စင်ကာပူ အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်းများ ဖော်မြူလာ ပြောင်းလဲ၊ အာဟာရ အဆင့် တံဆိပ်ကပ်


10 December, 2022

စင်ကာပူ အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်းများ ဖော်မြူလာ ပြောင်းလဲ၊ အာဟာရ အဆင့် တံဆိပ်ကပ်


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူတွင် အချိုရည်ထုတ်လုပ်သူ အများအပြားသည် သကြားနှင့် ပြည့်ဝဆီများကို လျှော့ချပစ်ရန် ၎င်းတို့၏ ဖျော်စပ်ပုံ ဖော်မြူလာများကို ပြောင်းလဲခဲ့ကြသည်။

ထို့ပြင် နှစ်ကုန်နောက်ဆုံးထား၍ လုပ်ဆောင်ကြရန် ညွှန်ကြားချက်အရ ၎င်းတို့၏ အချိုရည်ဘူးများပေါ်တွင် အာဟာရတံဆိပ်များကို ဖော်ပြကြသည်။ 

 

၂၀၂၂ ဒီဇင်ဘာ ၃၀ မှစတင်၍ သကြားနှင့်ပြည့်ဝဆီပါဝင်မှုမြင့်မားသောအချိုရည်များကိုကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်တွင်ကြေငြာထားသော ညွှန်ကြားချက်များအရ  အာဟာရအဆင့် Nutri-Grade အမှတ်အသားဖြင့်တံဆိပ်ကပ်ကြရမည် ဖြစ်သည်။ 

 

 

၎င်းအမှတ်အသားတွင် အေမှ ဒီအထိ အဆင့် ၄ ဆင့်အနက် မည်သည့်အဆင့်ဖြစ်ကြောင်း ဖော်ပြရမည် ဖြစ်ပါသည်။ "D" အဆင့်သည့် ကျန်းမာရေးနှင့် မညီညွှတ်ဆုံး အဆင့် ဖြစ်ပါသည်။

၎င်းအမှတ်အသား ဖော်ပြရမည့် ဖျော်ရည်များတွင် သစ်သီးဖျော်ရည်၊ အချိုရည်၊ ဖျော်ရည်၊ဖျော်ရည်အသင့်ဖျော်အမှုန့်၊ နို့နှင့် ဒိန်ချဉ်အချိုရည် စသည်တို့ ပါဝင်ပါသည်။

 

ကျန်းမာရေးနှင့် မညီညွတ်သော အဆင့် C နှင့် D အဆင့်သတ်မှတ်ထားသော အဖျော်ယမကာများသည် ဘူးခွံ သို့မဟုတ် ထုပ်ပိုးပစ္စည်းပေါ်တွင် Nutri-Grade တံဆိပ် မဖြစ်မနေ ပါရမည်၊

D အဆင့် အဖျော်ယမကာများကို မည်သည့် မီဒီယာပလက်ဖောင်းမှာမှ ကြော်ငြာခြင်း မပြုရန် တားမြစ်ထားပါသည်။ 

 

အဆင့် B ဖျော်ရည်  100ml တွင် သကြား 1g မှ 5g ကြား သို့မဟုတ် 100ml တွင် saturated fat 0.7g မှ 1.2g ကြား ပါဝင်သည်။

 

အဆင့် C ဖျော်ရည် 100ml တွင် သကြား 5g နှင့် 10g အကြား၊ သို့မဟုတ် 100ml တွင် saturated fat 1.2g မှ 2.8g ကြားရှိသည်။

 

တံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းမျဉ်းအသစ်များ ပြဋ္ဌာန်းခြင်းသည် လူအများတို့အား ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ ဆင်ဆင်ခြင်ခြင်ဖြင့် ရှောင်ကြဉ်သည့်အခါ ဖျော်ရည်၏ အကျိုးအကြောင်းကို သိစေရန်အတွက် ဖြစ်သည်။  ဆီးချိုရောဂါကဲ့သို့သော ရောဂါများကို ကာကွယ်နိုင်စေမည် ဖြစ်သည်။

 

စူပါမားကတ်စင်တစ်ခုမှာ တွေ့ရသော Nutri-Grade တံဆိပ်ပါသော အဖျော်ယမကာများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Yeo ၏စျေးကွက်ရှာဖွေရေးအရာရှိချုပ် Ang Chong Lee မှ အဖျော်ယမကာ ရောစပ်ပုံ ဖော်မြူလာကို ပြန်လည်ပြုပြင်ခြင်းသည် ငွေကုန်ကြေးကျများသည့်အပြင် အချိန်လည်း ပေးရသည့် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ရာတွင် ကုမ္ပဏီသည် ထုတ်ကုန်များ၏ အရသာ၊ အာဟာရအစုစုပါဝင်နေပုံ၊၊ သကြားပါဝင်မှုနှင့် စားသုံးသူများ၏ လိုလားချက်တို့ကို ထုတ်ကုန်များတွင် ပြန်လည်သုံးသပ်ခြင်းဖြင့် စတင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

"ဆေးဖက်ဝင်အပင်များဖြင့် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုမှ သကြားကို ဖယ်ထုတ်လိုက်တဲ့အတွက်  အရသာကို ထိခိုက်မှုမဖြစ်စေဖို့ နောက်ထပ်ဆေးဘက်ဝင်အပင်များ ထပ်ထည့်ပေးပြီး အစားထိုးရပါတယ်" ဟု Mr Ang က ပြောကြားသည်။

 

ဤအဆင့်၌ ထည့်သွင်းစဉ်းစားရမည့်အချက်များတွင် ကုန်ကျစရိတ်၊ ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှုအကဲဖြတ်မှုတို့ ပါဝင်မည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

