SME CGI ချေးငွေအကြောင်း စုံစမ်းလိုလျှင်
CB Bank ဟာ ရှေးယခင်ကတည်းက ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေကို ချေးငွေ ထုတ်ချေးခဲ့ဖူးပါတယ်။ နာဂစ်ကြောင့် ဒုက္ခရောက်ကြချိန်မှာ ရရန်ရှိ အကြွေးများကို တောင်းခံခြင်း မပြုဘဲ ဆိုင်းငံ့ပေးခဲ့တဲ့အပြင် ဘဝဝမ်းကျောင်းမှုအတွက် ဆက်လက် လုပ်ကိုင်နိုင်ကြစေရန် ချေးငွေ ထပ်မံထုတ်ချေးခြင်းကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
ယခု စီမံဘဏ္ဍာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်တွင်းမှာ ရှိနေတဲ့ SME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးလိုအ်ပနေတဲ့ ဘဏ္ဍာရေး အထောက်အကူအဖြစ် ချေးငွေများ ရရှိစေရေးအတွက် ကြားဝင်ဆောင်ရွက်ပြီး SME လုပ်ငန်းများအား အာမခံပစ္စည်း တန်ဖိုးထက်ပိုမိုတဲ့ ဘဏ်ချေးငွေ ရရှိစေနိုင်ရန် ရည်ရွယချက်ဖြင့် CGI အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ CB Bank မှ တက်တက်ကြွကြွဖြင့် ပါ၀င်လုပ်ဆောင်ခဲ့ပြီး CGI အစီအစဉ်ကို အသုံးပြု၍ ချေးငွေအား စတင်နိုင်ခဲ့တဲ့ ပထမဦးဆုံး ဘဏ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချေးငွေအာမခံ (Credit Guarantee Insurance) နှင့် SME ချေးငွေ Product မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မေလ (၆)ရက်နေ့တွင် CB Bank ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို တာဝန်ရှိပုဂ္ဂိုလ်များအပြင် ကြံ့တံဆိပ် သပိတ်လုပ်ငန်းပိုင်ရှင် ဦးကျော်စိုးလည်း တက်ရောက်ခဲ့ပါတယ်။
ကြံ့တံဆိပ် သပိတ်လုပ်ငန်းပိုင်ရှင် ဦးကျော်စိုးဟာ အာမခံအပေါင်ပစ္စည်း မပါဘဲ မြန်မာ့အာမခံ၏ CGI အစီအစဉ်အရ ချေးငွေအာမခံ (Credit Guarantee Insurance) ကို လျှောက်ထားရယူပြီး ချေးငွေ ရယူခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းကို ထပ်မံ တိုးချဲ့နိုင်ဖို့ ယခုလို ချေးငွေရယူခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပထမဆုံး CGI SME ချေးငွေကို ရရှိခဲ့ပါတယ်။
မိမိအနေဖြင့် လုပ်ငန်းတိုးချဲ့ဖို့အတွက် ငွေလိုလို့ ချေးငွေဖြင့် ဖြည့်တင်းလိုသူများအနေဖြင့် CB Bank ဖုန်း 01-371150 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ လူကိုယ်တိုင် မေးမြန်းလိုပါက သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်ရှိ UFC တာဝါတွင် ဖွင့်လှစ်ထားတဲ့ CB Bank တွင် စုံစမ်းမေးမြန်းနိုင်ပါတယ်။
လျှောက်လွှာ တောင်းခံရယူခြင်း၊ လျှောက်လွှာတင်ခြင်းတို့ကိုလည်း ၎င်းနေရာတွင် လုပ်ဆောင်နိုင်ကြောင်း အထက်ဖော်ပြပါ ဖုန်း 01-371150 သို့ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါတယ်။