန်

၁။ ချေးငွေအထောက်အပံ့များရရှိရေးဆောင်ရွက်မှု

နိုင်ငံတော်အစိုးရမှ ချေးငွေထောက်ပံ့ပေးခြင်း

၂၀၁၂ခုနှစ်နှင့် ၂၀၁၃ခုနှစ်အတွင်းနိုင်ငံတော်မှှခွဲဝေချထားပေးသည့် ပထမအကြိမ် ငွေကျပ်(၅)ဘီလီယံ နှင့် ဒုတိယအကြိမ် ငွေကျပ်(၅)ဘီလီယံ စုစုပေါင်း(၁၀)ဘီလီယံကို SMIDBမှတဆင့် လုပ်ငန်းရှင်(၆၂)သို့ထုတ်ချေးပေးခဲ့ရာတွင် ချေးငွေရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

၂၀၁၄ခုနှစ်၊ မေလ မှ ၂၀၁၆ခုနှစ်၊ မတ်လအထိ နိုင်ငံတော်မှ တတိယအကြိမ် ငွေကျပ်(၂၀)ဘီလီယံကို တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်ရှိ လုပ်ငန်းရှင်(၃၉၄)ဦးအတွက် ချေးငွေရရှိရေးညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

CGIစနစ်ဖြင့် ချေးငွေရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း

SMEများ၏ ပိုင်ဆိုင်မှုများကို အာမခံအဖြစ်ထားရရှိ၍ ချေးငွေလျှောက်ထားခြင်း၊

လိုအပ်သည့် ချေးငွေပမာဏပြည့်မှီအောင် အာမခံပစ္စည်းမပေးနိုင်သည့် လုပ်ငန်းများအနေဖြင့် CGIစနစ်ဖြင့် ချေးငွေဖြည့်စွက်လျှောက်ထားခြင်း၊

အပေါင်ပစ္စည်းမဲ့ Future Business Plan ဖြင့် ငွေချေးလျှောက်ထားခြင်း၊

SMEလုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက်လျှောက်ထားနိုင်ရန်သတ်မှတ်ချက်များ

(၁) လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော လုပ်ငန်းဌာနများတွင် မှတ်ပုံတင်ထားရှိပြီး သက်တမ်းရှိသော လုပ်ငန်းဖြစ်ရန်၊

(၂) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် (သို့) ထောက်ခံချက်ရရှိရန်၊

(၃) လုပ်ငန်းမှတ်ပုံတင်သက်တမ်းအနည်းဆုံး (၂)နှစ်ရရှိရန်၊

(၄) SMEလုပ်ငန်းရှင်ဖြစ်ကြောင်း အသ်ိအမှတ်ပြုကဒ်ပြားရရှိပြီးသောလုပ်ငန်းဖြစ်ရန်၊

(၅) SMEဌာနမှသတ်မှတ်ထားသော လုပ်ငန်းဆိုင်ရာအချက်အလက်များပုံစံတွင် ဖြည့်သွင်းရန်၊

CGIစနစ်ဖြင့် ချေးငွေရရှိနိုင်စေရန်မြန်မာ့အာမခံလုပ်ငန်း၊ ဂျပန်နိုင်ငံ Sumitommo Mitsui Banking Corporation (SMBC) ၊ ပုဂ္ဂလိကဘဏ်များဖြင့် ပူးပေါင်းဆောင်ရွက်ပြီး၊ CGIစနစ်ဖြင့် ချေးငွေရရှိစေရေး အသိပေးဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်း၊

Two Step Loan SMEချေးငွေရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း

ဂျပန်နိုင်ငံJICAမှ အထောက်အပံ့ပေးသော Two Step Loan ချေးငွေကို SMEလုပ်ငန်းရှင်များ ရရှိနိုင်ရေးအတွက် MEB၊JICA ၊ ဗဟိုဘဏ်၊ ပုဂ္ဂလိက အဖွဲ့အစည်းများ ၊ ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

Two Step Loanချေးငွေထုတ်ချေးသည့်ဘဏ်(၆)ခု

SMIDB (အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်)

Myanmar Citizen Bank(မြန်မာနိုင်ငံသားများဘဏ်)

CB Bank(သမဝါယမဘဏ်)

KBZ Bank(ကမ္ဘောဇဘဏ်)

Myanmar APEX Bank (မြန်မာ့ရှေ့ဆောင်ဘဏ်)

AYA Bank(ဧရာဝတီဘဏ်)

အတိုးနှုန်း               -၈.၅%(၁)နှစ်

နှစ်ရှည်ချေးငွေ      -အများဆုံး(၅)နှစ်

ချေးငွေပမာဏ            -အများဆုံးကျပ်သိ်န်း(၅၀၀၀)