Haus Brew လက်ဖက်ရည်ဘူး အမျိုးမျိုး ထုတ်လုပ်သည့် Gourmet Supplies သည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုများ ပြုလုပ်ပြီး ၎င်း၏ထုတ်ကုန်များကို စည်းမျဉ်းအသစ်နှင့်အညီ ပြန်လည် တံဆိပ်အသစ်ကပ်ရန် ငွေကြေး ဒေါ်လာ ၅၀,၀၀၀ ခန့်နှင့် အချိန် ခြောက်လခန့် သုံးစွဲခဲ့သည်။ ၎င်း၏ ထုတ်ကုန် ၁၆ ခုအနက် ၆ ခုသည် B အဆင့်သတ်မှတ်ထားပြီး ကျန်သည့်ထုတ်ကုန်များသည် C အဆင့် ရှိသည်။

 

"Nutri-Grade အမှတ်အသားပါသော အသစ်ပြန်လည်ဆန်းသစ်ထားသော ပုလင်းအညွှန်းများဖြင့် ရောင်းချခဲ့တာ ရောင်းအား ၂၀ ရာခိုင်နှုန်းနီးပါး တိုးလာပါတယ်။ သုံးစွဲသူများထံမှ အပြုသဘောဆောင်သော တုံ့ပြန်မှုများကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ စားသုံးသူများ ပစ္စည်းအကြောင်း ပိုသိတဲ့ ရွေးချယ်မှုကို ပြုနိုင်စေတဲ့ ရလဒ် ဖြစ်ပါတယ်" ဟု မန်နေဂျင်းဒါရိုက်တာ Mr Tan Kok Ting က ပြောကြားသည်။

 

သကြားလျှော့ထားသည့် ရောစပ်ပုံ ဖော်မြူလာအသစ်ဖြင့် ထုတ်လုပ်ပြီးသောအခါ စားသုံးသူတို့၏ တုံ့ပြန်မှုများကို စမ်းသပ်ကြရသည်။ လိုအပ်ပါက ရောစပ်ပုံ ဖော်မြူလာကို ချိန်ညှိပေးကြသည်။ 

Yeo ၏ထုတ်ကုန်များသည် နောက်နှစ် ၂၀၂၃ မှ စ၍ A နှင့် B အဆင့်များတွင် ရှိလိမ့်မည်ဟု Yeo ၏စျေးကွက်ရှာဖွေရေးအရာရှိချုပ် Ang Chong Lee က ပြောကြားသည်။

အချိုရည်ထုတ်လုပ်သူ Asia Farm က ၎င်း၏ထုတ်ကုန်များ၏ ၅၈ ရာခိုင်နှုန်းသည် ၂၀၂၂ ခုနှစ်တွင် C သို့မဟုတ် D အဆင့် ဖြစ်သည်ဟု ပြောကြားသည်။၂၀၁၈ခုနှစ် တွင် ၉၀% အထိ ရှိခဲ့ရာမှ လျော့ကျခြင်း ဖြစ်သည်။

Asia Farm သည် စားသောက်ဆိုင်များနှင့် စားသောက်ကုန်များထံ ဖျော်ရည်အပျစ်များကို အဓိကထား ပံ့ပိုးပေးသည့် ကုမ္ပဏီဖြစ်ပြီး စားသုံးသူများသည် ကျန်းမာရေးကို ပိုဂရုစိုက်လာသည့်အတွက် သကြားလျှော့ထားသည်ကုိ ရွေးချယ်မှုများ ပိုများလာပြီး သကြားလျှော့ထားသည်ကို တောင်းဆိုလာကြသည်ဟု Asia Farm က ပြောကြားသည်။ 

Asia Farm မှ မန်နေဂျာ Wong Loke Hsien က ထုတ်ကုန်အချို့အတွက် သကြားကို ဖယ်ရှားရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ဖျော်ရည်ပျစ်အချို့သည် ကျန်းမာရေးနှင့် မညီညွှတ်ဆုံး အဆင့် ဖြစ်သည့် D အဆင့်မှာ ဆက်ရှိနေမည် ဖြစ်သည်။

"ပါးစပ်အရသာ ကောင်းစေဖို့အတွက် လတ်ဆတ်တဲ့ သစ်သီး ညှစ်ရည်ကို ကျွန်တော်တို့ သုံးတယ်၊ ဒါကြောင့် သစ်သီးရည်မှာ ပါတဲ့ အက်စစ် အချဉ်ဓာတ်ကို ထိန်းညှိဖို့အတွက် သကြားပိုထည့်ပေးဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။ ဖျော်ရည်အပျစ်ကို ရေထည့်ပြီး ဖျော်သည့်အခါ အချိုပြင်းအား လျော့ကျသွားသည်ကို ကာမိအောင် သကြားပိုထည့်ပေးရခြင်းဖြစ်သည်။

 

 

 

 

အချိုရည်ထုတ်လုပ်သူ Pokka Singapore က ၎င်း၏ထုတ်ကုန်များ၏ ထက်ဝက်ကျော်သည် A နှင့် B အဆင့်သတ်မှတ်ထားကြောင်း ပြောကြားပါသည်။

Nutri-Grade တံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းမျဉ်းပြဋ္ဌာန်းချက်အသစ်ကို မလိုက်နာပါက ဒေါ်လာ ၁,၀၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။

ဒုတိယအကြိမ် သို့မဟုတ် နှစ်ကြိမ်အထက် လိုက်နာရန်ပျက်ကွက်ကြောင်း ထင်ရှားစီရင်ခြင်းခံရပါက ဒဏ်ငွေ ဒေါ်လာ ၂၀၀၀ အထိ ချမှတ်နိုင်သည်။

Source straittimes 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

How To Laws and Regulations Read 3878 times