စင်ကာပူ ဗဟိုဘဏ် ၂၀၀၀ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ရွှေဖြည့်တင်း


01 December, 2021

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ရွှေဝယ်ယူဖြည့်တင်းခြင်း မပြုခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်သော စင်ကာပူ ဗဟိုဘဏ်သည် အရန်ရွှေ ထားရှိသည့် တန်ချိန်ကို ယခုနှစ်တွင် ၂၀% တိုးမြှင့်လိုက်ပါသည်။

ရွှေဝယ်ယူခြင်းကို ယခုနှစ် ၂၀၂၁ မေလနှင့် ဇွန်လအတွင်း လုပ်ဆောင်ခဲ့သည်။ စင်ကာပူ ငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS)၏ International Reserves and Foreign Currency Liquidity အစီရင်ခံစာပါ အချက်အလက်များအရ စုစုပေါင်း တန်ချိန် ၂၆.၃၅ ဝယ်ယူခဲ့ပါသည်။

ယခုအခါ အရန်ရွှေထားရှိသည့် ပမာဏသည် တန်ချိန် ၁၅၃.၇၆ ရှိပြီ ဖြစ်သည်။

ရွှေဝယ်ယူသည်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ International Monetary Fund (IMF) မှ ထုတ်ပြန်သည့် လစဉ် အချက်အလက်များအရ သိကြရသည်။ IMF မှ အချက်အလက်များအရ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အရန်ရွှေပမာဏ ထပ်တိုးခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။

စင်ကာပူ ဗဟိုဘဏ်က မည်မျှကုန်ကျသည်ကို မသိရပေ။ သို့သော် ပေါက်ဈေးအရ တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံဝန်းကျင် ကုန်ကျမည်ဟု ခန့်မှန်းကြသည်။

ရွှေဝယ်ယူကြောင်းကို ကမ္ဘာ့ရွှေကောင်စီ World Gold Council မှ အကြီးတန်းဆန်းစစ်သူ Krishan Gopaul က Twitter တွင် 

"ဟောဒီမှာ IMF စာရင်းအင်းမှာ စိတ်ဝင်စားစရာ တစ်စုံတစ်ရာ။ စင်ကာပူ ငွေကြေး အာဏာပိုင်က ရွှေ ၂၆ တန်ကို သူ့အရန်ရွှေမှာ မေနဲ့ ဇွန် ၂၀၂၁ မှာ ထပ်ထည့်ခဲ့တယ်။ အနည်းဆုံး ၂၀၀၀ ပြည့်နှစ် ကစလို့ ပထမဆုံး ရွှေဝယ်ခြင်း ဖြစ်ပြီး (အိုင်ယာလန်နည်းတူ) ဖွင့်ဖြိုးပြီးဈေးကွက်တစ်ခုရဲ့ ဗဟိုဘဏ်က ဝယ်ယူတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်"

 ဟု တင်ပြခဲ့ပါသည်။

 

 

Banking & Loan Read 1481 times