သန်းကြွယ်သူဌေး၂၅၀,၀၀၀ နီးပါးဖြင့် စင်ကာပူ သည်၂၀၂၂ တွင် ကမ္ဘာ့ ပဉ္စမ‌မြောက် အချမ်းသာဆုံးမြို့ဖြစ်လာ


24 September, 2022

သန်းကြွယ်သူဌေး၂၅၀,၀၀၀ နီးပါးဖြင့် စင်ကာပူ သည်၂၀၂၂ တွင် ကမ္ဘာ့ ပဉ္စမ‌မြောက် အချမ်းသာဆုံးမြို့ဖြစ်လာ


စင်ကာပူသည် သန်းကြွယ်သူဌေးဦးရေ ၂၅၀,၀၀၀ နီးပါးဖြင့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ ပဉ္စမ‌မြောက် အချမ်းသာဆုံးမြို့ဖြစ်လာပါသည်။

စင်ကာပူသည် အသားတင်တန်ဖိုး မြင့်မားသည့်သူများအတွက် လူကြိုက်များသောနေရာတစ်ခုလည်း ဖြစ်ပါသည်။

သန်းကြွယ်သူဌေး ဦးရေ ၂၄၉,၈၀၀ ဖြင့် စင်ကာပူသည် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အချမ်းသာဆုံးမြို့ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Henley & Partners ၏ အဆိုအရ သိရသည်။

ကမ္ဘာပေါ်တွင် ဒုတိယအချမ်းသာဆုံးမြို့တိုကျိုထက် သန်းရာကျော် သန်းကြွယ်သူဌေးများ (centi-millionaires)နှင့် ဘီလျံနာများ စင်ကာပူတွင် ပိုများသည်။
စင်ကာပူတွင် သန်းရာကျော် သန်းကြွယ်သူဌေး ၃၃၆ ဦးနှင့် ဘီလျံနာ ၂၆ ဦး ရှိပါသည်။

စင်ကာပူသည် အာရှတွင် ဒုတိယအကြီးဆုံး "သန်းကြွယ်သူဌေးအိုအေစစ်" ဖြစ်ပါသည်။ 
အာရှတွင် ပထမအကြီးဆုံး "သန်းကြွယ်သူဌေးအိုအေစစ်"မှာ တိုကျို ဖြစ်ပြီး သန်းကြွယ်သူဌေး ၃၀၄,၉၀၀ ဦး ရှိပါသည်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် ဒုတိယအချမ်းသာဆုံးမြို့ဖြစ်ပါသည်။ 
သို့သော် တိုကျိုတွင် သန်းရာကျော် သန်းကြွယ်သူဌေး ၂၆၃ ဦးနှင့် ဘီလျံနာ ၁၂ ဦးသာ ရှိသဖြင့် စင်ကာပူထက် နည်းပါသည်။

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးမြို့ဖြစ်သည့် နယူးယောက်စီတီးတွင် သန်းကြွယ်သူဌေးပေါင်း ၃၄၅,၆၀၀ ဦး ရှိပြီး သန်းရာကျော် သန်းကြွယ်သူဌေး ၇၃၇ ဦးနှင့် ဘီလျံနာ ၅၉ ဦး ပါဝင်ပါသည်။
Henley & Partners က စင်ကာပူသည် ကမ္ဘာတစ်ဝှမ်းတွင် စီးပွားရေးလုပ်ကိုင်ရန် အသင့်တော်ဆုံးမြို့အဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံရကြောင်း မှတ်ချက်ပြုပါသည်။ သန်းကြွယ်သူဌေးများ ပြောင်းရွှေ့နေထိုင်ရန်အတွက် ထိပ်တန်းနေရာများထဲမှ တစ်ခုဖြစ်ပါသည်။

စင်ကာပူသည် ၂၀၂၂ ခုနှစ်အတွက် အသားတင်တန်ဖိုးမြင့်မားသူ (High Net Worth -HNW)  ၂,၈၀၀ ဦး ခန့် ထပ်မံရရှိရန် မျှော်လင့်ထားသည်။
အသားတက်တန်ဖိုး မြင့်မားသူ ပြောင်းရွှေ့နေထိုင်မှုတွင် ဩစတေးလျသည် ၃,၅၀၀ ဦးဖြင့် ပထမ နေရာတွင် ရှိနေပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သည် ၄,၀၀၀ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေပါသည်။ စင်ကာပူသည် တတိယနေရာတွင် ရှိနေပါသည်။
Source mothership
#MyanmarIndustriesGuide 
To join Telegram Channel  https://t.me/Guid4U

Global News Read 18842 times