Sinopec ၂၀၂၂ အသားတင်အမြတ် ကျဆင်း


02 April, 2023

Sinopec ၂၀၂၂ အသားတင်အမြတ် ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Sinopec ရရှိခဲ့သည့်  ၂၀၂၂ ခုနှစ်အတွက် အသားတင်အမြတ်သည် ၂၀၂၁ ခုနှစ်ထက် ၆.၉% လျော့နည်းခဲ့ပါသည်။

၂၀၂၂ တွင်တရုတ်ပြည်တွင်းမှာ တရုတ်အစိုးရက ကိုဗစ်သုည မူဝါဒဖြင့် တင်းကျပ်ပြင်းထန်စွာ ကိုင်တွယ်ခဲ့ခြင်းကြောင့် လောင်စာအမျိုးမျိုးနှင့် ရေနံထွက် ဓာတုပစ္စည်း အမျိုးမျိုးတို့၏ ဝယ်လိုအား ကျဆင်းခဲ့သဖြင့် အသားတင်အမြတ် လျော့နည်းခဲ့ရသည်ဟု အာရှ၏ ထိပ်တန်း ရေနံချက်စက်ရုံလုပ်ငန်းဖြစ်သော Sinopec Corp ဟုသာ လူသိများသည့် China Petroleum & Chemical Corp က ပြောကြားသည်။

Sinopec က ၂၀၂၂ ခုနှစ်တွင် အသားတင်အမြတ်ငွေမှာ ယွမ် ၆၆.၃ ဘီလီယံ (ကန်ဒေါ်လာ ၉.၆၅ ဘီလီယံ) ရရှိကြောင်း ကြေညာခဲ့ပါသည်။
၂၀၂၁ ခုနှစ်တွင် ယွမ် ၇၁.၂၁ ဘီလီယံ ရရှိခဲ့ပါသည်။

 "၂၀၂၂ ခုနှစ်တွင် အကြောင်းကြောင်းကြောင့် သဘာဝဓာတ်ငွေ့၊ ရေနံဓာတုပစ္စည်းများနှင့် သန့်စင်ပြီး ရေနံထွက်ကုန်များအတွက် တရုတ်ပြည်တွင်း ဝယ်လိုအားမှာ လျော့ကျနေခဲ့သည်" ဟု Sinopec က ပြောကြားခဲ့သည်။


Sinopec သည် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်မှာ ဓာတ်ဆီရောင်းချမှု ၁၁ ရာခိုင်နှုန်းနှင့် လေယာဉ်ဆီရောင်းချမှု ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဓာတုဖိုက်ဘာများအတွက် ရောင်းအား ၁၈.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဒီဇယ်ဆီ ရောင်းအားမှာမူ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အစိုးရက ပြည်ပတင်ပို့ရန် ခွဲတမ်း တိုးမြှင့် ပေးခဲ့သဖြင့် ဒီဇယ်ဆီ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ရောင်းအား မြင့်တက်ခဲ့သည်။
.
Source: Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 218 times