Two Step Loanချေးငွေဆိုင်ရာသတ်မှတ်ချက်များ

ချေးငွေ၏၈၀%ကို Capital Investment အတွက် အသုံးပြုရန်ကန့်သတ်ထားပါသည်။

ဥပမာ- စက်ပစ္စည်းဝယ်ယူမှု၊ စက်ရုံတည်ဆောက်မှု၊ ဆန်စက် အရည်သွေးမြှင့်တိုးချဲ့မှု၊ စားသောက်ဆိုင်တိုးချဲ့ဖွင့်လှစ်မှု၊

ချေးငွေ၏ကျန်၂၀%ရာခိုင်နှုန်းကို Working Capital အတွက်အသုံးပြုရန် ကန့်သတ်ထားပါသည်။

SMEချေးငွေလျှောက်ထားခြင်းမပြုသည့်လုပ်ငန်းများ

အိမ်ခြံမြေလုပ်ငန်း၊ ငွေကြေးဘဏ္ဍာရေးနှင့်အာမခံလုပ်ငန်း၊ စိန်၊ ရွှေ၊ရတနာ ထုတ််လုပ်ရောင်းဝယ်ရေးလုပ်ငန်း ၊ အရက်နှင့်ဖျော်ယမကာလုပ်ငန်း၊ ဂိမ်းစင်တာ ၊ကာစီနို၊ ကေတိဗီလုပ်ငန်း၊ လက်နက်ရောင်းဝယ်ရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောလုပ်ငန်း၊လယ်သမားများ။

ဝန်ထမ်းဦးရေကိုကန့်သတ်ရာတွင် အမြဲတမ်းဝန်ထမ်းဟု ဆိုလိုပါသည်။

အချိန်ပိုင်းဝန်ထမ်းများ ၊ယာယီခန့်ထားသောဝန်ထမ်းများနှင့် အစမ်းခန့်ဝန်ထမ်းမျာမပါဝင်ပါ၊

ရင်းနှီးမြှပ်နှံမှုတန်ဖိုး (Capital Investment) တွင် အဆောက်အဦးတန်ဖိုး ၊ စက်ပစ္စည်းတန်ဖိုးနှင့် လုပ်ငန်းလည်ပတ်ငွေ စုစုပေါင်းတန်ဖိုးအားလုံးအကျုံးဝင်ပါသည်။

SME လုပ်ငန်းရှင်ဆိုသည်မှာ အသေးစားလုပ်ငန်း(သို့) အလတ်စားလုပ်ငန်း(သို့) အသေးစားနှင့် အလတ်စားလုပ်ငန်း (၂) မျိုးလုံးကို လုပ်ကိုင်သည့် နိုင်ငံသားမှ ရာနှုန်းပြည့် ပိုင်ဆိုင်သော လုပ်ငန်းအမျိုးအစား လုပ်ဆောင်သောသူကို ဆိုလိုပါသည်။

နိုင်ငံသားဆိုရာတွင် ဧည့်နိုင်ငံသား(သို့) နိုင်ငံသားပြုခွင့်ရသူပါ အကျုံးဝင်ပါသည်။

၂။ SME များအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးမှု

SME လုပ်ငန်းဆိုင်ရာ Database စနစ် အားကောင်းလာပြီး မူဝါဒဖွံ့ဖြိုးတိုးတက်စေရန်၊ SME လုပ်ငန်းရှင်ဖြစ်ကြောင်း အသိအမှတ်ပြု ထောက်ခံပေးသည့်ကဒ်များ ထုတ်ပေးလျက် SME  များ၏ ရပိုင်ခွင့်များကို အထောက်အကူပြုနိုင်ရန်၊ Institution များ၊  Vocational Training များ၏ အရည်အသွေးမြှင့်တင်ရန် နှင့် BDS အသစ်များ ပေါ်ထွက်လာစေရန်၊

၃။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှု

ပြည်တွင်း/ပြည်ပ ပြပွဲများတွင် ပါ၀င်ပြသနိုင်ရန် ဖိတ်ခေါ်ပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် Business Matching အခမ်းအနားများ ကျင်းပရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂျပန်နို်င်ငံရှိ JMA နှင့် JMEIC အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေး အတွက် Business Matching အခမ်းအနားများကျင်းပခြင်း၊ မြန်မာနိုင်ငံရှိ SME လုပ်ငန်းရှင်များ ဒေသအတွင်း ယှဉ်ပြိုင်နိုင်မှု စွမ်းရည်မြင့်မားလာစေရန်နှင့် စျေးကွက်ပိုမိုချဲ့ထွင်နိုင်စေရန် ရည်ရွယ်၍ Kasikornbank နှင့် ပူးပေါင်းပြီး ငွေကြေးဆိုင်ရာ SME Capacity Building Program များကိုအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိခြင်း။

How To Read 2540 times