အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်နှင့်ပတ်သက်သောအချက်အလက်များ


02 December, 2020

အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်နှင့်ပတ်သက်သောအချက်အလက်များကို စုစည်းဖော်ပြအပ်ပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းများမှတ်ပုံတင်ပေးခြင်း

အသေးစားစက်မှုလုပ်ငန်း ဆိုသည်မှာ----
ကုန်ပစ္စည်းထုတ်လုပ်သည့်(သို့)ပြုပြင်မွမ်းမံသည့်

မြင်းကောင်ရေ(၀.၂၅)နှင့်အထက် --(၅)ကောင်အား နှင့်အောက်

အသုံးပြုသည့်အလုပ်သမား(၉)ဦးထက် မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းများ။

အလုပ်သမား(၃)ဦးနှင့်အထက်ရှိသောအိမ်တွင်းလက်မှုလုပ်ငန်းများ။

 

လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည့် တည်နေရာမှာ---

အထက်ပါလုပ်ငန်းများသည်

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊

သုဓမ္မာလမ်းမ​​ကြီး၊
မယ်လမုဘုရားအ​ကျော်၊
OSC ဆေးရုံနှင့်စိန်ပန်း​မြိုင်ရဲစခန်း​ကြား၊​
ကျောက်​​ရေတွင်းမှတ်တိုင်အနီး၊
​​မြောက်ဥက္ကလာပမြို့နယ်တွင်

လုပ်ငန်းမှတ်ပုံတင်လျှောက်ရမည်​ဖြစ်ပါသည်။

 

မှတ်ပုံတင်လာရောက်လျှောက်ထားရာတွင်လိုအပ်သောစာရွက်စာတမ်းများ


(၁)လိုင်စင်ဓါတ်ပုံcolour-(၅)ပုံ။
{၆လအတွင်းရိုက် ထားသောပုံဖြစ်ရပါမည်}

(၂)နိုင်ငံသားမှတ်ပုံတင်မိတ္တူ(၂)စောင်။

(၃)လုပ်ငန်းလုပ်ကိုင်နေသည်မှာမှန်ကန်​​ကြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး​ထောက်ခံစာမူရင်း(၁)စောင်၊မိတ္တူ(၁)စောင်။

(၄)ကုန်ကြမ်း မှ ကုန်ချောအထိလုပ်ငန်းအဆင့်ဆင့်ပြုလုပ်နေသောဓါတ်ပုံ(၅)ပုံ။
{A4စာရွက်ဖြင့်colour printထုတ်ပေးရမည်}- (၂)စုံ

(၅)အလုပ်သမားရှိပါက အလုပ်ရှင်/အလုပ်သမားသဘောတူညီစာချုပ်-အလုပ်သမား(၁)ဦးလျှင်မိတ္တူ(၂)စောင်။
{မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်သောလုပ်ငန်းဖြစ်ပါကအလုပ်သမားသ​​ဘောတူညီစာချုပ်မလိုအပ်ပါ}

(၆) လျှောက်လွှာပုံစံ(၁)သုံးစုံ
{ရုံးမှဝယ်ယူရန်}

(၇)စားသောက်ကုန် ၊လူသုံးကုန်ဖြစ်ပါက ဓါတ်ခွဲနမူနာပစ္စည်းယူခဲ့ရပါမည်။
{အခြားလုပ်ငန်းဖြစ်ပါက ဓါတ်ခွဲရန်မလိုပါ}

(၈)တိုင်းရင်းဆေးဝါးဖြစ်ပါကသက်ဆိုင်ရာတိုင်းရင်းဆေးပညာဦးစီးဌာနမှထုတ်ပေးသောလိုင်စင်နှင့်မှတ်ပုံတင်လက်မှတ်လိုအပ်ပါသည်။
စိုက်ပျိုးရေးအကျုံးဝင်သောလုပ်ငန်းဖြစ်ပါက စိုက်ပျိုးရေးနှင့်သက်ဆိုင်သောဌာနမှ ဓာတ်ခွဲစမ်းသပ်မှု အဖြေယူလာရပါမည်။
 

နိုင်ငံတော်သို့ပေးသွင်းရမည့် မှတ်ပုံတင်ကြေးနှင့် အခြားအခကြေးငွေများ
မှတ်ပုံတင်ကြေး ကျပ် ၁၀,၀၀၀
မှတ်ပုံတင်သက်တမ်းတိုးကြေး ကျပ် ၈,၀၀၀
မှတ်ပုံတင် မိတ္တူကြေး ကျပ် ၅,၀၀၀
မှတ်ပုံတင် ပြင်ဆင်ကြေး ကျပ် ၅,၀၀၀
မှတ်ပုံတင်သက်တမ်းကျော်လွန်ခြင်းအတွက် ဒဏ်ကြေး ကျပ် ၅,၀၀၀
မှတ်ပုံတင် လျှောက်လွှာကြေး ကျပ် ၁,၀၀၀

မှတ်ချက်။ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန် လုပ်ငန်းများ ဖြစ်ပါက ဓာတ်ခွဲခ ထပ်မံပေးသွင်းရပါမည်။

 

အသေးစိတ်မေးမြန်းလိုပါက
၀၁-၆၆၁၃၅၃၊

၀၁-၆၆၅၈၀၆၊

၀၉-၄၀၁၆၇၆၀၅၀

ရုံးဖွင့်ရက်၊ရုံးချိန်တွင်းဆက်သွယ်နိုင်ပါသည်။

 

ရင်းမြစ်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး

Tips Read 1283 times