စင်ကာပူ ရိုဘော့လုပ်သားအင်အားစု ကဏ္ဍစုံမှာ သုံးစွဲမှု ပိုများလာ


31 May, 2022

စင်ကာပူ ရိုဘော့လုပ်သားအင်အားစု ကဏ္ဍစုံမှာ သုံးစွဲမှု ပိုများလာ

ကော်ဖီအဖျော်သမားမှ အရည်အသွေးစစ်ဆေးရေမှူးအထိ စင်ကာပူတွင် လုပ်သားမလုံလောက်မှုကို ဖြည့်ဆည်းရန် ရိုဘော့လုပ်သားအင်အားစုကို သုံးစွဲနေကြပါတယ်။

 

ဝန်ထမ်းရှားပါး
ကပ်ရောဂါကလာအတွင်း ဝန်ထမ်းများ ရရှိဖို့ အခက်အခဲကို ကြိုးစားရုန်းကန်ရင်ဆိုင်ကြရတဲ့ စင်ကာပူမှ လုပ်ငန်းများက အလုပ်အမျိုးမျိုး လုပ်ခိုင်းဖို့အတွက် ရိုဘော့တွေကို အသုံးချကြတာ ပိုများလာပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင် အရည်အသွေး စစ်ဆေးခြင်း၊ စာကြည့်တိုက်စာအုပ်စင်မှ စာအုပ်များကို စာရင်းကောက်ခြင်း အစရှိတဲ့ အလုပ်များအတွက် စက်ရုပ်များကို အသုံးချကြတာ ပိုမိုများပြားလာနေပါတယ်။

စင်ကာပူနိုင်ငံက ပြည်ပလုပ်သားများအပေါ် အားကိုးအားထား ပြုပါတယ်။ ဒါပေမဲ့ ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၁ စက်တင်လာလအထိ ပြည်ပလုပ်သားဦးရေ ၂၃၅,၇၀၀ လျော့ကျသွားတယ်လို့ လူအင်အားဝန်ကြီးဌာနရဲ့ အချပ်အလက်များအရ သိကြရပါတယ်။ 
COVID-19  အသွားအလာ ကန့်သတ်ချက်များကြောင့် ကုမ္ပဏီများအနေဖြင့် "နည်းပညာခံယူကျင့်သုံးခြင်းနှင့် အလိုအလျောက်လုပ်ဆောင်ခြင်း"တို့ကို တိုးချဲ့ သုံးစွဲဖို့ ခြေလှမ်းသွက်သွက် လှမ်းကြရပါတယ်။ 

 


ဆောက်လုပ်ရေး
စင်ကာပူရှိ Gammon  ဆောက်လုပ်ရေး လုပ်ငန်းရဲ့ လုပ်ငန်းခွင်မှာ "Spot" လို့အမည်ပေးထားတဲ့ ခြေ၄ချောင်း ရိုဘော့ကို သုံးစွဲကြတယ်။ 
အမေရိကန်နိုင်ငံ Boston Dynamics မှ တည်ဆောက်ပေးတဲ့ စက်ရုံဖြစ်ပြီး ၎င်း သွားလေရာတစ်လျှောက် မြေပြင်ကို မှတ်တမ်းတင်သွးမယ်။ ရွှံ့မြေနှင့် ကျောက်ခင်းနေဆဲ ဧရိယာများအတွက် အချက်အလက်များကို ဆောက်လုပ်ရေး ကုမ္ပဏီ ထိန်းချုပ်ရေးရုံးခန်းသို့ ပို့ပေးပါတယ်။ 

 


စာကြည့်တိုက်
Gammon ရဲ့ ထွေဂျာ  Michael O'Connell က ယခင် လူဖြင့်လုပ်ကိုင်ခဲ့စဉ်က လူ ၂ဦးဖြင့် တိုင်းတာ မှတ်သားခဲ့ရကြောင်း၊ ယခု Spot ရိုဘော့ သုံးစွဲသည့်အခါ  ဝန်ထမ်း ၁ ဦးသာ လိုအပ်ကြောင်း ပြောကြားပါတယ်။
စင်ကာပူရဲ့ အမျိုးသား စာကြည့်တိုက်မှာလည်း ရိုဘော့ကို သုံးစွဲပါတယ်။ စာဖတ် မှတ်သားနိုင်စွမ်းရှိတဲ့ ရိုဘော့ နှစ်ခု သုံးစွဲပါတယ်။ တစ်ရက်လျှင် စာအုပ် ၁၀၀,၀၀၀ ပေါ်မှ လေဘယ်များကို ဖတ်ရှုမှတ်သားပေးနိုင်ပါတယ်။ 

 

 

 

ကော်ဖီဆိုင်
ရိုဘော့တွေကို လာဝယ်သူတွေနှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်ရတဲ့ နေရာမှာလည်း သုံးပါတယ်။ ကော်ဖီအရောင်းဆိုင်ပေါင်း ၃၀ ကျော်မှာ ရိုဘော့တွေက ကော်ဖီ ဖျော်ပေး၊ ရောင်းပေးပါတယ်။ 
ရိုဘော့ကော်ဖီအဖျော်သမား "Ella" ကို Crown Digital က ဒီဇိုင်းထုတ်ပေးပါတယ်။ ဖျော်ပေးစေလိုတဲ့ ကော်ဖီအမျိုးအစားအတိုင်း သူ့ဘာသာသူ ဖျော်ပေးနိုင်စွမ်းရှိပါတယ်။

 

ဟိုတယ်သုံး သန့်ရှင်းရေး ရိုဘော့
စင်ကာပူမှ Coliwoo ဟိုတယ်များကို လုပ်ကိုင်တဲ့  LHN group က ဟိုတယ်အတွင်း သန့်ရှင်းရေးအတွက် သန့်ရှင်းရေး ရိုဘော့ ကို သုံးစွဲပါတယ်။ 

LHN group က ဟိုတယ်ပရဝုဏ်အတွင်း ခြင်းများကို ကင်းလှည့်ပြီး လိုက်ဖမ်းပေးတဲ့ ခြင်ဖမ်းစက်ရုပ်တွေကိုလည်း ၎င်းရဲ့ Coliwoo  ဟိုတယ်များမှာ အသုံးပြုပါတယ်။ 

 

 

 

ရိုဘော့လုပ်သား အချိုးအစား 
စင်ကာပူမှ ရိုဘော့လုပ်သားအင်အားစု အချိူအစားကို ကြည့်လျှင် ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ လူလုပ်သားဦးရေ ၁၀,၀၀၀ လျှင် ရိုဘော့လုပ်သားခုရေ ၆၀၅ ခု ရှိပါတယ်။ 
ကမ္ဘာမှာ ရိုဘော့လုပ်သား အင်အားစု အချိုးအစား အမြင့်မားဆုံးနိုင်ငံက တောင်ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။ International Federation of Robotics ရဲ့ ၂၀၂၁ အစီရင်ခံစာအရ တောင်ကိုရီးယားမှာ လူလုပ်သားဦးရေ ၁၀,၀၀၀ လျှင် ရိုဘော့လုပ်သားခုရေ ၉၃၂ ခု ရှိပါတယ်။ 

#MyanmarIndustryGuide

 

 

How To Read 1113 times