စင်ကာပူတွင် e-Pass စတင်သုံးစွဲ


13 March, 2022

စင်ကာပူတွင် e-Pass စတင်သုံးစွဲ


ဧည့်ခရီးသည်များသည် ၎င်းတို့၏ e-Pass ကို   လူဝင်မှုကြီးကြပ်ရေးမှ ဝင်ခွင့်ပြုပြီးသည်အခါ e-mail ဖြင့် လက်ခံရရှိမည် ဖြစ်သည်။
ရက်ပိုင်းနေထိုင်ခြင်းအတွက် ယခင်က နိုင်ငံကူးလက်မှတ်ပေါ်တွင် ဗီဇာတံဆိပ်တုံး ထုပေးခြင်းအစား e-Pass ကိုသာ သုံးစွဲခြင်း ဖြစ်ပါသည်။
 ၂၀၂၂ မတ်လ ၁၁ ရက်မှစ၍ စင်ကာပူနိုင်ငံတွင် ရက်ပိုင်းသာ နေထိုင်ရန်  ဝင်ရောက်လာသော နိုင်ငံခြားသားများ အားလုံးတို့သည် e-Pass (electronic visit pass) ကိုသာ ပေးအပ်ပြီး နိုင်ငံကူးလက်မှတ်စာအုပ်ပေါ်တွင် လက်ဖြင့် တံဆိပ်တုံး ထုပေးခြင်း မပြုတော့ချေ။
 
e-Pass များကို ၂၀၃၁ အောက်တိုဘာလတွင် ချန်ဂီလေဆိပ်မှာ စတင်ကျင့်သုံးခဲ့သည်။ မတ်လ ၁၁ ရက်မှစ၍ checkpoint အကုန်လုံးတွင် စတင်ကျင့်သုံးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် Checkpoints Authority (ICA) တို့က အသိပေး  ကြေညာပါသည်။

e-Passes ကို e-mail ဖြင့် ပို့ပေးမည်ဖြစ်ရာ အကယ်၍ ဧည့်ခရီးသည်တွင် e-mail မရှိလျှင် ဖြစ်စေ၊ e-mail ရှိသော်လည်း မသုံးတတ်လျှင် ဖြစ်စေ အခြားမိသားစုဝင် တစ်ဦးဦး၏ e-mail ကို အစားထိုး ကိုယ်စား အဖြစ် အသုံးပြုနိုင်ပါသည်။
e-Pass တွင် အများဆုံး နေထိုင်ခွင့် ရသည့် ရက်ကာလ၊ စင်ကာပူမှ နောက်ဆုံးထား ထွက်ခွာရမည့်ရက် အစရှိသည့် အသေးစိတ်အချက်အလက်များကို ဖော်ပြပေးထားသည်။

ယခုလို တံဆိပ်တုံး မထုတော့သည့်အတွက် နိုင်ငံကူးလက်မှတ်စာအုပ်တွင် စာမျက်နှာ ကုန်ဆုံးခြင်း သက်သာသွားစေပါသည်။

ယခင် ရက်ပိုင်းလာရောက်စဉ် ရရှိခဲ့သည့် e-Pass အဟောင်းများမှတ်တမ်းကို e-Pass Enquiry Portal တွင် အွန်လိုင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး
disembarkation/embarkation (DE) number ရိုက်ထည့်ပြီး ရှာခိုင်းရမည် ဖြစ်ပါသည်။

Global News Read 485 times